Premier League

၁၇.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ခဲ့တဲ့ UEFA Nations League ပွဲစဥ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဘယ်နောက်ခံလူ ဘန်ချေးလ်ဝဲလ်ဟာ စိုးရိမ်ရခြင်းမရှိဘဲ လာမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်နိုင်ခြင်း ရှိမရှိကိုမူ ဒဏ်ရာစစ်ဆေးမှု ပြုလုပ်ရဦးမည်ဖြစ်။

ဗဟိုခံစစ်မှူး ဇူးမားဟာ ဒီရာသီ ဥရောပထိပ်သီးလိဂ် ၁၀ ခုမှာ အမြင့်ဘောရှင်းထုတ်နိုင်မှု အမြင့်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး ၂၇ ကြိမ်ရှင်းထုတ်ရာမှာ ၂၆ ကြိမ်အထိ အောင်မြင်ထားခဲ့ကြောင်း သိရ။

ချယ်လ်ဆီးအသင်းဟာ ဝက်စ်ဟမ်း ကစားသမား ရိုက်စ်ကို စျေးကြီးပေး ခေါ်ယူရင်တောင်မှ လာမယ့် ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖွယ် မရှိသေးဘဲ မားကို့စ် အလွန်ဆို၊ အီမာဆန်၊ ဒရင့်ခ်ဝါးတား၊ ဘာကလေ၊ ခရစ္စတန်ဆန်တို့ အုပ်စုကို အဦးဆုံး ရှင်းထုတ်သွားဖွယ်ရှိနေ။

ပီအက်စ်ဂျီအသင်းဟာ အန်ဂိုလို ကွန်တေကို အသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်မယ့် ကစားသမားလို့ ယုံကြည်လျက်ရှိကာငွေကြေးပုံအောသုံးစွဲပြီး ပါရီမြေဆီ အရောက်ခေါ်ယူသွားဖို့ အထူးစိတ်ဝင်စားနေသလို ချယ်လ်ဆီးအသင်းကလည်း ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ငွေကြေးအရ ရောင်းထုတ်သွားဖွယ်ရှိ။

ဝေဖန်မှုတွေ အဆမတန်ခံယူနေရတဲ့ ကယ်ပါဟာ ကောင်းမွန်တဲ့ ခေါ်ယူမှုတခုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ချယ်လ်ဆီး ဂိုးသမားဟောင်း ဘီဂိုဗစ်က ယုံကြည်ချက် ရှိနေပြီး သူဟာ အမြန်ဆုံး ပြန်လည်ရုန်းထကာ စတန်းဖို့ဒ်ဘရစ်ချ်မှာ အောင်မြင်မှုတွေ ရယူပြမယ့်သူလို့ ကာကွယ်ပေးသွားခဲ့။

လာလီဂါဘီလူးကြီး ဘာစီလိုနာအသင်းက အန်တိုနီယို ရူဒီဂါကို ခေါ်ယူဖို့ စိတ်ဝင်တစား ချိတ်ဆက်မှုတွေ ပြုလုပ်နေတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ သူ့ကို ပေါင်သန်း ၃၀ နဲ့ အသင်းကနေ အမြန်ဆုံးထုတ်စေချင်ကြောင်း ချယ်လ်ဆီးပရိသတ်တွေက တွစ်တာပေါ်မှာ တုံ့ပြန်သွား။

နာပိုလီအသင်းမှာ အငှားသွားရောက်ကစားနေတဲ့ ဘာကာယိုကိုကို ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းနဲ့ အပြီးသတ်ရောင်းထုတ်ဖို့ ချယ်လ်ဆီး နဲ့ နာပိုလီ နှစ်သင်းကြား သဘောတူညီနိုင်ခဲ့ပြီလို့ အီတလီသတင်းတွေက ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘယ္လ္ဂ်ီယံအသင္းကို ရႈံးနိမ့္ခဲ့တဲ့ UEFA Nations League ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့တဲ့ ဘယ္ေနာက္ခံလူ ဘန္ေခ်းလ္ဝဲလ္ဟာ စိုးရိမ္ရျခင္းမရွိဘဲ လာမယ့္ နယူးကာဆယ္နဲ႕ပြဲမွာ ပါဝင္နိုင္ျခင္း ရွိမရွိကိုမူ ဒဏ္ရာစစ္ေဆးမႈ ျပဳလုပ္ရဦးမည္ျဖစ္။

