Premier League

17 Nov နံနက်ပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– စာချုပ်သစ်အတွက် အေးဂျင့်မရှိလို့ စောင့်ဆိုင်းနေခဲ့ရတဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ ဒီတစ်ကြိမ်မှာတော့ ပေါင်သုံးသိန်းကို ကျော်လွန်သွားနိုင်တဲ့ ပမာဏအတွက် ကိုယ်တိုင်ဆွေးနွေးသွားဖို့ ပြင်ဆင်ထား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့် အပြောင်းအရွှေ့ကာလတွေမှာ ယူရိုသန်း ၂၀၀ သုံးစွဲသွားဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပြီး အက်စတန်ဗီလာကစားသမားနှစ်ဦးဖြစ်တဲ့ ဂျက်ခ် ဂရီးလစ်ရှ်နဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ခေါ်ယူဖို့ ရှိနေ။

– လာမယ့်စနေနေ့မှာ တော့တင်ဟမ် ဟော့စပါးစ်အသင်းကို အဝေးကွင်းမှာ ကစားရမယ့်ပွဲစဉ်အတွက် ဒဏ်ရာရ ကစားသမားသုံးဦး ပြန်လည် ပါဝင်နိုင်ဖို့ ရှိနေပြီး ဖာနန်ဒင်ညို၊ ရာဟင်းမ် စတာလင်နဲ့ ဆာဂျီယို အဂွေရိုတို့ကို မြင်တွေ့ရမည်။

– သူ့ကို ကွင်းထဲမှာ အပြည့်အဝ ပွဲထွက်ခွင့် ပေးနိုင်မယ့်အသင်းမျိုးမှာပဲ ကစားမှာဖြစ်ပြီး ရာသီကုန်မှာအသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ RB လိုက်ပ်ဇစ်မှာ အငှားနဲ့ ကစားနေတဲ့ နောက်ခံလူ အန်ဟဲလီညိုပြောကြား။

– အင်္ဂလန်အသင်းအနေနဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်ကြတဲ့ လီဗာပူးလ်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်နဲ့ မန်ချက်စတာစီးတီး ကွင်းလယ်လူ ရာဟင်းမ် စတာလင်တို့ကို တာဝန်က ကင်းလွတ်ခွင့်ပေးလိုက်ပြီး ကလပ်အသင်းတွေနဲ့ ပူးပေါင်းခွင့်ပြုခဲ့။

– မန်ချက်စတာစီးတီးအသင်းမှာ လက်စွမ်းပြသပြီး နံပါတ် ၂ ဂိုးသမားနေရာကို ရယူနိုင်ခဲ့တဲ့ အမေရိကန်ဂိုးသမား ဇက်ခ် စတက်ဖင်ကို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဂိုးသမားဟောင်းကြီး တင်မ် ဟောင်းဝပ်က သူ့ရဲ့ ရဲရင့်မှုတွေနဲ့ ကစားသမားကောင်းတစ်ဦးဖြစ်လာခဲ့ပြီလို့ ချီးကျူး။

– ဇင်ဘာဘွေနဲ့ ကစားခဲ့တဲ့ အယ်လ်ဂျီးရီးယားလက်ရွေးစင်အသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးတောင်ပံကစားသမား ရီယက် မာရက်ဇ် သွင်းယူခဲ့တဲ့ ဂိုးဟာ တစ်နှစ်တာအကောင်းဆုံးဂိုး ပွတ်ရှ်ကပ်စ်ဆုကို ရသင့်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ပြုလုပ်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– စာခ်ဳပ္သစ္အတြက္ ေအးဂ်င့္မရွိလို႔ ေစာင့္ဆိုင္းေနခဲ့ရတဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ ဒီတစ္ႀကိမ္မွာေတာ့ ေပါင္သုံးသိန္းကို ေက်ာ္လြန္သြားႏိုင္တဲ့ ပမာဏအတြက္ ကိုယ္တိုင္ေဆြးေႏြးသြားဖို႔ ျပင္ဆင္ထား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ အေျပာင္းအေ႐ႊ႕ကာလေတြမွာ ယူ႐ိုသန္း ၂၀၀ သုံးစြဲသြားဖို႔ စီစဥ္ေနတယ္လို႔ သတင္းထြက္ေနၿပီး အက္စတန္ဗီလာကစားသမားႏွစ္ဦးျဖစ္တဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္နဲ႔ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို ေခၚယူဖို႔ ရွိေန။

– လာမယ့္စေနေန႔မွာ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကို အေဝးကြင္းမွာ ကစားရမယ့္ပြဲစဥ္အတြက္ ဒဏ္ရာရ ကစားသမားသုံးဦး ျပန္လည္ ပါဝင္ႏိုင္ဖို႔ ရွိေနၿပီး ဖာနန္ဒင္ညိဳ၊ ရာဟင္းမ္ စတာလင္နဲ႔ ဆာဂ်ီယို အေဂြ႐ိုတို႔ကို ျမင္ေတြ႕ရမည္။

– သူ႔ကို ကြင္းထဲမွာ အျပည့္အဝ ပြဲထြက္ခြင့္ ေပးႏိုင္မယ့္အသင္းမ်ိဳးမွာပဲ ကစားမွာျဖစ္ၿပီး ရာသီကုန္မွာအသင္းကေန ထြက္ခြာေတာ့မွာ ျဖစ္တယ္လို႔ RB လိုက္ပ္ဇစ္မွာ အငွားနဲ႔ ကစားေနတဲ့ ေနာက္ခံလူ အန္ဟဲလီညိဳေျပာၾကား။

– အဂၤလန္အသင္းအေနနဲ႔ ဒဏ္ရာရ ကစားသမားေတြျဖစ္ၾကတဲ့ လီဗာပူးလ္ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ မန္ခ်က္စတာစီးတီး ကြင္းလယ္လူ ရာဟင္းမ္ စတာလင္တို႔ကို တာဝန္က ကင္းလြတ္ခြင့္ေပးလိုက္ၿပီး ကလပ္အသင္းေတြနဲ႔ ပူးေပါင္းခြင့္ျပဳခဲ့။

– မန္ခ်က္စတာစီးတီးအသင္းမွာ လက္စြမ္းျပသၿပီး နံပါတ္ ၂ ဂိုးသမားေနရာကို ရယူႏိုင္ခဲ့တဲ့ အေမရိကန္ဂိုးသမား ဇက္ခ္ စတက္ဖင္ကို ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဲဗာတန္အသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ဂိုးသမားေဟာင္းႀကီး တင္မ္ ေဟာင္းဝပ္က သူ႔ရဲ႕ ရဲရင့္မႈေတြနဲ႔ ကစားသမားေကာင္းတစ္ဦးျဖစ္လာခဲ့ၿပီလို႔ ခ်ီးက်ဴး။

– ဇင္ဘာေဘြနဲ႔ ကစားခဲ့တဲ့ အယ္လ္ဂ်ီးရီးယားလက္ေ႐ြးစင္အသင္းနဲ႔ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးေတာင္ပံကစားသမား ရီယက္ မာရက္ဇ္ သြင္းယူခဲ့တဲ့ ဂိုးဟာ တစ္ႏွစ္တာအေကာင္းဆုံးဂိုး ပြတ္ရွ္ကပ္စ္ဆုကို ရသင့္တယ္လို႔ သုံးသပ္ေျပာဆိုမႈေတြ ျပဳလုပ္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.