La Liga UCL&UEL

မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကို လြဲေခ်ာ္ၿပီး ၾကာရွည္နားရႏုိင္တဲ့ ဟာဇက္

ၿပီးခဲ့တဲ့ စေနေန႔ညက လီဗန္ေတးနဲ႔ လာလီဂါအေဝးကြင္းရွဳံးပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာက ျပင္းထန္ခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဘယ္လ္ဂ်ီယံလက္ေရြးစင္ကြင္းလယ္လူ အီဒင္ ဟာဇက္အေနနဲ႔ ဒီရာသီကုန္အထိ အနားယူရႏိုင္ေျခ ရွိေနပါတယ္။

တနဂၤေႏြေန႔က ထြက္ေပၚလာတဲ့ ေဆးစစ္မွဳရလဒ္အရ ဟာဇက္ရဲ႕ ညာဘက္ေျခေထာက္အရိုးမွာ ဆံခ်ည္တစ္မွ်င္စာ အက္သြားတယ္လို႔ သိရပါၿပီး ေသခ်ာတာကေတာ့ အသင္းရဲ႕ အေရးပါတဲ့ ပြဲစဥ္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ပြဲ၊ ဘာစီလိုနာနဲ႔ အယ္လ္ကလပ္စီကိုပြဲေတြကိုေတာ့ လြဲေခ်ာ္ဖို႔ ရွိေနခဲ့တာလည္းျဖစ္ပါတယ္။

တကယ္ေတာ့ ရီးရဲလ္မက္ဒရစ္အသင္းမွာ ဒီဘယ္လ္ဂ်ီယံၾကယ္ပြင့္ ျပန္ကစားႏိုင္ေသးတာ မၾကာေသးဘဲ ၿပီးခဲ့တဲ့ ႏို၀င္ဘာလကလည္း ညာဘက္ေျခခ်င္း၀တ္ ဒဏ္ရာရရွိခဲ့လို႔ ၃ လေလာက္အထိ အနားယူရခဲ့တာျဖစ္ၿပီး နည္းျပ ဇီဒန္းအတြက္ေတာ့ ေခါင္းခဲစရာလည္းျဖစ္ခဲ့ရတာပါ။

တနဂၤေႏြေန႔က ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ထုတ္ျပန္ေၾကျငာခ်က္မွာေတာ့ “အီဒင္ ဟာဇက္ကို ဒီေန႔ ရီးရဲလ္မက္ဒရစ္အသင္းေဆးအဖြဲ႔က ေဆးစစ္ခဲ့ရာမွာ ညာဘက္ေျခခ်င္း၀တ္အထက္နားက ညဳိ႕သက်ည္း အရိုးအက္သြားတာကို ေတြ႕ခဲ့ရပါတယ္။ သူရဲ႕ျပန္လည္ႀကံ့ခိုင္မႈကိုေတာ့ ဆက္လက္ၿပီး ေစာင့္ၾကည့္သြားရပါမယ္”လို႔ ပါဝင္ခဲ့ပါတယ္။

ကနဦးထြက္ေပၚေနတဲ့ သတင္းေတြအရေတာ့ ဟာဇက္ဟာ (၂)လေလာက္ နားရဖို႔ရွိေနၿပီး ဧၿပီလလယ္မွ ျပန္လည္ေလ့က်င့္ႏိုင္ေျခရွိတယ္လို႔ ဆုိေနၾကၿပီး ဒီအခ်ိန္ဟာ ရာသီကုန္ဖို႔ တစ္လခြဲေလာက္ပဲ က်န္ေတာ့တာျဖစ္လို႔ လက္က်န္ပြဲေတြကိုလည္း လြဲေခ်ာ္ေကာင္းလြဲေခ်ာ္ႏုိင္တယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ စနေနေ့ညက လီဗန်တေးနဲ့ လာလီဂါအဝေးကွင်းရှုံးပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာက ပြင်းထန်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်လူ အီဒင် ဟာဇက်အနေနဲ့ ဒီရာသီကုန်အထိ အနားယူရနိုင်ခြေ ရှိနေပါတယ်။

တနင်္ဂနွေနေ့က ထွက်ပေါ်လာတဲ့ ဆေးစစ်မှုရလဒ်အရ ဟာဇက်ရဲ့ ညာဘက်ခြေထောက်အရိုးမှာ ဆံချည်တစ်မျှင်စာ အက်သွားတယ်လို့ သိရပါပြီး သေချာတာကတော့ အသင်းရဲ့ အရေးပါတဲ့ ပွဲစဉ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲ၊ ဘာစီလိုနာနဲ့ အယ်လ်ကလပ်စီကိုပွဲတွေကိုတော့ လွဲချော်ဖို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

တကယ်တော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဒီဘယ်လ်ဂျီယံကြယ်ပွင့် ပြန်ကစားနိုင်သေးတာ မကြာသေးဘဲ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ညာဘက်ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့လို့ ၃ လလောက်အထိ အနားယူရခဲ့တာဖြစ်ပြီး နည်းပြ ဇီဒန်းအတွက်တော့ ခေါင်းခဲစရာလည်းဖြစ်ခဲ့ရတာပါ။

တနင်္ဂနွေနေ့က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ထုတ်ပြန်ကြေငြာချက်မှာတော့ “အီဒင် ဟာဇက်ကို ဒီနေ့ ရီးရဲလ်မက်ဒရစ်အသင်းဆေးအဖွဲ့က ဆေးစစ်ခဲ့ရာမှာ ညာဘက်ခြေချင်းဝတ်အထက်နားက ညို့သကျည်း အရိုးအက်သွားတာကို တွေ့ခဲ့ရပါတယ်။ သူရဲ့ပြန်လည်ကြံ့ခိုင်မှုကိုတော့ ဆက်လက်ပြီး စောင့်ကြည့်သွားရပါမယ်”လို့ ပါဝင်ခဲ့ပါတယ်။

ကနဦးထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဟာဇက်ဟာ (၂)လလောက် နားရဖို့ရှိနေပြီး ဧပြီလလယ်မှ ပြန်လည်လေ့ကျင့်နိုင်ခြေရှိတယ်လို့ ဆိုနေကြပြီး ဒီအချိန်ဟာ ရာသီကုန်ဖို့ တစ်လခွဲလောက်ပဲ ကျန်တော့တာဖြစ်လို့ လက်ကျန်ပွဲတွေကိုလည်း လွဲချော်ကောင်းလွဲချော်နိုင်တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.