Premier League

ဂရီးလစ်ရှ်ထက်တောင်မှ ပိုမိုဖန်တီးနိုင်ခဲ့တဲ့ အာဆင်နယ်ရဲ့ ဆာကာ

အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကတော့ သူ့ရဲ့ တတိယမြောက် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ကစားခွင့်မှာ လူစားဝင်ကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး ဘယ်လ်ဂျီယမ်ဘက်ကို ဂျက်ခ် ဂရီးလစ်ရှ်ထက်တောင် ပိုပြီး ထိုးဖောက်နိုင်ခဲ့တယ်လို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာ ဒဏ်ရာရသွားတဲ့ ဘန် ချေးလ်ဝဲလ်အစား လူစားထည့်သွင်းခံခဲ့ရတဲ့ ဆာကာဝင်ရောက်လာစဉ်က အသင်းရဲ့ ၂-၀ နဲ့ ရှုံးနိမ့်နေတဲ့ ရလဒ်ကိုတော့ မပြင်နိုင်ခဲ့ပေမယ့် အာဆင်နယ်ကစားသမားက သူ့ရဲ့ တိုက်စစ်ကို လိုက်ပါပေးပို့မှုတွေနဲ့တော့ အိမ်ရှင်တွေကို ခက်ခဲစေခဲ့တာပါ။

အသင်းဖော် ဂရီးလစ်ရှ်ကတော့ “သူ့ကို မြင်လိုက်ရတော့ ဒီလိုမျိုး ရဲရဲရင့်ရင့် ကစားနိုင်တဲ့ အရည်အသွေးအတွက် သဘောကျမိပါတယ်။ အကျပ်တွေထဲမှာ ဘောလုံးကိုင်ထားနိုင်ပြီး အသင်းဖော်တွေအတွက် နေရာလွတ်တွေ ရယူခဲ့သလို အသင်းအတွက်လည်း ပြစ်ဒဏ်ဘောတွေကို ရယူနိုင်ခဲ့တာပါ။ သူ့ရဲ့ ကစားပုံအတွက် သူလည်း ကျေနပ်နေမယ်လို့ ထင်ပါတယ်”လို့ ချီးကျူးလိုက်ပါတယ်။

ဒီနေ့ပွဲမှာ ပထမပိုင်း အချိန်သိပ်မကျန်တော့ချိန်မှာမှ ကစားခွင့်ရခဲ့တဲ့ ဆာကာဟာ အသင်းအတွက် အခွင့်အရေး ၃ ကြိမ် ဖန်တီပေးနိုင်ခဲ့ပြီး တခြားအသင်းဖော်ကစားသမားအားလုံးထက် ပိုလွန်တဲ့ စွမ်းဆောင်ရည်ကိုလည်း ပြသနိုင်ခဲ့သလို နည်းပြ ဆောက်သ်ဂိတ်ရဲ့ ချီးကျူးမှုကိုပါ ရရှိခဲ့ပါတယ်။

“ကျွန်တော့်အမြင်မှာ သူ့အနေနဲ့ ပွဲထဲကို အတွေ့အကြုံနုနယ်တဲ့ ကလေးတစ်ယောက်အဖြစ် ဝင်လာလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် မှားယွင်းခဲ့ပြီး ရင့်ကျက်မှုကို ကောင်းကောင်းသက်သေပြနိုင်ခဲ့ပါတယ်။ ဘောလုံးရတာနဲ့ စွမ်းရည်ကောင်းတွေကို မြင်ရပြီး ကျွန်တော်တို့အတွက်တော့ တကယ့်ကို အပြုသဘောဆောင်တဲ့ ကစားသမားပါ”လို့ ဆာကာကို အင်္ဂလန်နည်းပြက ချီးကျူးခဲ့ပြီး ချေးလ်ဝဲလ်ရဲ့ ဒဏ်ရာကြောင့် လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကစားမယ့် ပွဲမှာ ပွဲထွက်လာဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာကေတာ့ သူ႕ရဲ႕ တတိယေျမာက္ အဂၤလန္လက္ေရြးစင္အသင္းနဲ႔ ကစားခြင့္မွာ လူစားဝင္ကစားသမားအျဖစ္ ေျခစြမ္းျပခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ဘက္ကို ဂ်က္ခ္ ဂရီးလစ္ရွ္ထက္ေတာင္ ပုိၿပီး ထိုးေဖာက္ႏုိင္ခဲ့တယ္လို႔ ေစာင့္ၾကည့္သူေတြက ဆုိပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာ ဒဏ္ရာရသြားတဲ့ ဘန္ ေခ်းလ္ဝဲလ္အစား လူစားထည့္သြင္းခံခဲ့ရတဲ့ ဆာကာဝင္ေရာက္လာစဥ္က အသင္းရဲ႕ ၂-၀ နဲ႔ ရွဳံးနိမ့္ေနတဲ့ ရလဒ္ကိုေတာ့ မျပင္ႏုိင္ခဲ့ေပမယ့္ အာဆင္နယ္ကစားသမားက သူ႕ရဲ႕ တုိက္စစ္ကို လိုက္ပါေပးပို႔မွဳေတြနဲ႔ေတာ့ အိမ္ရွင္ေတြကို ခက္ခဲေစခဲ့တာပါ။

