Premier League

ဝက်စ်ဘရွမ်းနဲ့ပွဲမှာ ယူနိုက်တက် တိုက်စစ်တန်း ၃ဦးတွဲက ဘယ်သူတွေဖြစ်လာမလဲ

နိုင်ငံတကာပွဲစဥ်တွေ အနားရလို့ ကလပ်အသင်းပွဲစဥ်တွေ ပြန်လည်စတင်ချိန် ရောက်လာဖို့ မဝေးတော့သလို စိတ်ဝင်စားစရာတခုက လာမယ့် ဝက်စ်ဘရွမ်းနဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အခင်းအကျင်းအသစ်တခုကိုလည်း မြင်လာရဖွယ် ရှိနေတဲ့ အချက်ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ ဂိုးသွင်းယူမှုအပိုင်းမှာ ပြီးခဲ့တဲ့ ရာသီနှောင်းပိုင်းကလို စိတ်ချရတဲ့၊ တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန် တိုက်ခိုက်တတ်တဲ့ တိုက်စစ်အဆိပ်ကို ကောင်းကောင်း ပြသထားနိုင်ခြင်းမရှိသေးဘဲ ရုန်းကန်နေရဆဲ အခြေအနေကို တွေ့ထားရသလို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီအပိတ် ၁၁ ပွဲမှာ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ ၃ ဦးတွဲတိုက်စစ်ကြောင်းဟာ ၁၄ ဂိုးအထိ ရယူနိုင်ခဲ့တဲ့ ထက်မြက်မှုမျိုးနဲ့ အလှမ်းကွာနေဆဲ ဖြစ်တာကိုလည်း မြင်ထားကြရပါတယ်။

လက်ရှိမှာ ဂရင်းဝုဒ်ဟာ ကွင်းပြင်ပပိုင်း လူမှုရေးပြဿနာအချို့ကို ကျော်လွှားဖို့သာ ကြိုးစားနေရပြီး ရက်ရှ်ဖို့ဒ်ကလည်း ပခုံးဒဏ်ရာရရှိထားတယ်လို့ သိရှိထားရတာကြောင့် ဒီနှစ်ဦးစလုံး တပြိုင်တည်း ပွဲထွက်လာဖို့တော့ မဖြစ်နိုင်ပေမယ့် အနီကတ် ပြစ်ဒဏ်ကနေ လွတ်လာပြီဖြစ်တဲ့ မာစီယယ်လ်က တိုက်စစ်ပိုင်းမှာ အသင့်စောင့်ဆိုင်းနေပါတယ်။

အဲဗာတန်နဲ့ပွဲမှာ ၈ မိနစ်သာ လူစားဝင်ကစားခဲ့ရပေမယ့် ပွဲသိမ်းဂိုးသွင်းယူသွားခဲ့တဲ့ ကာဗာနီဟာ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဥရုဂွေးအသင်းအတွက် ၇၈ မိနစ်ကစား၊ တဂိုးသွင်းယူပြီး ပွဲဆက်မပြတ်မှု၊ ကြံ့ခိုင်မှုအပြည့် နဲ့အတူ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားတာကြောင့် နည်ပြ ဆိုးလ်ရှားအတွက် နောက်ထပ်ရေးချယ်စရာ တခုနေနဲ့​ ဝက်စ်ဘရွမ်းနဲ့ပွဲမှာ ပရိသတ်တွေ မျှော်လင့်နေတဲ့ ဆန္ဒအတိုင်း ကာဗာနီ ပွဲထွက်လာဖို့ သေချာသလောက် ရှိနေပါတယ်။

ကာဗာနီ ပွဲထွက်လာရင်တော့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ထုတ်ပေးနိုင်တဲ့ နေရာအမှန်ဖြစ်တဲ့ တိုက်စစ်မြှားဦးမှာပဲ နည်းပြ ဆိုးလ်ရှားက နေရာပေးလာမှာဖြစ်ပြီး မာစီယယ်လ်ကတော့ ဘယ်ခြမ်းက​နေ ပွဲထွက်လာနိုင်ဖွယ်ရှိသလို ကျန်တိုက်စစ် တနေရာအတွက်ကတော့ တိုက်စစ်ပိုင်းမှာ နေရာမျိုးစုံ ရွေ့လျားကစားနိုင်တဲ့ ရက်ရှ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့ထဲ တယောက်က ဆိုးလ်ရှားရဲ့ လူထုတ်ပုံအရ စာရွက်ပေါ်က လူစာရင်းမှာတော့ ညာခြမ်းကနေ ပါဝင်အသုံးတော်ခံဖို့ ရှိနေတာပါ။

