UCL&UEL

ဘာစီလိုနာကစားသမားေတြ ေနပယ္လ္ေလဆိပ္မွာ က်န္းမာေရးစစ္ေဆးမႈခံယူခဲ့ရ

အသင္းေခါင္းေဆာင္ နာမည္ႀကီးတုိက္စစ္မွဴး လီယြန္နယ္ မက္ဆီအပါအ၀င္ ဘာစီလိုနာအသင္းသားေတြအားလံုးကို ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္မတိုင္ခင္ ေနပယ္လ္ၿမိဳ႕ကို ေရာက္လာခ်ိန္မွာ အီတလီႏုိင္ငံရဲ႕ တင္းၾကပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြနဲ႔ ရင္ဆုိင္ခဲ့ရေၾကာင္း သိရပါတယ္။

ဘာစီလိုနာအသင္းဟာ အဂၤါေန႔မွာ နာပိုလီနဲ႔ ခ်န္ပီယံလိဂ္ ရွဳံးထြက္ ၁၆ သင္းအဆင့္ ပြဲစဥ္ကို ယွဥ္ၿပဳိင္ကစားရဖို႔ ရွိေနၿပီး တနလၤာေန႔ကတည္းက ေနပယ္လ္ၿမိဳ႕ကို ေရာက္ႏွင့္ေနၾကတာလည္းျဖစ္ပါတယ္။ လတ္တေလာ အီတလီမွာေတာ့ ကိုရိုးနားဗိုင္းရပ္စ္ကူးစက္မႈေတြ ျမင့္တက္ေနလို႔ အာဏာပိုင္ေတြဟာ က်န္းမာေရးစစ္ေဆးမႈေတြကို တင္းၾကပ္ထားခဲ့ၿပီး စီးရီးေအပြဲစဥ္တခ်ဳိ႕ကိုလည္း ပယ္ဖ်က္ထားခဲ့ပါတယ္။

သတင္းေတြအရ အီတလီႏိုင္ငံအတြင္း ကိုရိုးနားဗိုင္းရပ္စ္ကူးစက္ခံရသူ ၈၀ ေက်ာ္ရွိၿပီး အေပ်ာ္တမ္းေဘာလံုးသမားေလးတစ္ဦးအပါအ၀င္ ၂ ဦး ေသဆုံးခဲ့ၿပီလို႔ သိရၿပီး ကူးစက္မႈအျမင့္မားဆံုးေဒသကေတာ့ အင္တာမီလန္၊ ေအစီမီလန္နဲ႔ အတၱလန္တာအသင္းေတြရွိရာ လြမ္ဘာဒီေဒသလည္း ျဖစ္ပါတယ္။

ESPN ရဲ႕ေဖာ္ျပခ်က္အရ တနလၤာေန႔က ေနပယ္လ္ၿမိဳ႕ကို ေရာက္ရွိလာတဲ့ ဘာစီလိုနာအသင္းသားတိုင္းကို ေလဆိပ္မွာ ကို္ယ္အပူခ်ိန္တိုင္းစက္ေတြနဲ႔ စစ္ေဆးၿပီး သံသယျဖစ္ဖြယ္ရာ အေနအထားေတြ႕ခဲ့ရင္ ေဆးရံုကို တစ္ခါတည္း ေခၚေဆာင္သြားရလိမ့္မယ္လို႔ တာဝန္ရွိသူေတြက ႀကဳိတင္ေၾကျငာထားခဲ့တယ္လို႔လည္း သိရပါတယ္။

