Premier League

မာစီယယ္လ္ကို အႀကံေပးလုိက္တဲ့ တုိက္စစ္မွဴးေဟာင္း ဆာဟာ

မန္ခ်က္စတာယူႏို္က္တက္တိုက္စစ္မွဴးေဟာင္း လူး၀စ္ ဆာဟာက အန္တိုနီ မာစီယယ္လ္အေနနဲ႔ ကမၻာ႔ထိပ္တန္းတုိက္စစ္မွဴးတစ္ေယာက္ျဖစ္ခ်င္ရင္ ၿပိဳင္ဘက္ဂိုးေရွ႕မွာ ပိုၿပီးေၾကာက္စရာေကာင္းေလာက္တဲ့ ေျခစြမ္းမ်ိဳးရေအာင္ႀကိဳးစားရမယ္လို႔ ျပင္သစ္သားအခ်င္းခ်င္း အႀကံျပဳလိုက္ပါတယ္။

မာစီယယ္လ္ဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ (၁၅)ဂိုးသြင္းထားၿပီး ေနာက္ဆံုး(၃)ပြဲဆက္လည္း ဂိုးသြင္းထားႏိုင္ခဲ့သလို ဒါဟာ ၂၀၁၅ခုႏွစ္က မန္ခ်က္စတာယူႏိုက္တက္ကို မိုနာကိုကေန ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ပိုင္း သူ႔ရဲ႕ အေကာင္းဆံုးဂိုးသြင္းႏႈန္းလည္း ျဖစ္ေနခဲ့ပါတယ္။

အထူးသျဖင့္ ကစားေဖာ္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ေက်ာဒဏ္ရာေၾကာင့္ ရာသီလက္က်န္ပြဲေတြ အမ်ားစုနဲ႔ လြဲေခ်ာ္ရေတာ့မယ့္အခ်ိန္မွာ ဒီအသက္ ၂၄ ႏွစ္အရြယ္ ျပင္သစ္တုိက္စစ္မွဴးအေနနဲ႔ သူ႔အေပၚက်ေရာက္လာတဲ့ ဖိအားေတြကို အေကာင္းဆံုး တံု႔ျပန္ျပေနတယ္လို႔ ဆိုရင္လည္း ရႏုိင္ၿပီး ေနာက္ပုိင္းႏွစ္ေတြမွာ သူ႕ရဲ႕ စိတ္ဓာတ္ႀကံ့ခိုင္မွဳကို ပုိျပႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

လူး၀စ္ ဆာဟာက “သူ႔ရဲ႕ စိတ္ေနသေဘာထားနဲ႔ ပတ္သက္လို႔ မာစီယယ္လ္ဟာ ေ၀ဖန္ခံခဲ့ရပါတယ္။ ဒါေပမယ့္ လူတခ်ိဳ႕က အဓိပၸါယ္ေကာက္လႊဲေနပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႔အသိုင္းအ၀ိုင္းမွာ ရင္ဆိုင္ေနရတဲ့ ျပႆနာပါပဲ။ သူဘယ္လိုလူလဲ၊ ဘာျဖစ္ခ်င္တာလဲဆိုတာကို လူေတြက မသိၾကပါဘူး။ ကၽြန္ေတာ္ကိုယ္တိုင္လည္း တခ်ိဳ႕အခ်ိန္ေတြမွာ ဒီလိုေ၀ဖန္ခံခဲ့ရဖူးပါတယ္။ မတုန္မလႈပ္တဲ့ မ်က္ႏွာေပးမ်ိဳးနဲ႔ေနရင္ အဲဒါေၾကာင့္ပဲ ကိုယ္လုပ္ရမယ့္အလုပ္ကို ပံုမွန္မလုပ္ႏိုင္တာလို႔ ဆိုတတ္ၾကပါတယ္”လို႔ ဆုိခဲ့ၿပီ ဒါေတြကို ေက်ာ္ျဖတ္ႏုိင္ဖို႔ ႀကံ့ခိုင္ဖို႔ ကိုယ့္အလုပ္ကိုယ္လုပ္ဖို႔ပဲ လုိေၾကာင္း ဆုိပါတယ္။

