Premier League Transfer News

18 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ

– မန်ချက်စတာစီးတီးပရိသတ်တွေကြားထဲမှာ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို အစားထိုးဖို့အတွက် ဘယ်သူနဲ့ ဖြစ်သင့်သလဲလို့ ဆန္ဒခံယူမှုပြုလုပ်ရာမှာ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို အများစုက အလိုရှိကြောင်း မဲရလဒ် ၈၇.၁ ရာခိုင်နှုန်း ပေါ်ထွက်လာခဲ့။

– ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားနေတယ်ဆိုပေမယ့် သူ့အနေနဲ့ ဂျာမနီနိုင်ငံပြင်ပကိုသာ ထွက်ခွာဖို့ ရှိနေတယ်လို့ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားက ပြောကြားခဲ့မှုကြောင့် မန်ချက်စတာစီးတီးတို့ ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ အခြေအနေကောင်းလာ။

– ဆွစ်ဇာလန်ကို ရောက်ရှိနေခဲ့တဲ့ ယူကရိန်းအသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ ကိုဗစ်-၁၉ ပေါ့စတစ်တွေ့ရှိမှု ၉ ခုအထိ ရှိခဲ့တာကြောင့် ပွဲစဉ်ဖျက်သိမ်းခဲ့ရပြီး ကွာရန်တင်းဝင်ရတော့မယ့် ကစားသမားတွေထဲမှာ စီးတီးနောက်ခံလူ အိုလက်ဇန်ဒါ ဇင်ချန်ကိုပါ ပါဝင်နေ။

– ဒီနေ့နဲ့ မနက်ဖြန် မတူညီတတ်ဘဲ ယတိပြတ်ပြောလို့ မရနိုင်တဲ့ ဘောလုံးလောကရဲ့ အခြေအနေတွေကြောင့် လီယွန်နယ် မက်ဆီနဲ့ ဆာဂျီယို အဂွေရိုတို့ အတူယှဉ်တွဲကစားတာကို မြင်တွေ့ရနိုင်တဲ့ နေရာဟာ အစ်တီဟတ်အပြင် နူးကမ့်လည်း ဖြစ်နေနိုင်ကြောင်း ခန့်မှန်းမှုတွေရှိနေ။

– အသင်းကြီးရဲ့ ကစားသမားတွေနဲ့ အတူတွဲဖက် လေ့ကျင့်ရမှုဟာ မိမိကို ပိုမိုဖွံ့ဖြိုးတိုးတက်စေခဲ့တယ်လို့ ရာသီအစက ခံစစ်ပိုင်းမှာ ကစားသမားတွေ မစုံလင်ချိန်မှာ လူငယ်အသင်းကနေ ခေါ်ယူခံထားခဲ့ရတဲ့ တေလာ ဟားဝုဒ်-ဘဲလစ္စပြောကြား။

– နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီအတွက် ယူရိုသန်း ၆၀ တန် ကမ်းလှမ်းမှုတစ်ခုကို လာမယ့်အပြောင်းအရွှေ့ကာလတွေမှာ မန်ချက်စတာစီးတီးဘက်က ပြုလုပ်သွားနိုင်တယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပြီး လီဗာပူးလ်အသင်းကလည်း စောင့်ကြည့်နေ။

– စာချုပ်သက်တမ်းကုန်ဆုံးဖို့ ခြောက်လခန့်သာ လိုတော့တဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ သက်တမ်းမတိုးသေးတဲ့ အခြေအနေကြောင့် နောက်လာမယ့် မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဟာ မော်ရီစီယို ပိုချက်တီနိုလို့ အလေးပေးမှုတွေ မြင့်တက်လာခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးပရိသတ္ေတြၾကားထဲမွာ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို အစားထိုးဖို႔အတြက္ ဘယ္သူနဲ႔ ျဖစ္သင့္သလဲလို႔ ဆႏၵခံယူမႈျပဳလုပ္ရာမွာ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို အမ်ားစုက အလိုရွိေၾကာင္း မဲရလဒ္ ၈၇.၁ ရာခိုင္ႏႈန္း ေပၚထြက္လာခဲ့။

– ဘိုင္ယန္ျမဴးနစ္အသင္းက စိတ္ဝင္စားေနတယ္ဆိုေပမယ့္ သူ႔အေနနဲ႔ ဂ်ာမနီႏိုင္ငံျပင္ပကိုသာ ထြက္ခြာဖို႔ ရွိေနတယ္လို႔ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားက ေျပာၾကားခဲ့မႈေၾကာင့္ မန္ခ်က္စတာစီးတီးတို႔ ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးကေန အေျခအေနေကာင္းလာ။

– ဆြစ္ဇာလန္ကို ေရာက္ရွိေနခဲ့တဲ့ ယူကရိန္းအသင္းရဲ႕ ေလ့က်င့္ေရးစခန္းမွာ ကိုဗစ္-၁၉ ေပါ့စတစ္ေတြ႕ရွိမႈ ၉ ခုအထိ ရွိခဲ့တာေၾကာင့္ ပြဲစဥ္ဖ်က္သိမ္းခဲ့ရၿပီး ကြာရန္တင္းဝင္ရေတာ့မယ့္ ကစားသမားေတြထဲမွာ စီးတီးေနာက္ခံလူ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုပါ ပါဝင္ေန။

– ဒီေန႔နဲ႔ မနက္ျဖန္ မတူညီတတ္ဘဲ ယတိျပတ္ေျပာလို႔ မရႏိုင္တဲ့ ေဘာလုံးေလာကရဲ႕ အေျခအေနေတြေၾကာင့္ လီယြန္နယ္ မက္ဆီနဲ႔ ဆာဂ်ီယို အေဂြ႐ိုတို႔ အတူယွဥ္တြဲကစားတာကို ျမင္ေတြ႕ရႏိုင္တဲ့ ေနရာဟာ အစ္တီဟတ္အျပင္ ႏူးကမ့္လည္း ျဖစ္ေနႏိုင္ေၾကာင္း ခန႔္မွန္းမႈေတြရွိေန။

– အသင္းႀကီးရဲ႕ ကစားသမားေတြနဲ႔ အတူတြဲဖက္ ေလ့က်င့္ရမႈဟာ မိမိကို ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစခဲ့တယ္လို႔ ရာသီအစက ခံစစ္ပိုင္းမွာ ကစားသမားေတြ မစုံလင္ခ်ိန္မွာ လူငယ္အသင္းကေန ေခၚယူခံထားခဲ့ရတဲ့ ေတလာ ဟားဝုဒ္-ဘဲလစၥေျပာၾကား။

– နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီအတြက္ ယူ႐ိုသန္း ၆၀ တန္ ကမ္းလွမ္းမႈတစ္ခုကို လာမယ့္အေျပာင္းအေ႐ႊ႕ကာလေတြမွာ မန္ခ်က္စတာစီးတီးဘက္က ျပဳလုပ္သြားႏိုင္တယ္လို႔ သတင္းေတြ ေပၚထြက္လာခဲ့ၿပီး လီဗာပူးလ္အသင္းကလည္း ေစာင့္ၾကည့္ေန။

– စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ေျခာက္လခန႔္သာ လိုေတာ့တဲ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ သက္တမ္းမတိုးေသးတဲ့ အေျခအေနေၾကာင့္ ေနာက္လာမယ့္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ နည္းျပဟာ ေမာ္ရီစီယို ပိုခ်က္တီႏိုလို႔ အေလးေပးမႈေတြ ျမင့္တက္လာခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.