ဗိုင္းရပ္စ္ အဓိက ပ်ံ႕ႏွံ႔ရာေဒသျဖစ္တဲ့ လြန္ဘာဒီေဒသ၊ မီလန္အေျခစိုက္ ယူ႐ိုပါလိဂ္ၿပဳိင္ပြဲဝင္ အင္တာမီလန္အတြက္လည္း ခက္ခဲမွဳေတြရွိေနၿပီး ဆန္စီ႐ိုမွာ ဒုတိယအေက်ာ့ပြဲစဥ္ကို လက္ခံက်င္းပဖို႔ မျဖစ္ႏိုင္ဘဲ လူဒိုဂိုရက္နဲ႔ ယွဥ္ၿပဳိင္ရမယ့္ ဒီပြဲစဥ္ကို တစ္ဖက္အသင္းရဲ႕ ျဖစ္ႏုိင္ဖြယ္ ေတာင္းဆုိမွဳအရ ၾကားႏုိင္ငံက ကြင္းတစ္ကြင္းမွာ ကစားရႏိုင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: အသင်းခေါင်းဆောင် နာမည်ကြီးတိုက်စစ်မှူး လီယွန်နယ် မက်ဆီအပါအဝင် ဘာစီလိုနာအသင်းသားတွေအားလုံးကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်ခင် နေပယ်လ်မြို့ကို ရောက်လာချိန်မှာ အီတလီနိုင်ငံရဲ့ တင်းကြပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့မှာ နာပိုလီနဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး တနင်္လာနေ့ကတည်းက နေပယ်လ်မြို့ကို ရောက်နှင့်နေကြတာလည်းဖြစ်ပါတယ်။ လတ်တလော အီတလီမှာတော့ ကိုရိုးနားဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေလို့ အာဏာပိုင်တွေဟာ ကျန်းမာရေးစစ်ဆေးမှုတွေကို တင်းကြပ်ထားခဲ့ပြီး စီးရီးအေပွဲစဉ်တချို့ကိုလည်း ပယ်ဖျက်ထားခဲ့ပါတယ်။

သတင်းတွေအရ အီတလီနိုင်ငံအတွင်း ကိုရိုးနားဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀ ကျော်ရှိပြီး အပျော်တမ်းဘောလုံးသမားလေးတစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ပြီလို့ သိရပြီး ကူးစက်မှုအမြင့်မားဆုံးဒေသကတော့ အင်တာမီလန်၊ အေစီမီလန်နဲ့ အတ္တလန်တာအသင်းတွေရှိရာ လွမ်ဘာဒီဒေသလည်း ဖြစ်ပါတယ်။

ESPN ရဲ့ဖော်ပြချက်အရ တနင်္လာနေ့က နေပယ်လ်မြို့ကို ရောက်ရှိလာတဲ့ ဘာစီလိုနာအသင်းသားတိုင်းကို လေဆိပ်မှာ ကိုယ်အပူချိန်တိုင်းစက်တွေနဲ့ စစ်ဆေးပြီး သံသယဖြစ်ဖွယ်ရာ အနေအထားတွေ့ခဲ့ရင် ဆေးရုံကို တစ်ခါတည်း ခေါ်ဆောင်သွားရလိမ့်မယ်လို့ တာဝန်ရှိသူတွေက ကြိုတင်ကြေငြာထားခဲ့တယ်လို့လည်း သိရပါတယ်။

ဗိုင်းရပ်စ် အဓိက ပျံ့နှံ့ရာဒေသဖြစ်တဲ့ လွန်ဘာဒီဒေသ၊ မီလန်အခြေစိုက် ယူရိုပါလိဂ်ပြိုင်ပွဲဝင် အင်တာမီလန်အတွက်လည်း ခက်ခဲမှုတွေရှိနေပြီး ဆန်စီရိုမှာ ဒုတိယအကျော့ပွဲစဉ်ကို လက်ခံကျင်းပဖို့ မဖြစ်နိုင်ဘဲ လူဒိုဂိုရက်နဲ့ ယှဉ်ပြိုင်ရမယ့် ဒီပွဲစဉ်ကို တစ်ဖက်အသင်းရဲ့ ဖြစ်နိုင်ဖွယ် တောင်းဆိုမှုအရ ကြားနိုင်ငံက ကွင်းတစ်ကွင်းမှာ ကစားရနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.