Premier League

ဇန်နဝါရီမှာ မက်ဆီကို သန်း ၅၀ နဲ့ အရခေါ်ယူသွားဖို့ မန်စီးတီး ကြံစည်နေ

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက လီယွန်နယ်လ် မက်ဆီကို ခေါ်ယူဖို့ အချိန်ပြည့် ဆက်သွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့နောက် လာမယ့် ဇန်နဝါရီမှာ သန်း ၅၀ နဲ့ အရခေါ်ယူသွားဖို့ ကြံစည်နေတယ်လို့ သိရပြီး အကြွေးတွေနဲ့ နစ်နေတဲ့ ဘာစီလိုနာမှာ မပျော်မရွှင်ဖြစ်နေတဲ့ မက်ဆီဟာ ပရီးမီယားလိဂ်ချန်ပီယံဟောင်း အသင်းထံ ပြောင်းရွှေ့လာဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ကတည်းက အသင်းကနေ ထွက်ခွာဖို့ ဖိအားပေးခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ၆၂၅ သန်း တောင်းဆိုမှုကြောင့် ပြောင်းရွှေ့မှုအစီအစဥ်တွေ ပျက်ပြယ်ပြီး ဘာစီလိုနာအသင်းမှာ ဆက်နေခဲ့ရတာပါ။

မက်ဆီကို လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် မန်စီးတီးအသင်းက ဇန်နဝါရီမှာတင် အပြီးသတ် ပေါင်သန်း ၅၀ နဲ့ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ မက်ဆီကို လက်ရှိမှာ တနှစ်ကို ပေါင် ၂၆ သန်း ပေးချေနေရတာဖြစ်ပြီး ပေါင် သန်း ၄၄၀ ရှိတဲ့ အကြွေးနွံထဲ နစ်နေတဲ့ အသင်းရဲ့ ဘဏ္ဍာရေးပိုင်း အကျပ်အတည်းကို ဖြေရှင်းသွားရဖွယ်ရှိနေတာကြောင့် မက်ဆီကို ရောင်းထုတ်ဖို့ စဥ်းစားနေရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအနေနဲ့ အသင်းရဲ့ စုစုပေါင်းဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို အသင်းသားတွေရဲ့ လခအနေနဲ့ ပေးချေနေရတာကြောင့် ဝိတ်လျှော့သွားဖို့ စီမံနေတာဖြစ်ပြီး ဂွာဒီယိုလာရဲ့ စိတ်ကြိုက်အဖြစ်ဆုံး ကစားသမား မက်ဆီဟာ မန်စီးတီးနဲ့ ပူးပေါင်းသွားဖို့ ရှိနေတာပါ။

ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆိုထားတဲ့ မက်ဆီကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာထက်စာရင် ဇန်နဝါရီမှာ ပေါင်သန်း ၅၀ နဲ့ ရောင်းချတာက အသင်းအနေနဲ့ အကျိုးအမြတ်တခု ဖြစ်လာမှာဖြစ်သလို မက်ဆီအနေနဲ့ ဇန်နဝါရီမှာ မန်စီးတီးကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် ချန်ပီယံလိဂ်ကို ဆက်လက်ကစားခွင့်ရနေမှာ ဖြစ်တဲ့အပြင် ဆရာဟောင်း ပပ်ဂွာဒီယိုလာ နဲ့အတူ အာဂျင်တိုင်းအသင်းဖော် အဂွေရိုနဲ့လည်း ပေါင်းစည်းဖြစ်ဖို့ ရှိနေတာကြောင့် မက်ဆီအနေနဲ့ မန်စီးတီးကို အပြောင်းအရွှေ့ဖြစ်လာဖို့ အတော်လေး နီးနီးစပ်စပ် ရှိနေတာကို တွေ့ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက လီယြန္နယ္လ္ မက္ဆီကို ေခၚယူဖို႔ အခ်ိန္ျပည့္ ဆက္သြယ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တဲ့ေနာက္ လာမယ့္ ဇန္နဝါရီမွာ သန္း ၅၀ နဲ႕ အရေခၚယူသြားဖို႔ ႀကံစည္ေနတယ္လို႔ သိရၿပီး အေႂကြးေတြနဲ႕ နစ္ေနတဲ့ ဘာစီလိုနာမွာ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ မက္ဆီဟာ ပရီးမီယားလိဂ္ခ်န္ပီယံေဟာင္း အသင္းထံ ေျပာင္းေ႐ႊ႕လာဖြယ္ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ႏြေ အေျပာင္းအေ႐ႊ႕ကတည္းက အသင္းကေန ထြက္ခြာဖို႔ ဖိအားေပးခဲ့တဲ့ မက္ဆီဟာ ဘာစီလိုနာအသင္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး ၆၂၅ သန္း ေတာင္းဆိုမႈေၾကာင့္ ေျပာင္းေ႐ႊ႕မႈအစီအစဥ္ေတြ ပ်က္ျပယ္ၿပီး ဘာစီလိုနာအသင္းမွာ ဆက္ေနခဲ့ရတာပါ။

