Premier League

၁၅.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

သီယာဂို ဆေးလ်ဗားလို ကမ္ဘာ့အဆင့် ဝါရင့်ကစားသမားမျိုးနဲ့ တွဲကစားရတာဟာ သူ့ရဲ့ကူညီလမ်းညွှန်ပေးမှုတွေကြောင့် ကွင်းတွင်းခြေစွမ်းတိုးတက်စေခဲ့သလို ဆေးလ်ဗားကို ကြံ့ခိုင်မှုအပြည့်နဲ့ တရာသီလုံးကစားသွားစေလိုကြောင်း ဘန်ချေးလ်ဝဲလ်ပြောကြား။

ဟာကင်းမ် ဇီးယက်ရှ်ရဲ့ ဘောလုံးဖန်တီးမှုအမြင် နဲ့ တီမို ဗာနာရဲ့ အဆုံးသတ်ပိုင်း သပ်ရပ်သေချာတဲ့ သွင်းဂိုးတွေက ချယ်လ်ဆီးအသင်းကို ဒီရာသီ ပရီးမီးယားလိဂ်ဆုဖလား လမ်း​ကြောင်းပေါ်ဆွဲတင်ပေးသွားလိမ့်မယ်လို့ ကစားသမားဟောင်း ဖာဘရီဂတ်စ်သုံးသပ်သွားခဲ့။

တံကောက်ကြောက်ဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဥ် နောက်ဆုံး ၃ ပွဲဆက် လွဲချော်ထားခဲ့တဲ့ ပူလီရှစ်ချ်ဟာ လာမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့သိရ။

ယူကရိန်းအသင်းနဲ့ပွဲစဥ်မှာ ဂျာမဏီအသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ တီမို ဗာနာအတွက် ချယ်လ်ဆီးအသင်းပရိသတ်တွေ ကျေနပ်နေကြကြောင်း သိရပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ချီးကျူးဂုဏ်ပြုနေ။

နောက်ဆုံး ၆ ပွဲမှာ ၇ ဂိုးသွင်းယူထားတဲ့ တီမို ဗာနာဟာ မိမိတွဲကစားဖူးတဲ့ ဟာရီကိန်း၊ ဂျေမီ ဗာဒီတို့နဲ့တန်းတူ ဂိုးသွင်းမုဆိုးစစ်စစ်ဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ပြီး အသက် ၂၄ နှစ်သားဟာ နောက် ၁၀ နှစ်အကြာအထိ ကမ္ဘာ့အဆင့်ခြေစွမ်းနဲ့ ရပ်တည်နေဦးမှာဖြစ်ကြောင်း အသင်းဖော် ဘန်ချေးဝဲလ်က ချီးကျုးသွားခဲ့။

ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြစ်လာမယ့် မားကို့စ် အလွန်ဆိုကို ခေါ်ယူဖို့ ခရစ္စတယ်လ် ပဲလေ့စ်အသင်းက မျက်စိကျနေပြီး ချယ်လ်ဆီးအသင်းမှာ ဘန်ချေးလ်ဝဲလ်ရဲ့ အရန်လူအနေနဲ့ စက်တင်ဘာကတည်းက ပွဲထွက်ကစားခွင့်မရခဲ့ကြောင်းသိရ။

ပွဲထွက်နေရာမသေချာတော့တဲ့ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ အီမာဆန်ကို ခေါ်ယူဖို့ ယူဗင်တပ်စ်အသင်းက စိတ်ဝင်တစား ကြိုးပမ်းနေပြီး ကစားသမားကိုယ်တိုင်ကလည်း စီးရီးအေကို ပြန်သွားလိုနေတာကြောင့် တပတ်လုပ်ခ ပေါင် ၇သောင်းခွဲနဲ့ လာမယ့် ဇန်နဝါရီမှာ အပြောင်းအရွှေ့ဖြစ်လာဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

သီယာဂို ေဆးလ္ဗားလို ကမၻာ့အဆင့္ ဝါရင့္ကစားသမားမ်ိဳးနဲ႕ တြဲကစားရတာဟာ သူ႕ရဲ႕ကူညီလမ္းၫႊန္ေပးမႈေတြေၾကာင့္ ကြင္းတြင္းေျခစြမ္းတိုးတက္ေစခဲ့သလို ေဆးလ္ဗားကို ႀကံ့ခိုင္မႈအျပည့္နဲ႕ တရာသီလုံးကစားသြားေစလိုေၾကာင္း ဘန္ေခ်းလ္ဝဲလ္ေျပာၾကား။

