Premier League Transfer News

17 Nov နောက်ဆုံးရ နံနက်ပိုင်း မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ တာဝန်မှာ ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ်ဖြစ်ခဲ့ပြန်တဲ့ အဲလက်စ် တဲလက်စ်အနေနဲ့ မန်ချက်စတာကို ပြန်လာပြီး ကုသမှု ခံယူဖို့နဲ့ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဝက်စ်ဘရွန်းနဲ့ပွဲမှာ အရွေးချယ်ခံနိုင်ဖို့ တာဝန်ရှိသူတွေ မျှော်လင့်နေ။

– မန်ချက်စတာယူနိုက်တက်လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ရဲ့ ပရော်ဖက်ရှင်နယ် မပီသတဲ့ ပုံစံကြောင့် ခြေစွမ်းတွေ ကျဆင်းနေပြီး ကွင်းပြင်နေထိုင်မှု ပြဿနာတွေ ရှိနေချိန်မှာ စာချုပ်သစ် ထပ်မချုပ်သေးဖို့ အသင်းရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း စောင့်ကြည့်သူတွေဆိုနေကြ။

– အတ္တလန်တာအသင်းရဲ့ ထရိန်နင်မှာ လှပတဲ့ လှည့်စားမှုတွေနဲ့ ဂိုးသွင်းပြနိုင်ခဲ့တဲ့ လူငယ်တောင်ပံကစားသမား အာမက် ဂျယ်လို ထရာအိုရေးရဲ့ Video Footage မှတ်တမ်းကို ပရိသတ်တွေ ချီးကျူးနေကြပြီး ဇန်နဝါရီမှာ အသင်းအတွက် အင်အားတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်နေကြ။

– မန်စီးတီးနောက်ခံလူ ခိုင်လ် ဝေါ်လ်ကာကို ငတုံးလို့ သုံးနှုန်းလိုက်တဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်ကတော့ သူ့ရဲ့ မဆင်မခြင်ပြောစကားအတွက် ဝိုင်းဝန်းတိုက်ခိုက်မှုတွေကို ခံနေခဲ့ရပြီး နောက်ဆုံးအနေနဲ့တော့ နာမည်ကြီးတင်ဆက်သူ ရစ်ချတ်ကီးစ်က ဒီလိုလူမျိုးဟာ ကျက်သရေတုံးတယ်လို့ အပြောခံထားခဲ့ရ။

– မန်ချက်စတာယူနိုက်တက်အသင်းက စွမ်းဆောင်ရည်နဲ့ ခြေစွမ်းကျဆင်းမှုတွေအတွက် ဝေဖန်ခံနေခဲ့ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာဘက်က နိုင်ငံ့အသင်းဖော် အန်ဂိုလို ကွန်တေက ဝင်ရောက်ကာကွယ်ပေးခဲ့ပြီး သူ့ရဲ့ အကောင်းဆုံးတွဲဖက်ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားသွားခဲ့။

– ပေါ်တူဂီကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကျောဒဏ်ရာ ရရှိသွားခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်အနေနဲ့ ပြင်သစ်အသင်းရဲ့ ထရိန်နင်က ခွဲခြားလေ့ကျင့်နေပြီး ဒဏ်ရာပိုဆိုးမလာအောင် ပေါ့ပေါ့ပါးပါးပဲ လုပ်ဆောင်နေကြောင်း ပြောရေးဆိုခွင့်ရှိသူ ထုတ်ပြန်သွား။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖလားပွဲစဉ်အချို့သာ ကစားခွင့်ရနေခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ခေါ်ယူဖို့ စကော့တလန် ချန်ပီယံ ဆဲလ်တစ်အသင်း စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာ အငှားနဲ့ ကမ်းလှမ်းသွားဖို့ရှိနေ။

– ဝါရင့်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီဟာ အသင်းခေါင်းဆောင်ကစားသမား ဟာရီ မက်ဂွိုင်းယားကို ပိုကောင်းလာအောင် လုပ်ဆောင်ပေးနေပြီး သူ့ကို ထရိန်နင်မှာ ထိန်းချုပ်ဖို့ ကြိုးစားလေ့ကျင့်ရင်း တိုးတက်လာလိမ့်မယ်လို့ ပီအက်စ်ဂျီအသင်းဖော်ဟောင်း မားကင်ညို့စ် ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘရာဇီးလ္လက္ေ႐ြးစင္အသင္းရဲ႕ တာဝန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေပါ့စတစ္ျဖစ္ခဲ့ျပန္တဲ့ အဲလက္စ္ တဲလက္စ္အေနနဲ႔ မန္ခ်က္စတာကို ျပန္လာၿပီး ကုသမႈ ခံယူဖို႔နဲ႔ ထပ္မံစစ္ေဆးမႈေတြ ျပဳလုပ္ၿပီး ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ အေ႐ြးခ်ယ္ခံႏိုင္ဖို႔ တာဝန္ရွိသူေတြ ေမွ်ာ္လင့္ေန။

