Premier League Transfer News

17 Nov နောက်ဆုံးရ အာဆင်နယ် နံနက်ခင်းသတင်းများ စုစည်းမှု

– အီဂျစ်လက်ရွေးစင်အသင်းနဲ့အတူ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှု ခံရသူတွေထဲမှာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားနောက်ကို အာဆင်နယ်ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီလည်း စာရင်းဝင်သွားခဲ့ပြီဖြစ်ပြီး ပွဲစဉ်များအားလုံးကို ၂ ပတ်တာ လွဲချော်မည်။

– RB လိုက်ပ်ဇစ်ရဲ့ ဟော့နေတဲ့ နောက်ခံလူ အူပါမီကာနိုအစား အာဆင်နယ်အနေနဲ့ သူ့ရဲ့ တွဲဖက်ခံစစ်မှူး အီဘရာဟီမာ ကိုနာတေကို စိတ်ဝင်စားနေပြီး အသင်းက ထွက်ခွာသွားမယ့် ကစားသမားတွေနေရာမှာ ပြန်လည်စိစစ် အစားထိုးဖို့ စောင့်ကြည့်နေ။

– အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကိုယ်တိုင်က တွဲဖက်ကစားချင်တယ်လို့ ဝန်ခံထားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို အာဆင်နယ်တို့အနေနဲ့ ဇန်နဝါရီမှာ ကြိုးစားဖွယ်ရှိနေပြီး ဒေ့ါမွန် ကစားသမားဟောင်းနှစ်ဦးကို ဆုံဆည်းပေးဖို့ ကြိုးစားနေ။

– အသက် ၃၂ နှစ်အရွယ်မှာ လုပ်ခလစာ မြင့်မားစွာပေးပြီး ခေါ်ယူထားခဲ့တဲ့ ဝီလီယန်အတွက် အသင်းနည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဖိအားတွေ ရင်ဆိုင်နေရပြီဖြစ်ပြီး သူ့ကို လာမယ့်ပွဲတွေမှာ ခြေစွမ်းပြအောင် မသုံးစွဲနိုင်ရင် သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် မျက်နှာပျက်ရဖွယ်ရှိနေ။

– လိဒ်စ်ယူနိုက်တက်နဲ့ပွဲမတိုင်ခင်မှာ အသင်းအနေနဲ့ ဆိုးရွားနေတဲ့ ရလဒ်တွေကို ရပ်တန့်ပြီး ပြန်လည်တည်ငြိမ်ဖို့ လိုတယ်လို့ ပရီးမီးယားလိဂ်အိမ်ကွင်းနှစ်ပွဲဆက် အရှုံးကို ရည်ရွယ်ပြီး အာဆင်နယ်နည်းပြ အာတီတာ ဝန်ခံသွား။

– ဘာစီလိုနာရဲ့ ဈေးသက်သက်သာသာနဲ့ ခေါ်ယူဖို့ ကြံနေခဲ့တဲ့ အာဆင်နယ်နောက်ခံလူ ရှကိုဒရန် မူစတာဖီကို ပေါင် ၃၅ သန်းနဲ့ ရောင်းချထားခဲ့ဖူးတဲ့ သူ့ရဲ့ အသင်းဟောင်း ဗလင်စီယာကလည်း ဇန်နဝါရီမှာ ပြန်လည်ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

– ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းအတွက် အများကြီး မျှော်လင့်မထားဖို့နဲ့ သူတို့အသင်းက ကစားသမားတွေအနေနဲ့ ပရီးမီးယားလိဂ်အစား သြစတြီးယားနဲ့ သဘောသဘာဝချင်း တူညီတဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါကို ရွေးချယ်ဖို့က ပိုဖြစ်နိုင်ခြေရှိတယ်လို့ အာဆင်နယ်အသင်းကို ဟန်ဂေရီလက်ရွေးစင်နည်းပြ မာကို ရော့စီသတိပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အီဂ်စ္လက္ေ႐ြးစင္အသင္းနဲ႔အတူ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ကူးစက္မႈ ခံရသူေတြထဲမွာ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားေနာက္ကို အာဆင္နယ္ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီလည္း စာရင္းဝင္သြားခဲ့ၿပီျဖစ္ၿပီး ပြဲစဥ္မ်ားအားလုံးကို ၂ ပတ္တာ လြဲေခ်ာ္မည္။

