Premier League Transfer News

16 Nov ညနေပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ဘယ်လ်ဂျီယမ်နဲ့ပွဲမှာ လူစားလဲခံခဲ့ရတဲ့ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်အနေနဲ့ ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေပြီး အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်ကတော့ ကြွက်သားတင်းမာမှု အနည်းငယ်ရှိနေကြောင်းနဲ့ ဆက်မကစားနိုင်တော့တာဖြစ်ကြောင်း ရှင်းလင်းသွား။

– ခါလီဒူး ကူလီဘေလီကို နွေရာသီက ယူရိုသန်း ၆၀ နဲ့ ရရှိနိုင်ချိန်မှာ မခေါ်ယူခဲ့တာဟာ လီဗာပူးလ်အသင်းအတွက်တော့ ကြီးမားတဲ့ အပြောင်းအရွှေ့အမှားဖြစ်ပြီး လက်ရှိဒဏ်ရာတွေ များပြားနေချိန်မှာ နောက်ခံလူသစ် မခေါ်ခဲ့တဲ့ ဒဏ်ကို စတင်ခံစားနေရပြီလို့ Transfer Window Podcast သုံးသပ်။

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့် လက်စတာစီးတီးနဲ့ပွဲစဉ်ကို ၄-၄-၂ ကစားကွက်မှာ သီယာဂို အယ်လ်ကန်တာရာနဲ့ နာဘီ ကီတာတို့ကို အသုံးပြုပြီး ပွဲထွက်လာမယ်လို့ ခန့်မှန်းနေကြပြီး ဒါက သူတို့ရဲ့ ကွင်းလယ်စိုးမိုးမှုအတွက် ကောင်းမွန်တဲ့ လူထုတ်ပုံဖြစ်မယ်လို့ ဆိုနေကြ။

– ခြောက်လခန့် အနားယူရနိုင်တဲ့ နောက်ခံလူ ဂျိုးဂိုမက်ဇ်အတွက် တစ်ပတ်လုပ်ခ ပေါင် ၈ သောင်းကို ၂၅ ပတ်နဲ့ တွက်ချက်ပြီး လျော်ကြေး ပေါင် ၂ သန်း ပေးချေသွားမယ့် ဖီဖာရဲ့ အစီအစဉ်ကို လီဗာပူးလ်ပရိသတ်တွေက ဒဏ်ရာတာက အသင်းကို ပိုမိုထိခိုက်စေတယ်လို့ ဒေါသထွက်နေကြ။

– လီဗာပူးလ်အသင်းအနေနဲ့ ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်မယ်ဆိုရင် တခြားလူကြီးလူငယ်ပစ်မှတ်တွေထက် အသက်အရွယ်နဲ့ ခြေစွမ်းအရ အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ လေဗာကူဆင်နောက်ခံလူ ဂျိုနသန်တားကပဲ အသင့်တော်ဆုံးလို့ တိုင်းမ်စ်သတင်းဌာနရဲ့ ကွန်ပျူတာတွက်ချက်ပေး။

– အသင်းအနေနဲ့ ထင်မှတ်မထားလောက်အောင် များပြားတဲ့ ဒဏ်ရာပြဿနာတွေကို နောက်တန်းလူတွေအနေနဲ့ ရင်ဆိုင်နေခဲ့ရပေမယ့် သူ့အနေနဲ့ နည်းပြ ယာဂန် ကလော့ပ်ကို ယုံကြည်ကြောင်းနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာဖြစ်ကြောင်း လီဗာပူးလ်ဂန္ထဝင်နည်းပြ ကင်နီ ဒဲလ်ဂလစ်ရှ် အားပေးစကားပြောကြား။

– လီဗာပူးလ်အသင်းအနေနဲ့ အသက် ၂၃ နှစ် အရွယ် တိုရီနိုနောက်ခံလူ ဂလေးဆန် ဘရီမာကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး ခံစစ်ဒဏ်ရာတွေ များပြားလွန်းတာမို့ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတဲ့ ဂျိုယယ်လ် မာတစ်ပ်ကိုလည်း ဆက်လက်ထိန်းသိမ်းသွားဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာ လူစားလဲခံခဲ့ရတဲ့ လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္အေနနဲ႔ ဒဏ္ရာ ျပႆနာ အနည္းငယ္ ရွိေနၿပီး အဂၤလန္နည္းျပ ေဆာက္သ္ဂိတ္ကေတာ့ ႂကြက္သားတင္းမာမႈ အနည္းငယ္ရွိေနေၾကာင္းနဲ႔ ဆက္မကစားႏိုင္ေတာ့တာျဖစ္ေၾကာင္း ရွင္းလင္းသြား။