– မန္ခ်က္စတာယူႏိုက္တက္လူငယ္တိုက္စစ္မႉး ေမဆန္ ဂရင္းဝုဒ္ရဲ႕ ပေရာ္ဖက္ရွင္နယ္ မပီသတဲ့ ပုံစံေၾကာင့္ ေျခစြမ္းေတြ က်ဆင္းေနၿပီး ကြင္းျပင္ေနထိုင္မႈ ျပႆနာေတြ ရွိေနခ်ိန္မွာ စာခ်ဳပ္သစ္ ထပ္မခ်ဳပ္ေသးဖို႔ အသင္းရဲ႕ ဆုံးျဖတ္ခ်က္က မွန္ကန္ေၾကာင္း ေစာင့္ၾကည့္သူေတြဆိုေနၾက။

– အတၱလန္တာအသင္းရဲ႕ ထရိန္နင္မွာ လွပတဲ့ လွည့္စားမႈေတြနဲ႔ ဂိုးသြင္းျပႏိုင္ခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား အာမက္ ဂ်ယ္လို ထရာအိုေရးရဲ႕ Video Footage မွတ္တမ္းကို ပရိသတ္ေတြ ခ်ီးက်ဴးေနၾကၿပီး ဇန္နဝါရီမွာ အသင္းအတြက္ အင္အားတစ္ခုျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ေနၾက။

– မန္စီးတီးေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာကို ငတုံးလို႔ သုံးႏႈန္းလိုက္တဲ့ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္ကေတာ့ သူ႔ရဲ႕ မဆင္မျခင္ေျပာစကားအတြက္ ဝိုင္းဝန္းတိုက္ခိုက္မႈေတြကို ခံေနခဲ့ရၿပီး ေနာက္ဆုံးအေနနဲ႔ေတာ့ နာမည္ႀကီးတင္ဆက္သူ ရစ္ခ်တ္ကီးစ္က ဒီလိုလူမ်ိဳးဟာ က်က္သေရတုံးတယ္လို႔ အေျပာခံထားခဲ့ရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းက စြမ္းေဆာင္ရည္နဲ႔ ေျခစြမ္းက်ဆင္းမႈေတြအတြက္ ေဝဖန္ခံေနခဲ့ရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာဘက္က ႏိုင္ငံ့အသင္းေဖာ္ အန္ဂိုလို ကြန္ေတက ဝင္ေရာက္ကာကြယ္ေပးခဲ့ၿပီး သူ႔ရဲ႕ အေကာင္းဆုံးတြဲဖက္ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာၾကားသြားခဲ့။

– ေပၚတူဂီကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ေက်ာဒဏ္ရာ ရရွိသြားခဲ့တဲ့ တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္အေနနဲ႔ ျပင္သစ္အသင္းရဲ႕ ထရိန္နင္က ခြဲျခားေလ့က်င့္ေနၿပီး ဒဏ္ရာပိုဆိုးမလာေအာင္ ေပါ့ေပါ့ပါးပါးပဲ လုပ္ေဆာင္ေနေၾကာင္း ေျပာေရးဆိုခြင့္ရွိသူ ထုတ္ျပန္သြား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဖလားပြဲစဥ္အခ်ိဳ႕သာ ကစားခြင့္ရေနခဲ့တဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို ေခၚယူဖို႔ စေကာ့တလန္ ခ်န္ပီယံ ဆဲလ္တစ္အသင္း စိတ္ဝင္စားေနၿပီး ဇန္နဝါရီမွာ အငွားနဲ႔ ကမ္းလွမ္းသြားဖို႔ရွိေန။

– ဝါရင့္တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီဟာ အသင္းေခါင္းေဆာင္ကစားသမား ဟာရီ မက္ဂြိဳင္းယားကို ပိုေကာင္းလာေအာင္ လုပ္ေဆာင္ေပးေနၿပီး သူ႔ကို ထရိန္နင္မွာ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေလ့က်င့္ရင္း တိုးတက္လာလိမ့္မယ္လို႔ ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း မားကင္ညိဳ႕စ္ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.