Premier League

Update News: အဲလက်စ် တဲလက်စ်ရဲ့ နောက်ဆုံးရ ကိုဗစ်အခြေအနေ

ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ တာဝန်မှာ ဥရုဂွေးနဲ့ ကစားဖို့ ပြင်ဆင်နေခဲ့တဲ့ နောက်ခံလူ အဲလက်စ် တဲလက်စ်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး တွေ့ရှိရဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းရဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဒီကစားသမားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် အသင်းရဲ့ ပွဲစဉ် ၄ ပွဲလောက်ကို လွဲချော်ထားသူဖြစ်ပြီး ပြန်လည်သက်သာလာချိန်မှာတော့ အသင်းအတွက် မကစားနိုင်ခင်မှာပဲ ဘရာဇီးလ်လက်ရွေးစင်အသင်းဆီ လိုက်ပါသွားခဲ့တာပါ။

လက်ရှိမှာတော့ ဥရုဂွေးပြည်ဝင်ခွင့်အတွက် နက်ဂတစ်ရလဒ် မရနိုင်တော့တာကြောင့် သူ့အနေနဲ့ လက်ရွေးစင်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပြီး အသင်းသားတွေအတွက်တော့ သီအိုရီတွေအရ စိုးရိမ်စရာ မရှိသလို ခန္ဓာကိုယ်ထဲမှာ ၁၀ ရက်နေပြီးနောက်ပိုင်း ထပ်မံကူးစက်နိုင်ခြင်းမရှိတဲ့ ဗိုင်းရပ်စ်ရဲ့ သဘာဝအရ သာမန် ကုသရေးလုပ်ငန်းစဉ်တွေကိုပဲ ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

အသက် ၂၇ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ဟာ ပေါ်တိုအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး အသင်းရဲ့ ပွဲစဉ်တွေမှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် အဝေးကွင်းနိုင်ပွဲမှာ ပါဝင်ကစားပြီး အရည်အသွေးကောင်းတွေကို ပြသခဲ့ပေမယ့် သူ့ရဲ့ ကံဆိုးတဲ့ အချိန်ကိုက် ဗိုင်းရပ်စ် ကူးစက်မှုကတော့ ပရိသတ်တွေ စိတ်ပျက်စရာလည်းဖြစ်ခဲ့ရပါတယ်။

ယူနိုက်တက်အတွက်တော့ ဒါဟာ နောက်ထပ်သတင်းဆိုးတစ်ခုဖြစ်ပြီး ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ကံသေကံမ မပြောနိုင်သေးတဲ့ တခြားနောက်ခံလူ လုခ်ရှောရဲ့ ဒဏ်ရာကြောင့် နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားအနေနဲ့ စိုးရိမ်ဖွယ်ဖြစ်လာခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: MAN UTD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရာဇီးလ္လက္ေရြးစင္အသင္းရဲ႕ တာဝန္မွာ ဥ႐ုေဂြးနဲ႔ ကစားဖို႔ ျပင္ဆင္ေနခဲ့တဲ့ ေနာက္ခံလူ အဲလက္စ္ တဲလက္စ္မွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ပုိး ေတြ႕ရွိရဆဲျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕ ေဆးဘက္ဆုိင္ရာ တာဝန္ရွိသူေတြအေနနဲ႔ အေျခအေနကို ေစာင့္ၾကည့္ေနတယ္လုိ႔ သိရပါတယ္။

ဒီကစားသမားဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းကလည္း ကိုဗစ္-၁၉ ကူးစက္မွဳေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ ၄ ပြဲေလာက္ကို လြဲေခ်ာ္ထားသူျဖစ္ၿပီး ျပန္လည္သက္သာလာခ်ိန္မွာေတာ့ အသင္းအတြက္ မကစားႏုိင္ခင္မွာပဲ ဘရာဇီးလ္လက္ေရြးစင္အသင္းဆီ လုိက္ပါသြားခဲ့တာပါ။

လက္ရွိမွာေတာ့ ဥ႐ုေဂြးျပည္ဝင္ခြင့္အတြက္ နက္ဂတစ္ရလဒ္ မရႏုိင္ေတာ့တာေၾကာင့္ သူ႕အေနနဲ႔ လက္ေရြးစင္အသင္းနဲ႔ အေဝးကြင္းပြဲစဥ္ကို လြဲေခ်ာ္ရေတာ့မွာျဖစ္ၿပီး အသင္းသားေတြအတြက္ေတာ့ သီအုိရီေတြအရ စိုးရိမ္စရာ မရွိသလို ခႏၶာကိုယ္ထဲမွာ ၁၀ ရက္ေနၿပီးေနာက္ပုိင္း ထပ္မံကူးစက္ႏုိင္ျခင္းမရွိတဲ့ ဗုိင္းရပ္စ္ရဲ႕ သဘာဝအရ သာမန္ ကုသေရးလုပ္ငန္းစဥ္ေတြကိုပဲ ေဆာင္ရြက္သြားဖို႔ ရွိေနပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလက္ေရြးစင္ဟာ ေပၚတိုအသင္းကေန ေျပာင္းေရႊ႕လာခဲ့ၿပီး အသင္းရဲ႕ ပြဲစဥ္ေတြမွာ ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ အေဝးကြင္းႏုိင္ပြဲမွာ ပါဝင္ကစားၿပီး အရည္အေသြးေကာင္းေတြကို ျပသခဲ့ေပမယ့္ သူ႕ရဲ႕ ကံဆုိးတဲ့ အခ်ိန္ကိုက္ ဗုိင္းရပ္စ္ ကူးစက္မွဳကေတာ့ ပရိသတ္ေတြ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ရပါတယ္။

ယူႏုိက္တက္အတြက္ေတာ့ ဒါဟာ ေနာက္ထပ္သတင္းဆုိးတစ္ခုျဖစ္ၿပီး ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ပါဝင္ႏုိင္ဖို႔ ကံေသကံမ မေျပာႏုိင္ေသးတဲ့ တျခားေနာက္ခံလူ လုခ္ေရွာရဲ႕ ဒဏ္ရာေၾကာင့္ နည္းျပ အိုလီ ဂန္နာ ဆုိးလ္ရွားအေနနဲ႔ စိုးရိမ္ဖြယ္ျဖစ္လာခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: MAN UTD
PHOTOS CREDIT TO OWNERS
SPORTS A2Z.