Ligue1

ေနမာကို တစ္ပတ္လုပ္ခ ေပါင္ ၆ သိန္း ေပးေတာ့မယ္လို႔ သတင္းထြက္လာ

ၿပီးခဲ့တဲ့ ေႏြရာသီက ပီအက္စ္ဂ်ီကေန ထြက္ခ်င္တဲ့အေၾကာင္းကို လူသိရွင္ၾကားထုတ္ေျပာခဲ့တာေၾကာင့္ အသင္းပရိသတ္ေတြရဲ႕ ဆဲဆိုႀကိမ္းေမာင္းတာေတြကို ခံခဲ့ရတဲ့ ဘရာဇီးၾကယ္ပြင့္ ေနမာဂ်ဴနီယာဟာ အခုေတာ့ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ေတာင္ ျပင္ဆင္ေနပါၿပီ။

ပီအက္စ္ဂ်ီနဲ႔ ေနမာတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းက ၂၀၂၂ခုႏွစ္ ဇြန္လမွာ သက္တမ္းကုန္မွာပါ။ အခု အသက္(၂၈)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေနမာဟာ အေကာင္းဆံုးအရြယ္မွာ စပိန္ကို တစ္ေက်ာ့ျပန္ေျပာင္းဖို႔ ဆႏၵရွိခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုးထြက္ေပၚလာတဲ့ သတင္းမွာေတာ့ ေနမာဂ်ဴနီယာဟာ တစ္ပတ္လုပ္ခ ေပါင္(၆၀၀၀၀၀)ရမယ့္ စာခ်ဳပ္သစ္ကို စတင္ေဆြးေႏြးေနၿပီလို႔ ဆိုပါတယ္။

ေနမာနဲ႔ ပီအက္စ္ဂ်ီတို႔ စာခ်ဳပ္သက္တမ္းတိုးမယ့္အေၾကာင္းကို ကာတလန္အေျခစိုက္ အယ္လ္မြန္ဒိုသတင္းစာက ေဖာ္ေကာင္လုပ္ခဲ့တာပါ။ ပီအက္စ္ဂ်ီဟာ ၂၀၁၇ခုႏွစ္၊ ၾသဂုတ္လက ေနမာကို ဘာစီလိုနာအသင္းကေနေပါင္(၁၉၈)သန္းနဲ႔ ေခၚခဲ့တာျဖစ္ၿပီး ပါရီသားေတြရဲ႕ ကစားသမားဘ၀မွာ ျပည္တြင္း ေအာင္ျမင္မႈေတြကိုရခဲ့ေပမယ့္ တကယ္လိုခ်င္ေနတဲ့ ဥေရာပေအာင္ျမင္မႈကိုေတာ့ မယူႏိုင္ေသးပါဘူး။

ပီအက္စ္ဂ်ီအသင္းမွာ (၇၇)ပြဲကစား၊(၆၇)ဂိုးအထိ သြင္းႏုိင္ခဲ့ေပမယ့္ ဥေရာပအဆင့္မွာေတာ့ စြမ္းေဆာင္ရည္ နည္းပါးေနခဲ့ပါတယ္။ အထူးသျဖင့္ ေနမာဟာ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ပြဲစဥ္ေတြ ေရာက္ရင္ ဒဏ္ရာရေနတာေၾကာင့္ ေနာက္ဆံုး(၂)ရာသီအတြင္း ေဖေဖာ္၀ါရီလ ခ်န္ပီယံလိဂ္ပြဲေတြကို သူ လြဲေခ်ာ္ခဲ့ရပါတယ္။

ဒီႏွစ္မွာေတာ့ အသက္ ၂၈ ႏွစ္အရြယ္ ဘရာဇီးလ္တုိက္စစ္မွဴးအေနနဲ႔ ေျခစြမ္းပုိမိုျမင့္တက္လာသလို ရွဳျမင္ရၿပီး ခ်န္ပီယံလိဂ္ ၁၆ သင္း ရွဳံးထြက္အဆင့္ ဘိုရုရွားေဒါ့တ္မြန္နဲ႔ အေ၀းကြင္းပြဲစဥ္မွာ အဖိုးတန္ အေ၀းဂိုးတစ္ဂိုးကို သြင္းႏိုင္ခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ နွေရာသီက ပီအက်စ်ဂျီကနေ ထွက်ချင်တဲ့အကြောင်းကို လူသိရှင်ကြားထုတ်ပြောခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့ ဆဲဆိုကြိမ်းမောင်းတာတွေကို ခံခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့် နေမာဂျူနီယာဟာ အခုတော့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့တောင် ပြင်ဆင်နေပါပြီ။

ပီအက်စ်ဂျီနဲ့ နေမာတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၂ခုနှစ် ဇွန်လမှာ သက်တမ်းကုန်မှာပါ။ အခု အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ အကောင်းဆုံးအရွယ်မှာ စပိန်ကို တစ်ကျော့ပြန်ပြောင်းဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းမှာတော့ နေမာဂျူနီယာဟာ တစ်ပတ်လုပ်ခ ပေါင်(၆၀၀၀၀၀)ရမယ့် စာချုပ်သစ်ကို စတင်ဆွေးနွေးနေပြီလို့ ဆိုပါတယ်။

နေမာနဲ့ ပီအက်စ်ဂျီတို့ စာချုပ်သက်တမ်းတိုးမယ့်အကြောင်းကို ကာတလန်အခြေစိုက် အယ်လ်မွန်ဒိုသတင်းစာက ဖော်ကောင်လုပ်ခဲ့တာပါ။ ပီအက်စ်ဂျီဟာ ၂၀၁၇ခုနှစ်၊ သြဂုတ်လက နေမာကို ဘာစီလိုနာအသင်းကနေပေါင်(၁၉၈)သန်းနဲ့ ခေါ်ခဲ့တာဖြစ်ပြီး ပါရီသားတွေရဲ့ ကစားသမားဘဝမှာ ပြည်တွင်း အောင်မြင်မှုတွေကိုရခဲ့ပေမယ့် တကယ်လိုချင်နေတဲ့ ဥရောပအောင်မြင်မှုကိုတော့ မယူနိုင်သေးပါဘူး။

ပီအက်စ်ဂျီအသင်းမှာ (၇၇)ပွဲကစား၊(၆၇)ဂိုးအထိ သွင်းနိုင်ခဲ့ပေမယ့် ဥရောပအဆင့်မှာတော့ စွမ်းဆောင်ရည် နည်းပါးနေခဲ့ပါတယ်။ အထူးသဖြင့် နေမာဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်တွေ ရောက်ရင် ဒဏ်ရာရနေတာကြောင့် နောက်ဆုံး(၂)ရာသီအတွင်း ဖေဖော်ဝါရီလ ချန်ပီယံလိဂ်ပွဲတွေကို သူ လွဲချော်ခဲ့ရပါတယ်။

ဒီနှစ်မှာတော့ အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးအနေနဲ့ ခြေစွမ်းပိုမိုမြင့်တက်လာသလို ရှုမြင်ရပြီး ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဘိုရုရှားဒေါ့တ်မွန်နဲ့ အဝေးကွင်းပွဲစဉ်မှာ အဖိုးတန် အဝေးဂိုးတစ်ဂိုးကို သွင်းနိုင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.