မက္ဆီကို လာမယ့္ ႏြေရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူနိုင္မွာ ျဖစ္ေပမယ့္ မန္စီးတီးအသင္းက ဇန္နဝါရီမွာတင္ အၿပီးသတ္ ေပါင္သန္း ၅၀ နဲ႕ ေခၚယူလိုေနတာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ မက္ဆီကို လက္ရွိမွာ တႏွစ္ကို ေပါင္ ၂၆ သန္း ေပးေခ်ေနရတာျဖစ္ၿပီး ေပါင္ သန္း ၄၄၀ ရွိတဲ့ အေႂကြးႏြံထဲ နစ္ေနတဲ့ အသင္းရဲ႕ ဘ႑ာေရးပိုင္း အက်ပ္အတည္းကို ေျဖရွင္းသြားရဖြယ္ရွိေနတာေၾကာင့္ မက္ဆီကို ေရာင္းထုတ္ဖို႔ စဥ္းစားေနရတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ဘာစီလိုနာအေနနဲ႕ အသင္းရဲ႕ စုစုေပါင္းဝင္ေငြရဲ႕ ၈၀ ရာခိုင္ႏႈန္းကို အသင္းသားေတြရဲ႕ လခအေနနဲ႕ ေပးေခ်ေနရတာေၾကာင့္ ဝိတ္ေလွ်ာ့သြားဖို႔ စီမံေနတာျဖစ္ၿပီး ဂြာဒီယိုလာရဲ႕ စိတ္ႀကိဳက္အျဖစ္ဆုံး ကစားသမား မက္ဆီဟာ မန္စီးတီးနဲ႕ ပူးေပါင္းသြားဖို႔ ရွိေနတာပါ။

ဘာစီလိုနာအသင္းနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းဆိုထားတဲ့ မက္ဆီကို ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္လႊတ္ရမွာထက္စာရင္ ဇန္နဝါရီမွာ ေပါင္သန္း ၅၀ နဲ႕ ေရာင္းခ်တာက အသင္းအေနနဲ႕ အက်ိဳးအျမတ္တခု ျဖစ္လာမွာျဖစ္သလို မက္ဆီအေနနဲ႕ ဇန္နဝါရီမွာ မန္စီးတီးကို ေျပာင္းေ႐ႊ႕ျဖစ္ခဲ့ရင္ ခ်န္ပီယံလိဂ္ကို ဆက္လက္ကစားခြင့္ရေနမွာ ျဖစ္တဲ့အျပင္ ဆရာေဟာင္း ပပ္ဂြာဒီယိုလာ နဲ႕အတူ အာဂ်င္တိုင္းအသင္းေဖာ္ အေဂြရိုနဲ႕လည္း ေပါင္းစည္းျဖစ္ဖို႔ ရွိေနတာေၾကာင့္ မက္ဆီအေနနဲ႕ မန္စီးတီးကို အေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔ အေတာ္ေလး နီးနီးစပ္စပ္ ရွိေနတာကို ေတြ႕ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.