ဟာကင္းမ္ ဇီးယက္ရွ္ရဲ႕ ေဘာလုံးဖန္တီးမႈအျမင္ နဲ႕ တီမို ဗာနာရဲ႕ အဆုံးသတ္ပိုင္း သပ္ရပ္ေသခ်ာတဲ့ သြင္းဂိုးေတြက ခ်ယ္လ္ဆီးအသင္းကို ဒီရာသီ ပရီးမီးယားလိဂ္ဆုဖလား လမ္း​ေၾကာင္းေပၚဆြဲတင္ေပးသြားလိမ့္မယ္လို႔ ကစားသမားေဟာင္း ဖာဘရီဂတ္စ္သုံးသပ္သြားခဲ့။

တံေကာက္ေၾကာက္ဒဏ္ရာေၾကာင့္ ခ်ယ္လ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ ေနာက္ဆုံး ၃ ပြဲဆက္ လြဲေခ်ာ္ထားခဲ့တဲ့ ပူလီရွစ္ခ်္ဟာ လာမယ့္ နယူးကာဆယ္နဲ႕ပြဲမွာ ပါဝင္ကစားနိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔သိရ။

ယူကရိန္းအသင္းနဲ႕ပြဲစဥ္မွာ ဂ်ာမဏီအသင္းအတြက္ ၂ ဂိုးသြင္းယူေပးခဲ့တဲ့ တီမို ဗာနာအတြက္ ခ်ယ္လ္ဆီးအသင္းပရိသတ္ေတြ ေက်နပ္ေနၾကေၾကာင္း သိရၿပီး လက္ရွိ ကမၻာ့အေကာင္းဆုံးတိုက္စစ္မႉးျဖစ္တယ္လို႔ လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ ခ်ီးက်ဴးဂုဏ္ျပဳေန။

ေနာက္ဆုံး ၆ ပြဲမွာ ၇ ဂိုးသြင္းယူထားတဲ့ တီမို ဗာနာဟာ မိမိတြဲကစားဖူးတဲ့ ဟာရီကိန္း၊ ေဂ်မီ ဗာဒီတို႔နဲ႕တန္းတူ ဂိုးသြင္းမုဆိုးစစ္စစ္ျဖစ္တယ္လို႔ ထုတ္ေဖာ္ခဲ့ၿပီး အသက္ ၂၄ ႏွစ္သားဟာ ေနာက္ ၁၀ ႏွစ္အၾကာအထိ ကမၻာ့အဆင့္ေျခစြမ္းနဲ႕ ရပ္တည္ေနဦးမွာျဖစ္ေၾကာင္း အသင္းေဖာ္ ဘန္ေခ်းဝဲလ္က ခ်ီးက်ဳးသြားခဲ့။

ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖစ္လာမယ့္ မားကို႔စ္ အလြန္ဆိုကို ေခၚယူဖို႔ ခရစၥတယ္လ္ ပဲေလ့စ္အသင္းက မ်က္စိက်ေနၿပီး ခ်ယ္လ္ဆီးအသင္းမွာ ဘန္ေခ်းလ္ဝဲလ္ရဲ႕ အရန္လူအေနနဲ႕ စက္တင္ဘာကတည္းက ပြဲထြက္ကစားခြင့္မရခဲ့ေၾကာင္းသိရ။

ပြဲထြက္ေနရာမေသခ်ာေတာ့တဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ ေနာက္ခံလူ အီမာဆန္ကို ေခၚယူဖို႔ ယူဗင္တပ္စ္အသင္းက စိတ္ဝင္တစား ႀကိဳးပမ္းေနၿပီး ကစားသမားကိုယ္တိုင္ကလည္း စီးရီးေအကို ျပန္သြားလိုေနတာေၾကာင့္ တပတ္လုပ္ခ ေပါင္ ၇ေသာင္းခြဲနဲ႕ လာမယ့္ ဇန္နဝါရီမွာ အေျပာင္းအေ႐ႊ႕ျဖစ္လာဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.