Ligue1

ကာနီဗယ္လ္ပြဲနဲ႔ ဘယ္ေတာ့မွ မလြဲတဲ့ ေနမာ

ပီအက္စ္ဂ်ီအသင္းရဲ႕ ဘရာဇီးလ္တုိက္စစ္မွဴး ေနမာ ဂ်ဴနီယာဟာ ESPN ရဲ႕ ေတြ႕ဆုံေမးျမန္းမွဳမွာ သူ႕အေနနဲ႔ ၂၀၂၀ ခုႏွစ္ ဘရာဇီးလ္ ကာနီဗယ္ပြဲေတာ္ကို လြဲေခ်ာ္ရင္း လြမ္းေနရေတာ့မယ္လို႔ဆုိခဲ့ေပမယ့္ ဒီတစ္ပတ္မွာ ပြဲပယ္ခံရေတာ့မွာျဖစ္လို႔ သြားေရာက္ႏုိင္ေတာ့မွာျဖစ္ပါတယ္။

ေနမာဟာ ၂၀၁၄ ခုႏွစ္ကတည္းက သူ႕ညီမရဲ႕ ေမြးေန႔နဲ႔ ဘရာဇီးလ္ကာနီဗယ္လ္ပြဲေတာ္တုိ႔ကို အေၾကာင္းအမ်ဳိးမ်ဳိးျပၿပီး သြားေရာက္ခဲ့တာလို႔ လူေတြက ေဝဖန္ေနၾကၿပီး ဒီႏွစ္မွာေတာ့ မသြားႏုိင္ေတာ့ဘူးလို႔ ဆုိခဲ့ေပမယ့္ တနဂၤေႏြေန႔ညက ေဘာ္ဒိုးနဲ႔ပြဲမွာ ႏွစ္ဝါတစ္နီနဲ႔ တုိက္တုိက္ဆုိင္ဆုိင္ ထုတ္ပယ္ခံခဲ့ရတာပါ။

ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိ က်င္းပလ်က္ရွိတဲ့ ၂၀၂၀ ဘရာဇီးလ္ကာနီဗယ္လ္ပြဲေတာ္ကို ေနမာအေနနဲ႔ အသင္းရဲ႕ ၂၉ ရက္ေန႔မွာ ကစားရမယ့္ ဒီဂၽြန္နဲ႔ လီဂူးဝမ္းပြဲကို အပယ္ခံရမွာျဖစ္လို႔ သြားေရာက္ႏုိင္မွာျဖစ္ၿပီး တကယ္ေရာက္မေရာက္ဆုိတာကိုေတာ့ အေထာက္အထား ေတြကို ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ေနမာဟာ ၂၀၁၅ ခုႏွစ္မွာ ဒီရက္ပုိင္းမွာ ပြဲပယ္ခံခဲ့ရၿပီး၊ ၂၀၁၆ မွာလည္း တူညီစြာ ပြဲပယ္ခံခဲ့ရသလို ၂၀၁၇ မွာေတာ့ ၾကြက္သားဒဏ္ရာ ရရွိေနခဲ့ပါတယ္။ ၂၀၁၈ နဲ႔ ၂၀၁၉ ခုႏွစ္ေတြမွာလည္း ဒီအခ်ိန္မွာ သူဟာ ေျခဖဝါးအ႐ိုးဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရၿပီး ဒီႏွစ္မွာေတာ့ သူဟာ တစ္ပြဲပဲ အပယ္ခံရတာမို႔ လူေတြ သံသယဝင္စရာ ဆက္ဆံေရးနဲ႔ ညီမေတာ္ကို ခဏတာ မ်က္ႏွာျပန္ျပႏုိင္ဖို႔ပဲ ရွိပါေတာ့တယ္။

ရာဖယ္လာ ဘက္ခရန္ဆိုတဲ့ အမည္နဲ႔ ေမာ္ဒယ္လ္ဘဝကို ေလွ်ာက္လွမ္းဖို႔ ေရြးခ်ယ္ထားခဲ့တဲ့ ေနမာရဲ႕ ညီမျဖစ္သူရဲ႕ ေမြးေန႔ကေတာ့ မတ္လ ၁၁ ရက္ေန႔မွာျဖစ္ၿပီး ဒီတစ္ႏွစ္မွာေတာ့ ပီအက္စ္ဂ်ီနဲ႔ ေဒါ့မြန္တို႔ရဲ႕ အေရးႀကီးတဲ့ အိမ္ကြင္းပြဲစဥ္ကို ၁၂ ရက္ေန႔မွာ ကစားရမွာမို႔ သူ႕အေနနဲ႔ ႏွစ္ဝါတစ္နီယူၿပီး ကာနီဗယ္လ္ကို သြားႏုိင္တာကို တခ်ဳိ႕ပရိသတ္ေတြက ဂုဏ္ယူေၾကာင္း ေရးသားခဲ့ၾကပါတယ္။

