Premier League

စွမ်းဆောင်ရည် ကျဆင်းနေတယ်ဆိုတာကို မက်ဂွိုင်းယားရဲ့ မှတ်တမ်းတွေက ဆန့်ကျင်နေ

ဗဟိုခံစစ်မှူးတယောက်အတွက် စံချိန်တင် ပေါင်သန်း ၈၀ အထိ အသုံးပြုပြီး အိုးထရက်ဖို့ဒ်မြေဆီ ခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ ဟာရီ မက်ဂွိုင်းဟာ မန်ချက်စတာယူနိုက်တက်အတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ အပြောင်းအရွှေ့တခုဖြစ်ခဲ့တယ်လို့ ပရိသတ်တွေရဲ့ စိတ်တိုင်းမကျမှုတွေ ထွက်​ပေါ်လာခဲ့တာတော့ လက်ခံကြရမှာပါ။

မက်ဂွိုင်းယားရဲ့ ကွင်းထဲက ခြေစွမ်းဟာ တနေ့ရွှေ တနေ့ငွေဖြစ်နေခဲ့ပြီး အားရစရာ စွမ်းဆောင်ရည်အဖြစ် တရာသီလုံးစာအနေနဲ့ ခြေစွမ်း တည်တည်ငြိမ်ငြိမ်နဲ့ မြင်ခဲ့ရတာတော့ အတော်လေးရှားပါးခဲ့ပါတယ်။ ခံစစ်ကို ဦးဆောင်နိုင်စွမ်း ပြသနိုင်ပေမယ့် ကလေးဆန်ဆန် မိုက်မဲတဲ့အမှားမျိုးကိုလည်း ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး အတက်အကျများလွန်းတဲ့ ခြေစွမ်းက ဟာရီ မက်ဂွိုင်းယားရဲ့ ယူနိုက်တက်စွမ်းဆောင်ရည် တကယ်ပဲ ကျဆုံးခဲ့တာလားဆိုတာကို CIES Football Observatory အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ တဦးချင်း စွမ်းဆောင်ရည် ကိန်းဂဏန်းအချက်အလက်တွေအရ ပရိသတ်တွေ စိတ်ကျေနပ်စရာ အဖြေတခုတော့ တွေ့ရှိခဲ့ရပါတယ်။

သူဟာ လက်ရှိရာသီ အမြင့်ဘောရှင်းထုတ်နိုင်မှုအနေနဲ့ ၉၀ ရာခိုင်နှုန်းအထိ အောင်မြင်အောင် စွမ်းဆောင်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ အမြင့်ဘောရှင်းထုတ်မှု အကြိမ် ၃၀ ပြုလုပ်ထားပြီး ၂၇ ကြိမ် အောင်မြင်ထားခဲ့သလို ဒါဟာ ဥရောပအကောင်းဆုံး ထိပ်သီးလိဂ် ၁၀ ခုမှာ ဗာရွန်း၊ ယယ်ရီ မီနာတို့ကို ကျော်ဖြတ်ပြီး အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းလည်းဖြစ်ပါတယ်။

သူဟာ ကြံ့ခိုင်မှုအားပြုတဲ့ ကစားပွဲတွေမှာ ခေါင်းတိုက်ကောင်းပြီး မာကျောကာ အမြင့်ဘော အားသာချက်ရှိသူအဖြစ် သက်သေပြခဲ့တဲ့ အချက်အလက်ပိုင်းဆိုင်ရာဖြစ်ပြီး သူ့ရဲ့ ဒီအားသာချက်ကို လေ့ကျင့်ရေးကွင်းထဲကနေ ဒီထက်ပိုပြီး တဆင့်မြှင့်တင်ပေးမယ့်သူက ကမ္ဘာ့အဆင့် ဂိုးမုဆိုး ကာဗာနီတစ်ယောက် ရှိနေပါတယ်။ ကာဗာနီနဲ့ ထိပ်တိုက်ရင်ဆိုင်ပွဲတွေကနေတဆင့် မက်ဂွိုင်းယားအနေနဲ့ သင်ယူစရာ၊ တိုးတက်မှုများစွာ ရရှိလာဦးမှာလည်း ဖြစ်ပါတယ်။