“မာစီယယ္လ္ဟာ ေဘာလံုးပါရမီရွိတဲ့ ကစားသမားပါ။ ကမၻာ႔ထိပ္တန္းတိုက္စစ္မွဴးတစ္ေယာက္ ျဖစ္လာႏိုင္တဲ့ အရည္အခ်င္းအားလံုးကိုလည္း ပုိင္ဆုိင္ထားပါတယ္။ ကိုယ္တိုင္ ဂိုးသြင္းႏိုင္သလို ကစားကြက္ေဖာ္ေဆာင္ရာမွာလည္း ပါ၀င္ႏိုင္ပါတယ္။ အခု သူ႔အေနနဲ႔ ကိုယ္လုပ္စရာရွိတာကိုပဲ အာရံုစိုက္ရပါမယ္။ ၿပီးခဲ့တဲ့ ပြဲေတြကလိုပဲ ၿပိဳင္ဘက္ေတြကို တိက်တဲ့ အဆုံးသတ္မွဳေတြနဲ႔ အႏုိင္ယူႏုိင္ေအာင္ ပိုႀကိဳးစားရပါမယ္။ ဒဏ္ရာကေန သက္သာလာၿပီးကတည္းက သူ အမ်ားႀကီး တိုးတက္လာပါတယ္”လို႔ လူး၀စ္ဆာဟာက ခ်ီးက်ဴးရင္း အႀကံေပးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာက အန်တိုနီ မာစီယယ်လ်အနေနဲ့ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ဖြစ်ချင်ရင် ပြိုင်ဘက်ဂိုးရှေ့မှာ ပိုပြီးကြောက်စရာကောင်းလောက်တဲ့ ခြေစွမ်းမျိုးရအောင်ကြိုးစားရမယ်လို့ ပြင်သစ်သားအချင်းချင်း အကြံပြုလိုက်ပါတယ်။

မာစီယယ်လ်ဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ (၁၅)ဂိုးသွင်းထားပြီး နောက်ဆုံး(၃)ပွဲဆက်လည်း ဂိုးသွင်းထားနိုင်ခဲ့သလို ဒါဟာ ၂၀၁၅ခုနှစ်က မန်ချက်စတာယူနိုက်တက်ကို မိုနာကိုကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ အကောင်းဆုံးဂိုးသွင်းနှုန်းလည်း ဖြစ်နေခဲ့ပါတယ်။

အထူးသဖြင့် ကစားဖော် မားကပ်စ် ရက်ရှ်ဖို့ဒ် ကျောဒဏ်ရာကြောင့် ရာသီလက်ကျန်ပွဲတွေ အများစုနဲ့ လွဲချော်ရတော့မယ့်အချိန်မှာ ဒီအသက် ၂၄ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးအနေနဲ့ သူ့အပေါ်ကျရောက်လာတဲ့ ဖိအားတွေကို အကောင်းဆုံး တုံ့ပြန်ပြနေတယ်လို့ ဆိုရင်လည်း ရနိုင်ပြီး နောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပိုပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လူးဝစ် ဆာဟာက “သူ့ရဲ့ စိတ်နေသဘောထားနဲ့ ပတ်သက်လို့ မာစီယယ်လ်ဟာ ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် လူတချို့က အဓိပ္ပါယ်ကောက်လွှဲနေပါတယ်။ ဒါဟာ ကျွန်တော်တို့အသိုင်းအဝိုင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာပါပဲ။ သူဘယ်လိုလူလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာကို လူတွေက မသိကြပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တချို့အချိန်တွေမှာ ဒီလိုဝေဖန်ခံခဲ့ရဖူးပါတယ်။ မတုန်မလှုပ်တဲ့ မျက်နှာပေးမျိုးနဲ့နေရင် အဲဒါကြောင့်ပဲ ကိုယ်လုပ်ရမယ့်အလုပ်ကို ပုံမှန်မလုပ်နိုင်တာလို့ ဆိုတတ်ကြပါတယ်”လို့ ဆိုခဲ့ပြီ ဒါတွေကို ကျော်ဖြတ်နိုင်ဖို့ ကြံ့ခိုင်ဖို့ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပဲ လိုကြောင်း ဆိုပါတယ်။

“မာစီယယ်လ်ဟာ ဘောလုံးပါရမီရှိတဲ့ ကစားသမားပါ။ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်တဲ့ အရည်အချင်းအားလုံးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကိုယ်တိုင် ဂိုးသွင်းနိုင်သလို ကစားကွက်ဖော်ဆောင်ရာမှာလည်း ပါဝင်နိုင်ပါတယ်။ အခု သူ့အနေနဲ့ ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်ရပါမယ်။ ပြီးခဲ့တဲ့ ပွဲတွေကလိုပဲ ပြိုင်ဘက်တွေကို တိကျတဲ့ အဆုံးသတ်မှုတွေနဲ့ အနိုင်ယူနိုင်အောင် ပိုကြိုးစားရပါမယ်။ ဒဏ်ရာကနေ သက်သာလာပြီးကတည်းက သူ အများကြီး တိုးတက်လာပါတယ်”လို့ လူးဝစ်ဆာဟာက ချီးကျူးရင်း အကြံပေးသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.