– RB လိုက္ပ္ဇစ္ရဲ႕ ေဟာ့ေနတဲ့ ေနာက္ခံလူ အူပါမီကာႏိုအစား အာဆင္နယ္အေနနဲ႔ သူ႔ရဲ႕ တြဲဖက္ခံစစ္မႉး အီဘရာဟီမာ ကိုနာေတကို စိတ္ဝင္စားေနၿပီး အသင္းက ထြက္ခြာသြားမယ့္ ကစားသမားေတြေနရာမွာ ျပန္လည္စိစစ္ အစားထိုးဖို႔ ေစာင့္ၾကည့္ေန။

– အသင္းေခါင္းေဆာင္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကိုယ္တိုင္က တြဲဖက္ကစားခ်င္တယ္လို႔ ဝန္ခံထားခဲ့တဲ့ ဘာစီလိုနာအသင္းရဲ႕ ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကို အာဆင္နယ္တို႔အေနနဲ႔ ဇန္နဝါရီမွာ ႀကိဳးစားဖြယ္ရွိေနၿပီး ေဒ့ါမြန္ ကစားသမားေဟာင္းႏွစ္ဦးကို ဆုံဆည္းေပးဖို႔ ႀကိဳးစားေန။

– အသက္ ၃၂ ႏွစ္အ႐ြယ္မွာ လုပ္ခလစာ ျမင့္မားစြာေပးၿပီး ေခၚယူထားခဲ့တဲ့ ဝီလီယန္အတြက္ အသင္းနည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဖိအားေတြ ရင္ဆိုင္ေနရၿပီျဖစ္ၿပီး သူ႔ကို လာမယ့္ပြဲေတြမွာ ေျခစြမ္းျပေအာင္ မသုံးစြဲႏိုင္ရင္ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္အတြက္ မ်က္ႏွာပ်က္ရဖြယ္ရွိေန။

– လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္မွာ အသင္းအေနနဲ႔ ဆိုး႐ြားေနတဲ့ ရလဒ္ေတြကို ရပ္တန႔္ၿပီး ျပန္လည္တည္ၿငိမ္ဖို႔ လိုတယ္လို႔ ပရီးမီးယားလိဂ္အိမ္ကြင္းႏွစ္ပြဲဆက္ အရႈံးကို ရည္႐ြယ္ၿပီး အာဆင္နယ္နည္းျပ အာတီတာ ဝန္ခံသြား။

– ဘာစီလိုနာရဲ႕ ေဈးသက္သက္သာသာနဲ႔ ေခၚယူဖို႔ ႀကံေနခဲ့တဲ့ အာဆင္နယ္ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီကို ေပါင္ ၃၅ သန္းနဲ႔ ေရာင္းခ်ထားခဲ့ဖူးတဲ့ သူ႔ရဲ႕ အသင္းေဟာင္း ဗလင္စီယာကလည္း ဇန္နဝါရီမွာ ျပန္လည္ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

– ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းအတြက္ အမ်ားႀကီး ေမွ်ာ္လင့္မထားဖို႔နဲ႔ သူတို႔အသင္းက ကစားသမားေတြအေနနဲ႔ ပရီးမီးယားလိဂ္အစား ၾသစႀတီးယားနဲ႔ သေဘာသဘာဝခ်င္း တူညီတဲ့ ဂ်ာမန္ဘြန္ဒက္စ္လီဂါကို ေ႐ြးခ်ယ္ဖို႔က ပိုျဖစ္ႏိုင္ေျခရွိတယ္လို႔ အာဆင္နယ္အသင္းကို ဟန္ေဂရီလက္ေ႐ြးစင္နည္းျပ မာကို ေရာ့စီသတိေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.