အသင္းေဖာ္ ဂရီးလစ္ရွ္ကေတာ့ “သူ႕ကို ျမင္လုိက္ရေတာ့ ဒီလိုမ်ဳိး ရဲရဲရင့္ရင့္ ကစားႏုိင္တဲ့ အရည္အေသြးအတြက္ သေဘာက်မိပါတယ္။ အက်ပ္ေတြထဲမွာ ေဘာလုံးကိုင္ထားႏုိင္ၿပီး အသင္းေဖာ္ေတြအတြက္ ေနရာလြတ္ေတြ ရယူခဲ့သလို အသင္းအတြက္လည္း ျပစ္ဒဏ္ေဘာေတြကို ရယူႏုိင္ခဲ့တာပါ။ သူ႕ရဲ႕ ကစားပုံအတြက္ သူလည္း ေက်နပ္ေနမယ္လို႔ ထင္ပါတယ္”လို႔ ခ်ီးက်ဴးလုိက္ပါတယ္။

ဒီေန႔ပြဲမွာ ပထမပုိင္း အခ်ိန္သိပ္မက်န္ေတာ့ခ်ိန္မွာမွ ကစားခြင့္ရခဲ့တဲ့ ဆာကာဟာ အသင္းအတြက္ အခြင့္အေရး ၃ ႀကိမ္ ဖန္တီေပးႏုိင္ခဲ့ၿပီး တျခားအသင္းေဖာ္ကစားသမားအားလုံးထက္ ပုိလြန္တဲ့ စြမ္းေဆာင္ရည္ကိုလည္း ျပသႏိုင္ခဲ့သလို နည္းျပ ေဆာက္သ္ဂိတ္ရဲ႕ ခ်ီးက်ဴးမွဳကိုပါ ရရွိခဲ့ပါတယ္။

“ကၽြန္ေတာ့္အျမင္မွာ သူ႕အေနနဲ႔ ပြဲထဲကို အေတြ႕အႀကဳံႏုနယ္တဲ့ ကေလးတစ္ေယာက္အျဖစ္ ဝင္လာလိမ့္မယ္လို႔ ထင္ခဲ့ေပမယ့္ မွားယြင္းခဲ့ၿပီး ရင့္က်က္မွဳကို ေကာင္းေကာင္းသက္ေသျပႏုိင္ခဲ့ပါတယ္။ ေဘာလုံးရတာနဲ႔ စြမ္းရည္ေကာင္းေတြကို ျမင္ရၿပီး ကၽြန္ေတာ္တုိ႔အတြက္ေတာ့ တကယ့္ကို အျပဳသေဘာေဆာင္တဲ့ ကစားသမားပါ”လုိ႔ ဆာကာကို အဂၤလန္နည္းျပက ခ်ီးက်ဴးခဲ့ၿပီး ေခ်းလ္ဝဲလ္ရဲ႕ ဒဏ္ရာေၾကာင့္ လာမယ့္ ႏိုဝင္ဘာလ ၁၈ ရက္ေန႔မွာ ကစားမယ့္ ပြဲမွာ ပြဲထြက္လာဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.