Premier League

၂၀၂၁ မှ အဖြေထွက်တော့မယ် ၂၀၂၀ ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံ

ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံ ၂၀၂၀ ပြိုင်ပွဲကို ဒီဇင်ဘာ ၂၀၂၀ မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲ ကျင်းပမည့် ရက်ကို ဖေဖော်ဝါရီ ၂၀၂၁ သို့ ပြောင်းလဲ လိုက်ရပါတယ်။

ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံ ၂၀၂၀ ပြိုင်ပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပမှာ ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၇ သင်း ပါဝင်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ UEFA ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြိုင်ပွဲကျင်းပတဲ့ အိမ်ရှင်နိုင်ငံမှ ပါဝင်ခွင့်ရတဲ့ ကာတာစတားလိဂ်ချန်ပီယံ Al-Duhail အသင်းတို့ ပါဝင်ခွင့်ရပြီ ဖြစ်ပါတယ်။

ကျန်ပြိုင်ပွဲဝင်ခွင့်ရမယ့် ၅ သင်းကတော့ CONCACAF မြောက်နဲ့ အလယ်အမေရိက ချန်ပီယံလိဂ်ချန်ပီယံ ၊ CONMEBOL တောင်အမေရိက ချန်ပီယံလိဂ်ချန်ပီယံ ၊ AFC အာရှ ချန်ပီယံလိဂ်ချန်ပီယံ ၊ CAF အာဖရိက ချန်ပီယံလိဂ်ချန်ပီယံ ၊ OFC သမုဒ္ဒရာပိုင်းဇုံ ချန်ပီယံလိဂ်ချန်ပီယံ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

တောင်အမေရိက ချန်ပီယံလိဂ် ( CONMEBOL) ပြိုင်ပွဲဟာ ဇန်နဝါရီ ၂၀၂၁ လောက်မှ ပြီးဆုံးပြီး ချန်ပီယံဘယ်သူဆိုတာ အဖြေထွက်မှာမလို့ Club World Cup ပြိုင်ပွဲကျင်းပမယ့်ရက်ကို ၁-၁၁ ဖေဖော်ဝါရီ ၂၀၂၁ ကို
ရွေ့ဆိုင် းလိုက်ရတာ ဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ယခုပြိုင်ပွဲကို နှစ်ကြိမ်ဆက်တိုက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပြီး ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံ ၂၀၁၉ ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ပြီး လီဗာပူးလ်အသင်းမှ ကမ္ဘာ့ကလပ်ချန်ပီယံ ၂၀၁၉ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ ပါတယ်။

ကာတာနိုင်ငံမှာ ယခုအခါ ပရိသတ်အရည်အတွက်ကန့်သတ်ခြင်း ၊ social distance စည်းမျဉ်းများ လိုက်နာစေခြင်းများကျင့်သုံးပြီး ကာတာနိုင်ငံရဲ့ ပြည်တွင်းလိဂ်ကို ပြန်လည် စတင်ကစားခွင့်ပြုနေပြီ ဖြစ်ပါတယ်။ ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံ ၂၀၂၀ ပြိုင်ပွဲ၏ ပြိုင်ပွဲဝင် အသင်းမှ ကစားသမားများအပါအဝင် တာဝန်ရှိသူများ အားလုံးကို ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခြင်းမှ အကောင်းဆုံး ကာကွယ်ပေးသွားဖို့ bio-secure bubble and stringent testing protocols များကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

Ref : The Aheathletic , Internet
Photos Credit tp Owners
SPORTS A2Z

ZAWGYI:

ဖီဖာ ကမာၻ႔ကလပ္ခ်န္ပီယံ ၂၀၂၀ ၿပိဳင္ပြဲကို ဒီဇင္ဘာ ၂၀၂၀ မွာ က်င္းပဖို႔ စီစဥ္ထားေပမယ့္ ကိုဗစ္ဗိုင္းရပ္စ္ေၾကာင့္ ၿပိဳင္ပြဲ က်င္းပမည့္ ရက္ကို ေဖေဖာ္ဝါရီ ၂၀၂၁ သို႔ ေျပာင္းလဲ လိုက္ရပါတယ္။

