Premier League Transfer News

18 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ

– ဒင်းနစ္စ ဘားကမ့်ပ်လိုပဲ နံပါတ် ၁၀ ကစားသမားဖြစ်ပြီး လိုအပ်ရင် Box to Box နံပါတ် ၈ အဖြစ် ကစားနိုင်စွမ်းရှိတဲ့ သူ့ရဲ့ သားဖြစ်သူ မစ်ရှဲလ်ကို အလွတ်ပြောင်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ပယ်ချခဲ့တာဟာ အီဒူးနောင်တရလိမ့်မယ်လို့ ပရိသတ်တွေ ဆိုနေကြ။

– ဒေါမနစ် ဆိုဘော့ဆ်လိုင်းအနေနဲ့ သြစတြီးယား ဘွန်ဒက်စ်လီဂါကနေ ထွက်ခွာတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ အလိုရှိတယ် ဆိုရင် ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ဘက်က တောင်းဆိုနိုင်တဲ့ ပြောင်းရွှေ့ကြေးကို အဆင်သင့်လုပ်ထားဖို့ အေးဂျင့်ဖြစ်သူ သတိပေး။

– အင်္ဂလိပ်ကစားဟန်နဲ့ အသားကျခြင်းမရှိသေးဘဲ အာဆင်နယ်မှာ ကစားခွင့်မရသေးလို့ စိတ်ပျက်နေရတဲ့ ဝီလီယမ် ဆာလီဘာကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ထပ်မံအငှားချဖို့ ရှိနေပြီး အသင်းဟောင်း စိန့်အက်တီယန်နဲ့ ကလပ်အချို့ စောင့်ကြည့်နေ။

– ယူကရိန်းအသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ ကိုဗစ်ကူးစက်ခံရသူ ၉ ဦးအထိ ရှိခဲ့လို့ ပွဲပျက်ခဲ့ရတဲ့ ဆွစ်ဇာလန်အသင်းရဲ့ ခေါင်းဆောင် ဂရာနစ် ချာကာကို အမြန်ဆုံးအသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ အာဆင်နယ်အသင်း ခေါ်ယူထား။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာဟာ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ဆုဖလားတွေကို အနှေးနဲ့ အမြန် ရယူပိုင်ဆိုင်နိုင်မှာဟာ မြေကြီးလက်ခတ်မလွဲဖြစ်တယ်လို့ ကစားသမားသစ် ဝီလီယန်ပြောကြား။

– အင်္ဂလန်ယူ-၂၁ အသင်းရဲ့ ဂိုးသွင်းမှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့တဲ့ တိုက်စစ်မှူး အက်ဒီ နကီးတီးယားအနေနဲ့ ဒါကို ဆက်လက်တိုးမြှင့်ခဲ့ပြီး မနေ့ညက အယ်လ်ဘေးနီးယားနဲ့ပွဲမှာ နှစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သလို ၁၄ ပွဲမှာ ၁၆ ဂိုးအထိ ရရှိထားခဲ့။

– ဂျာမန်သတင်းဌာန Bild ရဲ့ အဆိုအရ ဘွန်ဒက်စ်လီဂါကလပ် ဘေယာလေဗာကူဆင်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီမှာ နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်ကို ထပ်မံကမ်းလှမ်းဦးမှာဖြစ်ပြီး ပရိသတ်တွေကတော့ ဒီလောက် ဆိုးရွားတဲ့ ကစားသမားကို အသင်းမှာ ထားရတာ မလုံလောက်သေးဘူးလားလို့ မေးခွန်းထုတ်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဒင္းနစၥ ဘားကမ့္ပ္လိုပဲ နံပါတ္ ၁၀ ကစားသမားျဖစ္ၿပီး လိုအပ္ရင္ Box to Box နံပါတ္ ၈ အျဖစ္ ကစားႏိုင္စြမ္းရွိတဲ့ သူ႔ရဲ႕ သားျဖစ္သူ မစ္ရွဲလ္ကို အလြတ္ေျပာင္းနဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရးကို ပယ္ခ်ခဲ့တာဟာ အီဒူးေနာင္တရလိမ့္မယ္လို႔ ပရိသတ္ေတြ ဆိုေနၾက။

– ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းအေနနဲ႔ ၾသစႀတီးယား ဘြန္ဒက္စ္လီဂါကေန ထြက္ခြာေတာ့မွာျဖစ္ၿပီး အာဆင္နယ္အသင္းအေနနဲ႔ အလိုရွိတယ္ ဆိုရင္ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ဘက္က ေတာင္းဆိုႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးကို အဆင္သင့္လုပ္ထားဖို႔ ေအးဂ်င့္ျဖစ္သူ သတိေပး။

– အဂၤလိပ္ကစားဟန္နဲ႔ အသားက်ျခင္းမရွိေသးဘဲ အာဆင္နယ္မွာ ကစားခြင့္မရေသးလို႔ စိတ္ပ်က္ေနရတဲ့ ဝီလီယမ္ ဆာလီဘာကို လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ထပ္မံအငွားခ်ဖို႔ ရွိေနၿပီး အသင္းေဟာင္း စိန႔္အက္တီယန္နဲ႔ ကလပ္အခ်ိဳ႕ ေစာင့္ၾကည့္ေန။

– ယူကရိန္းအသင္းရဲ႕ ေလ့က်င့္ေရးစခန္းမွာ ကိုဗစ္ကူးစက္ခံရသူ ၉ ဦးအထိ ရွိခဲ့လို႔ ပြဲပ်က္ခဲ့ရတဲ့ ဆြစ္ဇာလန္အသင္းရဲ႕ ေခါင္းေဆာင္ ဂရာနစ္ ခ်ာကာကို အျမန္ဆုံးအသင္းနဲ႔ ျပန္လည္ပူးေပါင္းဖို႔ အာဆင္နယ္အသင္း ေခၚယူထား။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာဟာ အေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးျဖစ္ၿပီး ေအာင္ျမင္မႈေတြနဲ႔ ဆုဖလားေတြကို အေႏွးနဲ႔ အျမန္ ရယူပိုင္ဆိုင္ႏိုင္မွာဟာ ေျမႀကီးလက္ခတ္မလြဲျဖစ္တယ္လို႔ ကစားသမားသစ္ ဝီလီယန္ေျပာၾကား။

– အဂၤလန္ယူ-၂၁ အသင္းရဲ႕ ဂိုးသြင္းမွတ္တမ္းကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ တိုက္စစ္မႉး အက္ဒီ နကီးတီးယားအေနနဲ႔ ဒါကို ဆက္လက္တိုးျမႇင့္ခဲ့ၿပီး မေန႔ညက အယ္လ္ေဘးနီးယားနဲ႔ပြဲမွာ ႏွစ္ဂိုးထပ္မံသြင္းယူႏိုင္ခဲ့သလို ၁၄ ပြဲမွာ ၁၆ ဂိုးအထိ ရရွိထားခဲ့။

– ဂ်ာမန္သတင္းဌာန Bild ရဲ႕ အဆိုအရ ဘြန္ဒက္စ္လီဂါကလပ္ ေဘယာေလဗာကူဆင္အသင္းအေနနဲ႔ လာမယ့္ဇန္နဝါရီမွာ ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္ကို ထပ္မံကမ္းလွမ္းဦးမွာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ ဒီေလာက္ ဆိုး႐ြားတဲ့ ကစားသမားကို အသင္းမွာ ထားရတာ မလုံေလာက္ေသးဘူးလားလို႔ ေမးခြန္းထုတ္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.