“ကာဗာနီနဲ့ ထိပ်တိုက်တွေ့ရပြီဆိုရင်တော့ သူ့ကို ကိုယ့်လုပ်သမျှနည်းလမ်းစုံသုံးပြီး အကောင်းဆုံးတားဆီးရပါတယ်။ သတိကြီးကြီးနဲ့ ကိုင်တွယ်ရပါတယ်။ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်ဆောင်ရင်း ကိုယ့်ရဲ့အဆင့်ကိုပါ တဆင့်မြှင့်ပေးတဲ့ ကစားသမားမျိုးတွေပါ။ သူတို့နဲ့ ဆုံတွေ့ရလေ ကိုယ်ကတိုးတက်မှုရရှိလေပါပဲ”လို့ ကာဗာနီရဲ့ ပီအက်စ်ဂျီအသင်းဖော်ဟောင်း မားကင်ညို့စ်ရဲ့ ပြောဆိုမှုဟာလည်း မက်ဂွိုင်းယားအတွက် မှတ်သားစရာ အကြံဉာဏ်တခုဖြစ်လာမယ်လို့ ယူဆနိုင်သလို ဒီထက်ပိုတိုးတက်လာတဲ့ သူ့ရဲ့ပုံစံကို ယူနိုက်တက်ပရိသတ်များက အလိုရှိတောင့်တနေပြီလည်းဖြစ်ပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဗဟိုခံစစ္မႉးတေယာက္အတြက္ စံခ်ိန္တင္ ေပါင္သန္း ၈၀ အထိ အသုံးျပဳၿပီး အိုးထရက္ဖို႔ဒ္ေျမဆီ ေခၚေဆာင္ျခင္းခံခဲ့ရတဲ့ ဟာရီ မက္ဂြိုင္းဟာ မန္ခ်က္စတာယူနိုက္တက္အတြက္ မွန္းခ်က္နဲ႕ ႏွမ္းထြက္မကိုက္ခဲ့တဲ့ အေျပာင္းအေ႐ႊ႕တခုျဖစ္ခဲ့တယ္လို႔ ပရိသတ္ေတြရဲ႕ စိတ္တိုင္းမက်မႈေတြ ထြက္​ေပၚလာခဲ့တာေတာ့ လက္ခံၾကရမွာပါ။

မက္ဂြိုင္းယားရဲ႕ ကြင္းထဲက ေျခစြမ္းဟာ တေန႕ေ႐ႊ တေန႕ေငြျဖစ္ေနခဲ့ၿပီး အားရစရာ စြမ္းေဆာင္ရည္အျဖစ္ တရာသီလုံးစာအေနနဲ႕ ေျခစြမ္း တည္တည္ၿငိမ္ၿငိမ္နဲ႕ ျမင္ခဲ့ရတာေတာ့ အေတာ္ေလးရွားပါးခဲ့ပါတယ္။ ခံစစ္ကို ဦးေဆာင္နိုင္စြမ္း ျပသနိုင္ေပမယ့္ ကေလးဆန္ဆန္ မိုက္မဲတဲ့အမွားမ်ိဳးကိုလည္း ဆက္လက္က်ဴးလြန္ေနဆဲျဖစ္ၿပီး အတက္အက်မ်ားလြန္းတဲ့ ေျခစြမ္းက ဟာရီ မက္ဂြိုင္းယားရဲ႕ ယူနိုက္တက္စြမ္းေဆာင္ရည္ တကယ္ပဲ က်ဆဳံးခဲ့တာလားဆိုတာကို CIES Football Observatory အဖြဲ႕က ထုတ္ျပန္ခဲ့တဲ့ တဦးခ်င္း စြမ္းေဆာင္ရည္ ကိန္းဂဏန္းအခ်က္အလက္ေတြအရ ပရိသတ္ေတြ စိတ္ေက်နပ္စရာ အေျဖတခုေတာ့ ေတြ႕ရွိခဲ့ရပါတယ္။