ဖီဖာ ကမာၻ႔ကလပ္ခ်န္ပီယံ ၂၀၂၀ ၿပိဳင္ပြဲကို ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာ က်င္းပမွာ ျဖစ္ၿပီး ၿပိဳင္ပြဲဝင္ အသင္း ၇ သင္း ပါဝင္ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။ လက္ရွိမွာ UEFA ဥေရာပ ခ်န္ပီယံလိဂ္ ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ၿပိဳင္ပြဲက်င္းပတဲ့ အိမ္ရွင္ႏိုင္ငံမွ ပါဝင္ခြင့္ရတဲ့ ကာတာစတားလိဂ္ခ်န္ပီယံ Al-Duhail အသင္းတို႔ ပါဝင္ခြင့္ရၿပီ ျဖစ္ပါတယ္။

က်န္ၿပိဳင္ပြဲဝင္ခြင့္ရမယ့္ ၅ သင္းကေတာ့ CONCACAF ေျမာက္နဲ႔ အလယ္အေမရိက ခ်န္ပီယံလိဂ္ခ်န္ပီယံ ၊ CONMEBOL ေတာင္အေမရိက ခ်န္ပီယံလိဂ္ခ်န္ပီယံ ၊ AFC အာရွ ခ်န္ပီယံလိဂ္ခ်န္ပီယံ ၊ CAF အာဖရိက ခ်န္ပီယံလိဂ္ခ်န္ပီယံ ၊ OFC သမုဒၵရာပိုင္းဇုံ ခ်န္ပီယံလိဂ္ခ်န္ပီယံ အသင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမွာ ျဖစ္ပါတယ္။

ေတာင္အေမရိက ခ်န္ပီယံလိဂ္ ( CONMEBOL) ၿပိဳင္ပြဲဟာ ဇန္နဝါရီ ၂၀၂၁ ေလာက္မွ ၿပီးဆုံးၿပီး ခ်န္ပီယံဘယ္သူဆိုတာ အေျဖထြက္မွာမလို႔ Club World Cup ၿပိဳင္ပြဲက်င္းပမယ့္ရက္ကို ၁-၁၁ ေဖေဖာ္ဝါရီ ၂၀၂၁ ကို
ေ႐ြ႕ဆိုင္ းလိုက္ရတာ ျဖစ္ပါတယ္။

ကာတာႏိုင္ငံဟာ ယခုၿပိဳင္ပြဲကို ႏွစ္ႀကိမ္ဆက္တိုက္ အိမ္ရွင္အျဖစ္ က်င္းပခြင့္ရခဲ့တာ ျဖစ္ၿပီး ဖီဖာ ကမာၻ႔ကလပ္ခ်န္ပီယံ ၂၀၁၉ ၿပိဳင္ပြဲကိုလည္း က်င္းပခဲ့ၿပီး လီဗာပူးလ္အသင္းမွ ကမာၻ႔ကလပ္ခ်န္ပီယံ ၂၀၁၉ ခ်န္ပီယံဆုကို ဆြတ္ခူးခဲ့ ပါတယ္။

ကာတာႏိုင္ငံမွာ ယခုအခါ ပရိသတ္အရည္အတြက္ကန႔္သတ္ျခင္း ၊ social distance စည္းမ်ဥ္းမ်ား လိုက္နာေစျခင္းမ်ားက်င့္သုံးၿပီး ကာတာႏိုင္ငံရဲ႕ ျပည္တြင္းလိဂ္ကို ျပန္လည္ စတင္ကစားခြင့္ျပဳေနၿပီ ျဖစ္ပါတယ္။ ဖီဖာ ကမာၻ႔ကလပ္ခ်န္ပီယံ ၂၀၂၀ ၿပိဳင္ပြဲ၏ ၿပိဳင္ပြဲဝင္ အသင္းမွ ကစားသမားမ်ားအပါအဝင္ တာဝန္ရွိသူမ်ား အားလုံးကို ကိုဗစ္ဗိုင္းရပ္စ္ ကူးစက္ျခင္းမွ အေကာင္းဆုံး ကာကြယ္ေပးသြားဖို႔ bio-secure bubble and stringent testing protocols မ်ားကို အသုံးျပဳသြားမယ္လို႔ သိရပါတယ္။

Ref : The Aheathletic , Internet
Photos Credit tp Owners
SPORTS A2Z