REF: BBC
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာ ဂျူနီယာဟာ ESPN ရဲ့ တွေ့ဆုံမေးမြန်းမှုမှာ သူ့အနေနဲ့ ၂၀၂၀ ခုနှစ် ဘရာဇီးလ် ကာနီဗယ်ပွဲတော်ကို လွဲချော်ရင်း လွမ်းနေရတော့မယ်လို့ဆိုခဲ့ပေမယ့် ဒီတစ်ပတ်မှာ ပွဲပယ်ခံရတော့မှာဖြစ်လို့ သွားရောက်နိုင်တော့မှာဖြစ်ပါတယ်။

နေမာဟာ ၂၀၁၄ ခုနှစ်ကတည်းက သူ့ညီမရဲ့ မွေးနေ့နဲ့ ဘရာဇီးလ်ကာနီဗယ်လ်ပွဲတော်တို့ကို အကြောင်းအမျိုးမျိုးပြပြီး သွားရောက်ခဲ့တာလို့ လူတွေက ဝေဖန်နေကြပြီး ဒီနှစ်မှာတော့ မသွားနိုင်တော့ဘူးလို့ ဆိုခဲ့ပေမယ့် တနင်္ဂနွေနေ့ညက ဘော်ဒိုးနဲ့ပွဲမှာ နှစ်ဝါတစ်နီနဲ့ တိုက်တိုက်ဆိုင်ဆိုင် ထုတ်ပယ်ခံခဲ့ရတာပါ။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပလျက်ရှိတဲ့ ၂၀၂၀ ဘရာဇီးလ်ကာနီဗယ်လ်ပွဲတော်ကို နေမာအနေနဲ့ အသင်းရဲ့ ၂၉ ရက်နေ့မှာ ကစားရမယ့် ဒီဂျွန်နဲ့ လီဂူးဝမ်းပွဲကို အပယ်ခံရမှာဖြစ်လို့ သွားရောက်နိုင်မှာဖြစ်ပြီး တကယ်ရောက်မရောက်ဆိုတာကိုတော့ အထောက်အထား တွေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

နေမာဟာ ၂၀၁၅ ခုနှစ်မှာ ဒီရက်ပိုင်းမှာ ပွဲပယ်ခံခဲ့ရပြီး၊ ၂၀၁၆ မှာလည်း တူညီစွာ ပွဲပယ်ခံခဲ့ရသလို ၂၀၁၇ မှာတော့ ကြွက်သားဒဏ်ရာ ရရှိနေခဲ့ပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာလည်း ဒီအချိန်မှာ သူဟာ ခြေဖဝါးအရိုးဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ဒီနှစ်မှာတော့ သူဟာ တစ်ပွဲပဲ အပယ်ခံရတာမို့ လူတွေ သံသယဝင်စရာ ဆက်ဆံရေးနဲ့ ညီမတော်ကို ခဏတာ မျက်နှာပြန်ပြနိုင်ဖို့ပဲ ရှိပါတော့တယ်။

ရာဖယ်လာ ဘက်ခရန်ဆိုတဲ့ အမည်နဲ့ မော်ဒယ်လ်ဘဝကို လျှောက်လှမ်းဖို့ ရွေးချယ်ထားခဲ့တဲ့ နေမာရဲ့ ညီမဖြစ်သူရဲ့ မွေးနေ့ကတော့ မတ်လ ၁၁ ရက်နေ့မှာဖြစ်ပြီး ဒီတစ်နှစ်မှာတော့ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့ရဲ့ အရေးကြီးတဲ့ အိမ်ကွင်းပွဲစဉ်ကို ၁၂ ရက်နေ့မှာ ကစားရမှာမို့ သူ့အနေနဲ့ နှစ်ဝါတစ်နီယူပြီး ကာနီဗယ်လ်ကို သွားနိုင်တာကို တချို့ပရိသတ်တွေက ဂုဏ်ယူကြောင်း ရေးသားခဲ့ကြပါတယ်။

REF: BBC
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.