ဗဟိုခံစစ္မႉး ဇူးမားဟာ ဒီရာသီ ဥေရာပထိပ္သီးလိဂ္ ၁၀ ခုမွာ အျမင့္ေဘာရွင္းထုတ္နိုင္မႈ အျမင့္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္နိုင္ခဲ့ၿပီး ၂၇ ႀကိမ္ရွင္းထုတ္ရာမွာ ၂၆ ႀကိမ္အထိ ေအာင္ျမင္ထားခဲ့ေၾကာင္း သိရ။

ခ်ယ္လ္ဆီးအသင္းဟာ ဝက္စ္ဟမ္း ကစားသမား ရိုက္စ္ကို ေစ်းႀကီးေပး ေခၚယူရင္ေတာင္မွ လာမယ့္ ဇန္နဝါရီမွာ ေခၚယူနိုင္ဖြယ္ မရွိေသးဘဲ မားကို႔စ္ အလြန္ဆို၊ အီမာဆန္၊ ဒရင့္ခ္ဝါးတား၊ ဘာကေလ၊ ခရစၥတန္ဆန္တို႔ အုပ္စုကို အဦးဆုံး ရွင္းထုတ္သြားဖြယ္ရွိေန။

ပီအက္စ္ဂ်ီအသင္းဟာ အန္ဂိုလို ကြန္ေတကို အသင္းအတြက္ ခ်န္ပီယံလိဂ္ဖလား ရယူေပးနိုင္မယ့္ ကစားသမားလို႔ ယုံၾကည္လ်က္ရွိကာေငြေၾကးပုံေအာသုံးစြဲၿပီး ပါရီေျမဆီ အေရာက္ေခၚယူသြားဖို႔ အထူးစိတ္ဝင္စားေနသလို ခ်ယ္လ္ဆီးအသင္းကလည္း ရိုက္စ္ကို ေခၚယူနိုင္ဖို႔ ေငြေၾကးအရ ေရာင္းထုတ္သြားဖြယ္ရွိ။

ေဝဖန္မႈေတြ အဆမတန္ခံယူေနရတဲ့ ကယ္ပါဟာ ေကာင္းမြန္တဲ့ ေခၚယူမႈတခုအျဖစ္ ရွိေနဆဲျဖစ္တယ္လို႔ ခ်ယ္လ္ဆီး ဂိုးသမားေဟာင္း ဘီဂိုဗစ္က ယုံၾကည္ခ်က္ ရွိေနၿပီး သူဟာ အျမန္ဆုံး ျပန္လည္႐ုန္းထကာ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ေအာင္ျမင္မႈေတြ ရယူျပမယ့္သူလို႔ ကာကြယ္ေပးသြားခဲ့။

လာလီဂါဘီလူးႀကီး ဘာစီလိုနာအသင္းက အန္တိုနီယို ႐ူဒီဂါကို ေခၚယူဖို႔ စိတ္ဝင္တစား ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတဲ့ သတင္းေတြ ထြက္ေပၚလာအၿပီးမွာ သူ႕ကို ေပါင္သန္း ၃၀ နဲ႕ အသင္းကေန အျမန္ဆုံးထုတ္ေစခ်င္ေၾကာင္း ခ်ယ္လ္ဆီးပရိသတ္ေတြက တြစ္တာေပၚမွာ တုံ႕ျပန္သြား။

နာပိုလီအသင္းမွာ အငွားသြားေရာက္ကစားေနတဲ့ ဘာကာယိုကိုကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၆ သန္းနဲ႕ အၿပီးသတ္ေရာင္းထုတ္ဖို႔ ခ်ယ္လ္ဆီး နဲ႕ နာပိုလီ ႏွစ္သင္းၾကား သေဘာတူညီနိုင္ခဲ့ၿပီလို႔ အီတလီသတင္းေတြက ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.