– ခါလီဒူး ကူလီေဘလီကို ေႏြရာသီက ယူ႐ိုသန္း ၆၀ နဲ႔ ရရွိႏိုင္ခ်ိန္မွာ မေခၚယူခဲ့တာဟာ လီဗာပူးလ္အသင္းအတြက္ေတာ့ ႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕အမွားျဖစ္ၿပီး လက္ရွိဒဏ္ရာေတြ မ်ားျပားေနခ်ိန္မွာ ေနာက္ခံလူသစ္ မေခၚခဲ့တဲ့ ဒဏ္ကို စတင္ခံစားေနရၿပီလို႔ Transfer Window Podcast သုံးသပ္။

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ လက္စတာစီးတီးနဲ႔ပြဲစဥ္ကို ၄-၄-၂ ကစားကြက္မွာ သီယာဂို အယ္လ္ကန္တာရာနဲ႔ နာဘီ ကီတာတို႔ကို အသုံးျပဳၿပီး ပြဲထြက္လာမယ္လို႔ ခန႔္မွန္းေနၾကၿပီး ဒါက သူတို႔ရဲ႕ ကြင္းလယ္စိုးမိုးမႈအတြက္ ေကာင္းမြန္တဲ့ လူထုတ္ပုံျဖစ္မယ္လို႔ ဆိုေနၾက။

– ေျခာက္လခန႔္ အနားယူရႏိုင္တဲ့ ေနာက္ခံလူ ဂ်ိဳးဂိုမက္ဇ္အတြက္ တစ္ပတ္လုပ္ခ ေပါင္ ၈ ေသာင္းကို ၂၅ ပတ္နဲ႔ တြက္ခ်က္ၿပီး ေလ်ာ္ေၾကး ေပါင္ ၂ သန္း ေပးေခ်သြားမယ့္ ဖီဖာရဲ႕ အစီအစဥ္ကို လီဗာပူးလ္ပရိသတ္ေတြက ဒဏ္ရာတာက အသင္းကို ပိုမိုထိခိုက္ေစတယ္လို႔ ေဒါသထြက္ေနၾက။

– လီဗာပူးလ္အသင္းအေနနဲ႔ ဇန္နဝါရီမွာ ကစားသမားသစ္ေခၚမယ္ဆိုရင္ တျခားလူႀကီးလူငယ္ပစ္မွတ္ေတြထက္ အသက္အ႐ြယ္နဲ႔ ေျခစြမ္းအရ အေကာင္းဆုံးအေနအထားမွာ ရွိေနတဲ့ ေလဗာကူဆင္ေနာက္ခံလူ ဂ်ိဳနသန္တားကပဲ အသင့္ေတာ္ဆုံးလို႔ တိုင္းမ္စ္သတင္းဌာနရဲ႕ ကြန္ပ်ဴတာတြက္ခ်က္ေပး။

– အသင္းအေနနဲ႔ ထင္မွတ္မထားေလာက္ေအာင္ မ်ားျပားတဲ့ ဒဏ္ရာျပႆနာေတြကို ေနာက္တန္းလူေတြအေနနဲ႔ ရင္ဆိုင္ေနခဲ့ရေပမယ့္ သူ႔အေနနဲ႔ နည္းျပ ယာဂန္ ကေလာ့ပ္ကို ယုံၾကည္ေၾကာင္းနဲ႔ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်ႏိုင္မွာျဖစ္ေၾကာင္း လီဗာပူးလ္ဂႏၴဝင္နည္းျပ ကင္နီ ဒဲလ္ဂလစ္ရွ္ အားေပးစကားေျပာၾကား။

– လီဗာပူးလ္အသင္းအေနနဲ႔ အသက္ ၂၃ ႏွစ္ အ႐ြယ္ တိုရီႏိုေနာက္ခံလူ ဂေလးဆန္ ဘရီမာကို ဇန္နဝါရီမွာ ေခၚယူႏိုင္ဖို႔ လုပ္ေဆာင္ေနၿပီး ခံစစ္ဒဏ္ရာေတြ မ်ားျပားလြန္းတာမို႔ ဘာစီလိုနာအသင္းက စိတ္ဝင္စားေနတဲ့ ဂ်ိဳယယ္လ္ မာတစ္ပ္ကိုလည္း ဆက္လက္ထိန္းသိမ္းသြားဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.