Premier League

ဟန်ဒါဆန်ကြောင့် မြွေပူရာကင်းမှောင့်ဖြစ်သွားရတဲ့ လီဗာပူးလ်ကို စာနာကြောင်းပြောပြီး ပက်ပ်နဲ့ ကလော့ပ်ကို ထောက်ခံသွားတဲ့ ဆောက်ဂိတ်

ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်နဲ့ အင်္ဂလန်အသင်းကစားသမား ဂျော်ဒန် ဟန်ဒါဆန်ဟာ ဒဏ်ရာရရှိသွားခဲ့လို့ ပွဲချိန်တဝက်မှာပဲ လူစားလဲခဲ့ရသလို သူ့ရဲ့ ဒဏ်ရာ အခြေအနေကို စစ်ဆေးဖို့ ကလပ်အသင်းထံ ပြန်လည်စေလွှတ်ခဲ့ရပြီဖြစ်တယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အသိပေးလာခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ ကြွက်သားဒဏ်ရာကို ခံစားခံရဆဲဖြစ်ပြီး ဒဏ်ရာပြင်းထန်မှု အတိအကျကိုတော့ လီဗာပူးလ်အသင်းက ထုတ်ပြန်ပေးသွားလိမ့်မယ်လို့ ဆောက်ဂိတ်က ဆိုခဲ့ပြီး ဒဏ်ရာကြောင့် မသိရှိရသေးတဲ့ အခြေအနေပါ။ ဟန်ဒါဆန်ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ဟန်ဒါဆန် နဲ့ နည်းပြကလော့ပ်တို့ကို ကိုယ်ချင်းစာမိကြောင်းနဲ့ လီဗာပူးလ်အသင်းနဲ့ ဆက်ဆံရေးအကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

” ဟန်ဒါဆန် ကလပ်အသင်းဆီ ပြန်သွားပါပြီ။ ဒဏ်ရာကို စစ်ဆေးဖို့ လိုလို့ပါ။ အိုက်စလန်နဲ့ပွဲ သူ မပါနိုင်ပါဘူး။ လီဗာပူးလ်အသင်းကသာ ဒဏ်ရာအခြေအနေကို ပြောပြတာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ကလပ်အသင်းတိုင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေပါတယ်။ သူတို့ရဲ့ ကစားသမားတွေကို နိုင်ငံအသင်းအတွက် ခေါ်သုံးရတာဖြစ်လို့ ဘယ်တော့မှ ဒဏ်ရာ အနာတရဖြစ်ပြီး ပြန်မလွှတ်ချင်ပါဘူး။ ဒီကိစ္စက အဆိုးရွားဆုံးပါပဲ။

” ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားတယောက်ဖြစ်လို့ ကစားသမားတယောက်ဟာ ဘယ်တော့ ဒဏ်ရာမရချင်ဘူးဆိုတာ သိပါတယ်။ ပွဲတွေ လွဲချော်ရတာ ဘယ်လောက်ခံစားရခက်လဲ ဆိုတာ ကောင်းကောင်း နားလည်ပါတယ်။ အသင်းမန်နေဂျာတယောက်အနေနဲ့လည်း မန်နေဂျာတွေကို ကိုယ်ချင်းစာပါတယ်”

ဆောက်ဂိတ်က သူ့အနေနဲ့ အထူးသဖြင့် အသင်းကြီးတွေ ရင်ဆိုင်နေရတဲ့ ပွဲဆက်များမှုကြောင့် ဒဏ်ရာတွေ ဖြစ်ပေါ်နေတာကိုလည်း သတိပြုမိပြီး ကစားသမားတွေကို ငါးယောက်အထိလဲပြီး အနားပေးဖို့ဟာ ကြီးမားတဲ့ လိုအပ်ချက်ဖြစ်ကြောင်းနဲ့ ယာဂန် ကလော့ပ်၊ ဂွါဒီယိုလာတို့ ဆောင်ရွက်နေတဲ့ ကစားသမားတွေကို ကာကွယ်ပေးရေး အစီအစဉ်ကိုလည်း ထောက်ခံခဲ့သူဖြစ်ပါတယ်။

“ဒါကြောင့် ဒဏ်ရာတွေမဖြစ်အောင် အတတ်နိုင်ဆုံး ဂရုစိုက်ပါတယ်။ ဥရောပပွဲတွေ ကစားထားရတဲ့ ကစားသမားတွေကို အနားပေးသင့်တန် ပေးပါတယ်။ လေ့ကျင့်မှုအစီအစဉ်လည်း အများကြီးမခိုင်းပါဘူး။ ပြီးတော့ ကျွန်တော်တို့ အင်္ဂလန်အသင်းအနေနဲ့လည်း ရှိနေတဲ့သူတွေထဲက အတောင့်တင်းဆုံး လူစာရင်းကို ရွေးချယ်ပြီး အသင်းကို တည်ဆောက်ရပါတယ်။ နိုင်ငံတကာပွဲတွေကို မတ်လမှ ပြန်ကစားတော့မှာဖြစ်လို့ အဲဒီအချိန်မှာ ဘယ်ကစားတွေကို ရွေးချယ်ခွင့် ရနိုင်မလဲဆိုတာ ကြည့်ရပါမယ်။ ရထားတဲ့ အချိန်ကိုလည်း အကောင်းဆုံး အသုံးချရမှာပါ”လို့ ဆောက်ဂိတ်က ပြောပြသွားခဲ့ပါတယ်။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘယ္လ္ဂ်ီယံအသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ လီဗာပူးလ္နဲ႕ အဂၤလန္အသင္းကစားသမား ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ ဒဏ္ရာရရွိသြားခဲ့လို႔ ပြဲခ်ိန္တဝက္မွာပဲ လူစားလဲခဲ့ရသလို သူ႕ရဲ႕ ဒဏ္ရာ အေျခအေနကို စစ္ေဆးဖို႔ ကလပ္အသင္းထံ ျပန္လည္ေစလႊတ္ခဲ့ရၿပီျဖစ္တယ္လို႔ အဂၤလန္နည္းျပ ေဆာက္ဂိတ္က အသိေပးလာခဲ့ပါတယ္။