သူဟာ လက္ရွိရာသီ အျမင့္ေဘာရွင္းထုတ္နိုင္မႈအေနနဲ႕ ၉၀ ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ထားနိုင္ခဲ့တယ္လို႔ သိရပါတယ္။ အျမင့္ေဘာရွင္းထုတ္မႈ အႀကိမ္ ၃၀ ျပဳလုပ္ထားၿပီး ၂၇ ႀကိမ္ ေအာင္ျမင္ထားခဲ့သလို ဒါဟာ ဥေရာပအေကာင္းဆုံး ထိပ္သီးလိဂ္ ၁၀ ခုမွာ ဗာရြန္း၊ ယယ္ရီ မီနာတို႔ကို ေက်ာ္ျဖတ္ၿပီး အဆင့္ ၃ ေနရာမွာ ရပ္တည္ႏုိင္ခဲ့တဲ့ မွတ္တမ္းေကာင္းလည္းျဖစ္ပါတယ္။

သူဟာ ႀကံ့ခိုင္မႈအားျပဳတဲ့ ကစားပြဲေတြမွာ ေခါင္းတိုက္ေကာင္းၿပီး မာေက်ာကာ အျမင့္ေဘာ အားသာခ်က္ရွိသူအျဖစ္ သက္ေသျပခဲ့တဲ့ အခ်က္အလက္ပိုင္းဆိုင္ရာျဖစ္ၿပီး သူ႕ရဲ႕ ဒီအားသာခ်က္ကို ေလ့က်င့္ေရးကြင္းထဲကေန ဒီထက္ပိုၿပီး တဆင့္ျမႇင့္တင္ေပးမယ့္သူက ကမၻာ့အဆင့္ ဂိုးမုဆိုး ကာဗာနီတစ္ေယာက္ ရွိေနပါတယ္။ ကာဗာနီနဲ႕ ထိပ္တိုက္ရင္ဆိုင္ပြဲေတြကေနတဆင့္ မက္ဂြိုင္းယားအေနနဲ႕ သင္ယူစရာ၊ တိုးတက္မႈမ်ားစြာ ရရွိလာဦးမွာလည္း ျဖစ္ပါတယ္။

“ကာဗာနီနဲ႕ ထိပ္တိုက္ေတြ႕ရၿပီဆိုရင္ေတာ့ သူ႕ကို ကိုယ့္လုပ္သမွ်နည္းလမ္းစုံသုံးၿပီး အေကာင္းဆုံးတားဆီးရပါတယ္။ သတိႀကီးႀကီးနဲ႕ ကိုင္တြယ္ရပါတယ္။ ေလ့က်င့္ေရးကြင္းမွာ အေကာင္းဆုံးလုပ္ေဆာင္ရင္း ကိုယ့္ရဲ႕အဆင့္ကိုပါ တဆင့္ျမႇင့္ေပးတဲ့ ကစားသမားမ်ိဳးေတြပါ။ သူတို႔နဲ႕ ဆုံေတြ႕ရေလ ကိုယ္ကတိုးတက္မႈရရွိေလပါပဲ”လို႔ ကာဗာနီရဲ႕ ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း မားကင္ညဳိ႕စ္ရဲ႕ ေျပာဆိုမႈဟာလည္း မက္ဂြိုင္းယားအတြက္ မွတ္သားစရာ အႀကံဥာဏ္တခုျဖစ္လာမယ္လို႔ ယူဆႏိုင္သလို ဒီထက္ပိုတိုးတက္လာ​တဲ့ သူ႕ရဲ႕ပုံစံကို ယူနိုက္တက္ပရိသတ္မ်ားက အလိုရွိေတာင့္တေန​ၿပီလည္းျဖစ္ပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.