Premier League Serie A Transfer News

အိုဇေးလ်အတွက် အစားထိုးမှုတစ်ခုကို အာဆင်နယ်တို့ ပါးပါးနပ်နပ်လုပ်ဆောင်နိုင်မှာလား

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို မသုံးစွဲရာက ဖြစ်ပေါ်နေတဲ့ ကွက်လပ်အတွက် အစားထိုးမှုတစ်ခုကို ပါးပါးနပ်နပ် လုပ်ဆောင်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါလာခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ အင်တာမီလန်အသင်းကို ရာသီဒုတိယပိုင်းမှာ ချန်ပီယံဆုကို ပြန်စိန်ခေါ်နိုင်အောင် လုပ်ဆောင်ဖို့ ရှိနေတဲ့ ပိုင်ရှင် ဆုနင်းအုပ်စုနဲ့ တာဝန်ရှိသူတွေဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နှစ်က စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းလာခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ ကစားပုံမှာ သူ့ရဲ့ လေးလံတဲ့ ကစားပုံက အသင်းရဲ့ တိုက်စစ်ခံစစ်အပြောင်းအလဲတွေမှာ ပြဿနာရှိနေလို့ မကြာခဏ အရန်ခုံထိုင်နေရတဲ့ ဆွစ်ဇာလန်သားကို နည်းပြ မီခယ်လ် အာတီတာကလည်း လက်လွှတ်နိုင်ပြီး အင်တာမီလန်ဘက်ကတော့ သူတို့နဲ့ အံဝင်မှု မရှိတဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်နဲ့ အလဲလှယ်ပြုလုပ်ဖွယ်ရှိနေပါတယ်။

အသက်အရွယ်ချင်းကလည်း ၂၇ နှစ်စီ ရှိနေကြတဲ့ ဆွစ်ဇာလန်သားနဲ့ ဒိန်းမတ်သားတို့ကို လဲလှယ်နိုင်ခဲ့ရင် အာဆင်နယ်အသင်းမှာ ပျောက်ဆုံးနေခဲ့တဲ့ ဖန်တီးမှုတွေကို ပြန်လည်မြင်တွေ့ရနိုင်ပြီး အိုဇေးလ်ထက်စာရင် လုပ်အားနှုန်းကောင်းကောင်းနဲ့ မော်ရင်ညိုလက်ထက် မရောက်ခင်အထိ စပါးစ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားအနေနဲ့ သူ့ရဲ့ ငြီးငွေ့ဖွယ် ဆန်စီရိုမှတ်တမ်းကို အဆုံးသတ်ချင်နေမှာလည်းဖြစ်ပါတယ်။

သောမတ်စ် ပါတေးနဲ့ အယ်လ်နန်နီတို့ ခြေစွမ်းပြထားနိုင်ကြချိန်မှာ ချာကာ၊ အိုဇေးလ်တို့နဲ့ တွဲဖက်သုံးစွဲမယ့်အစား အဲရစ်ဆန်ဆိုရင်တော့ ပရီးမီးယားလိဂ်ကို ကောင်းကောင်းအသားကျပြီးဖြစ်တဲ့ ပလေးမိတ်ကာတစ်ဦးကို အာဆင်နယ်တို့ အကျိုးရှိရှိသုံးစွဲနိုင်မှာဖြစ်ပြီး ဖန်တီးမှုတွေ ကျဆင်းနေတဲ့ ကွင်းလယ်အတွက်တော့ ပါးနပ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အလဲအထပ်ဖြစ်လာမလား စောင့်ကြည့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ဇန္နဝါရီ အေျပာင္းအေရႊ႕ကာလမွာ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို မသုံးစြဲရာက ျဖစ္ေပၚေနတဲ့ ကြက္လပ္အတြက္ အစားထိုးမွဳတစ္ခုကို ပါးပါးနပ္နပ္ လုပ္ေဆာင္သြားႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ အခန္းက႑ဟာလည္း အေရးပါလာခဲ့ပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ အင္တာမီလန္အသင္းကို ရာသီဒုတိယပုိင္းမွာ ခ်န္ပီယံဆုကို ျပန္စိန္ေခၚႏုိင္ေအာင္ လုပ္ေဆာင္ဖို႔ ရွိေနတဲ့ ပုိင္ရွင္ ဆုနင္းအုပ္စုနဲ႔ တာဝန္ရွိသူေတြဟာ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ ႏွစ္က စိတ္ဝင္စားမွဳကို ျပန္လည္အသက္သြင္းလာခဲ့တာပါ။

အာဆင္နယ္အသင္းရဲ႕ ကစားပုံမွာ သူ႕ရဲ႕ ေလးလံတဲ့ ကစားပုံက အသင္းရဲ႕ တုိက္စစ္ခံစစ္အေျပာင္းအလဲေတြမွာ ျပႆနာရွိေနလုိ႔ မၾကာခဏ အရန္ခုံထုိင္ေနရတဲ့ ဆြစ္ဇာလန္သားကို နည္းျပ မီခယ္လ္ အာတီတာကလည္း လက္လႊတ္ႏုိင္ၿပီး အင္တာမီလန္ဘက္ကေတာ့ သူတုိ႔နဲ႔ အံဝင္မွဳ မရွိတဲ့ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္နဲ႔ အလဲလွယ္ျပဳလုပ္ဖြယ္ရွိေနပါတယ္။

အသက္အရြယ္ခ်င္းကလည္း ၂၇ ႏွစ္စီ ရွိေနၾကတဲ့ ဆြစ္ဇာလန္သားနဲ႔ ဒိန္းမတ္သားတုိ႔ကို လဲလွယ္ႏုိင္ခဲ့ရင္ အာဆင္နယ္အသင္းမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ ဖန္တီးမွဳေတြကို ျပန္လည္ျမင္ေတြ႕ရႏုိင္ၿပီး အိုေဇးလ္ထက္စာရင္ လုပ္အားႏွဳန္းေကာင္းေကာင္းနဲ႔ ေမာ္ရင္ညဳိလက္ထက္ မေရာက္ခင္အထိ စပါးစ္အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ ကစားသမားအေနနဲ႔ သူ႕ရဲ႕ ၿငီးေငြ႕ဖြယ္ ဆန္စီ႐ိုမွတ္တမ္းကို အဆုံးသတ္ခ်င္ေနမွာလည္းျဖစ္ပါတယ္။

ေသာမတ္စ္ ပါေတးနဲ႔ အယ္လ္နန္နီတုိ႔ ေျခစြမ္းျပထားႏုိင္ၾကခ်ိန္မွာ ခ်ာကာ၊ အုိေဇးလ္တုိ႔နဲ႔ တြဲဖက္သုံးစြဲမယ့္အစား အဲရစ္ဆန္ဆုိရင္ေတာ့ ပရီးမီးယားလိဂ္ကို ေကာင္းေကာင္းအသားက်ၿပီးျဖစ္တဲ့ ပေလးမိတ္ကာတစ္ဦးကို အာဆင္နယ္တုိ႔ အက်ဳိးရွိရွိသုံးစြဲႏိုင္မွာျဖစ္ၿပီး ဖန္တီးမွဳေတြ က်ဆင္းေနတဲ့ ကြင္းလယ္အတြက္ေတာ့ ပါးနပ္ၿပီး ႏွစ္ဦးႏွစ္ဖက္ အက်ဳိးရွိတဲ့ အလဲအထပ္ျဖစ္လာမလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပေပးလုိက္ပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.