ကာဗာနီကို အသင်းက လူငယ်တွေနဲ့ တွဲဖက်ပွဲထုတ်စေချင်နေတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် ဆက်ဆက်စောင့်ကြည့်ရမယ့် ပွဲကောင်းတပွဲ အနေနဲ့ လူအခင်းအကျင်းအသစ်ကို အရသာခံရဖို့ ရှိနေပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နိုင္ငံတကာပြဲစဥ္ေတြ အနားရလို႔ ကလပ္အသင္းပြဲစဥ္ေတြ ျပန္လည္စတင္ခ်ိန္ ေရာက္လာဖို႔ မေဝးေတာ့သလို စိတ္ဝင္စားစရာတခုက လာမယ့္ ဝက္စ္ဘ႐ြမ္းနဲ႕ပြဲမွာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ အခင္းအက်င္းအသစ္တခုကိုလည္း ျမင္လာရဖြယ္ ရွိေနတဲ့ အခ်က္ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ဒီရာသီ ဂိုးသြင္းယူမႈအပိုင္းမွာ ၿပီးခဲ့တဲ့ ရာသီႏွောင္းပိုင္းကလို စိတ္ခ်ရတဲ့၊ တည္တည္ၿငိမ္ၿငိမ္နဲ႕ တုံ႕ျပန္ တိုက္ခိုက္တတ္တဲ့ တိုက္စစ္အဆိပ္ကို ေကာင္းေကာင္း ျပသထားနိုင္ျခင္းမရွိေသးဘဲ ႐ုန္းကန္ေနရဆဲ အေျခအေနကို ေတြ႕ထားရသလို ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ရာသီအပိတ္ ၁၁ ပြဲမွာ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္တို႔ ၃ ဦးတြဲတိုက္စစ္ေၾကာင္းဟာ ၁၄ ဂိုးအထိ ရယူနိုင္ခဲ့တဲ့ ထက္ျမက္မႈမ်ိဳးနဲ႕ အလွမ္းကြာေနဆဲ ျဖစ္တာကိုလည္း ျမင္ထားၾကရပါတယ္။

လက္ရွိမွာ ဂရင္းဝုဒ္ဟာ ကြင္းျပင္ပပိုင္း လူမႈေရးျပႆနာအခ်ိဳ႕ကို ေက်ာ္လႊားဖို႔သာ ႀကိဳးစားေနရၿပီး ရက္ရွ္ဖို႔ဒ္ကလည္း ပခုံးဒဏ္ရာရရွိထားတယ္လို႔ သိရွိထားရတာေၾကာင့္ ဒီႏွစ္ဦးစလုံး တၿပိဳင္တည္း ပြဲထြက္လာဖို႔ေတာ့ မျဖစ္နိုင္ေပမယ့္ အနီကတ္ ျပစ္ဒဏ္ကေန လြတ္လာၿပီျဖစ္တဲ့ မာစီယယ္လ္က တိုက္စစ္ပိုင္းမွာ အသင့္ေစာင့္ဆိုင္းေနပါတယ္။

အဲဗာတန္နဲ႕ပြဲမွာ ၈ မိနစ္သာ လူစားဝင္ကစားခဲ့ရေပမယ့္ ပြဲသိမ္းဂိုးသြင္းယူသြားခဲ့တဲ့ ကာဗာနီဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႕ကလည္း ဥ႐ုေဂြးအသင္းအတြက္ ၇၈ မိနစ္ကစား၊ တဂိုးသြင္းယူၿပီး ပြဲဆက္မျပတ္မႈ၊ ႀကံ့ခိုင္မႈအျပည့္ နဲ႕အတူ ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းထားတာေၾကာင့္ နည္ျပ ဆိုးလ္ရွားအတြက္ ေနာက္ထပ္ေရးခ်ယ္စရာ တခုေနနဲ႕​ ဝက္စ္ဘ႐ြမ္းနဲ႕ပြဲမွာ ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ ဆႏၵအတိုင္း ကာဗာနီ ပြဲထြက္လာဖို႔ ေသခ်ာသေလာက္ ရွိေနပါတယ္။

ကာဗာနီ ပြဲထြက္လာရင္ေတာ့ သူ႕ရဲ႕ အေကာင္းဆုံးေျခစြမ္းကို ထုတ္ေပးနိုင္တဲ့ ေနရာအမွန္ျဖစ္တဲ့ တိုက္စစ္ျမႇားဦးမွာပဲ နည္းျပ ဆိုးလ္ရွားက ေနရာေပးလာမွာျဖစ္ၿပီး မာစီယယ္လ္ကေတာ့ ဘယ္ျခမ္းက​ေန ပြဲထြက္လာနိုင္ဖြယ္ရွိသလို က်န္တိုက္စစ္ တေနရာအတြက္ကေတာ့ တိုက္စစ္ပိုင္းမွာ ေနရာမ်ိဳးစုံ ေ႐ြ႕လ်ားကစားနိုင္တဲ့ ရက္ရွ္ဖို႔ဒ္ နဲ႕ ဂရင္းဝုဒ္တို႔ထဲ တေယာက္က ဆိုးလ္ရွားရဲ႕ လူထုတ္ပုံအရ စာ႐ြက္ေပၚက လူစာရင္းမွာေတာ့ ညာျခမ္းကေန ပါဝင္အသုံးေတာ္ခံဖို႔ ရွိေနတာပါ။

ကာဗာနီကို အသင္းက လူငယ္ေတြနဲ႕ တြဲဖက္ပြဲထုတ္ေစခ်င္ေနတဲ့ ယူနိုက္တက္ပရိသတ္ေတြအတြက္ ဆက္ဆက္ေစာင့္ၾကည့္ရမယ့္ ပြဲေကာင္းတပြဲ အေနနဲ႕ လူအခင္းအက်င္းအသစ္ကို အရသာခံရဖို႔ ရွိေနပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.