ဟန္ဒါဆန္ဟာ ႂကြက္သားဒဏ္ရာကို ခံစားခံရဆဲျဖစ္ၿပီး ဒဏ္ရာျပင္းထန္မႈ အတိအက်ကိုေတာ့ လီဗာပူးလ္အသင္းက ထုတ္ျပန္ေပးသြားလိမ့္မယ္လို႔ ေဆာက္ဂိတ္က ဆိုခဲ့ၿပီး ဒဏ္ရာေၾကာင့္ မသိရွိရေသးတဲ့ အ​ေျခအေနပါ။ ဟန္ဒါဆန္ရဲ႕ ဒဏ္ရာနဲ႕ပတ္သက္ၿပီး ဟန္ဒါဆန္ နဲ႕ နည္းျပကေလာ့ပ္တို႔ကို ကိုယ္ခ်င္းစာမိေၾကာင္းနဲ႕ လီဗာပူးလ္အသင္းနဲ႕ ဆက္ဆံေရးအေၾကာင္းကိုလည္း ေျပာျပခဲ့ပါေသးတယ္။

” ဟန္ဒါဆန္ ကလပ္အသင္းဆီ ျပန္သြားပါၿပီ။ ဒဏ္ရာကို စစ္ေဆးဖို႔ လိုလို႔ပါ။ အိုက္စလန္နဲ႕ပြဲ သူ မပါနိုင္ပါဘူး။ လီဗာပူးလ္အသင္းကသာ ဒဏ္ရာအေျခအေနကို ေျပာျပတာ ပိုေကာင္းပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ဟာ ကလပ္အသင္းတိုင္းနဲ႕​ ဆက္ဆံေရးေကာင္းေတြ ရွိေနပါတယ္။ သူတို႔ရဲ႕ ကစားသမားေတြကို နိုင္ငံအသင္းအတြက္ ေခၚသုံးရတာျဖစ္လို႔ ဘယ္ေတာ့မွ ဒဏ္ရာ အနာတရျဖစ္ၿပီး ျပန္မလႊတ္ခ်င္ပါဘူး။ ဒီကိစၥက အဆိုး႐ြားဆုံးပါပဲ။

” ကြၽန္ေတာ္ကိုယ္တိုင္လည္း ကစားသမားတေယာက္ျဖစ္လို႔ ကစားသမားတေယာက္ဟာ ဘယ္ေတာ့ ဒဏ္ရာမရခ်င္ဘူးဆိုတာ သိပါတယ္။ ပြဲေတြ လြဲေခ်ာ္ရတာ ဘယ္ေလာက္ခံစားရခက္လဲ ဆိုတာ ေကာင္း​ေကာင္း နားလည္ပါတယ္။ အသင္းမန္ေနဂ်ာတေယာက္အေနနဲ႕လည္း မန္ေနဂ်ာေတြကို ကိုယ္ခ်င္းစာပါတယ္”

ေဆာက္ဂိတ္က သူ႕အေနနဲ႔ အထူးသျဖင့္ အသင္းႀကီးေတြ ရင္ဆုိင္ေနရတဲ့ ပြဲဆက္မ်ားမွဳေၾကာင့္ ဒဏ္ရာေတြ ျဖစ္ေပၚေနတာကိုလည္း သတိျပဳမိၿပီး ကစားသမားေတြကို ငါးေယာက္အထိလဲၿပီး အနားေပးဖို႔ဟာ ႀကီးမားတဲ့ လိုအပ္ခ်က္ျဖစ္ေၾကာင္းနဲ႔ ယာဂန္ ကေလာ့ပ္၊ ဂြါဒီယိုလာတုိ႔ ေဆာင္ရြက္ေနတဲ့ ကစားသမားေတြကို ကာကြယ္ေပးေရး အစီအစဥ္ကိုလည္း ေထာက္ခံခဲ့သူျဖစ္ပါတယ္။

“ဒါေၾကာင့္ ဒဏ္ရာေတြမျဖစ္ေအာင္ အတတ္နိုင္ဆုံး ဂ႐ုစိုက္ပါတယ္။ ဥေရာပပြဲေတြ ကစားထားရတဲ့ ကစားသမားေတြကို အနားေပးသင့္တန္ ေပးပါတယ္။ ေလ့က်င့္မႈအစီအစဥ္လည္း အမ်ားႀကီးမခိုင္းပါဘူး။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ အဂၤလန္အသင္းအေနနဲ႕လည္း ရွိေနတဲ့သူေတြထဲက အေတာင့္တင္းဆုံး လူစာရင္းကို ေ႐ြးခ်ယ္ၿပီး အသင္းကို တည္ေဆာက္ရပါတယ္။ နိုင္ငံတကာပြဲေတြကို မတ္လမွ ျပန္ကစားေတာ့မွာျဖစ္လို႔ အဲဒီအခ်ိန္မွာ ဘယ္ကစားေတြကို ေ႐ြးခ်ယ္ခြင့္ ရနိုင္မလဲဆိုတာ ၾကည့္ရပါမယ္။ ရထားတဲ့ အခ်ိန္ကိုလည္း အေကာင္းဆုံး အသုံးခ်ရမွာပါ”လို႔ ေဆာက္ဂိတ္က ေျပာျပသြားခဲ့ပါတယ္။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.