Premier League

ဒဏ်ရာ ပြဿနာတွေနဲ့ ကစားသမားဆုံးရှုံးမှုတွေကို ကလော့ပ် ကျော်လွှားနိုင်မှာလား

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား ဗာဂျီးလ် ဗန်ဒိုက်ကို ရာသီကုန်အထိ လက်လွှတ် ဆုံးရှူံးခဲ့တဲ့နောက် အန်ဒီ ရောဘတ်ဆန်၊ ဂျိုးဂိုးမက်ဇ် နဲ့ မိုဆာလားတို့လို အသင်းရဲ့ အထိုင်ကစားသမားတွေကို နိုင်ငံအသင်းပွဲစဉ်တွေထံ စေလွှတ်ပြီး ဒဏ်ရာပြဿနာ၊ ကိုဗစ်ရောဂါပိုးကူးစက်မှု တို့ကြောင့် ထပ်မံလက်လွှတ်ခဲ့ရပြန်ပြီ ဖြစ်ပါတယ်။

ဂိုးမက်ဇ်ဟာ အင်္ဂလန်နဲ့ ပူးပေါင်းစဥ် လေ့ကျင့်ရေးကွင်းအတွင်း ဒူးဒဏ်ရာရရှိခဲ့လို့ အနားယူခဲ့ရတဲ့အ​ပြင် မိုဆာလားဟာလည်း အီဂျစ်လက်ရွေးစင်အသင်းကို ရောက်ရှိနေတုန်း ရောဂါကူးစက်ခံခဲ့ရတာဟာ နည်းပြ ကလော့ပ်အတွက် ထိုးနှက်ချက်တဖြစ်လဲ စမ်းသပ်မှုလည်း ဖြစ်လာပါတယ်။

ထူးခြားတဲ့အချက်အနေနဲ့ မန်စီးတီးနဲ့ပွဲမှာ ဒဏ်ရာပြဿနာကြုံခဲ့တဲ့ ထရန့် အလက်ဇန်းဒါး အာနိုးလ်ဒ် နဲ့ အင်္ဂလန်လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာ ဖြစ်ပေါ်ခဲ့တဲ့ ဂျိုးဂိုးမက်ဇ်တို့ဟာ တခြားကစားသမားတဦးနဲ့ ထိခိုက်မိတာမျိုးမဟုတ်ဘဲ ဒဏ်ရာကြုံခဲ့ရတာဟာ ကစားသမားတွေရဲ့ ကြွက်သားနဲ့ တစ်ရှူးတွေဟာ ဘယ်လောက်ထိ မနိုင်ဝန်ပိနေပြီဆိုတာကို မီးမောင်းထိုးပြသွားခဲ့တာဖြစ်ပြီး ဒါဟာ အချိန်တိုင်းကို ဒီဇင်ဘာပွဲကျပ်ကာလတခုလို ပွဲစဥ်တောက်လျှောက်ကစားနေရလို့ ညည်းတွားခဲ့ပြီး ပွဲစဥ်ဇယားရေးဆွဲမှုကို ဝေဖန်ခဲ့တဲ့ နည်းပြ ကလော့ပ် ရဲ့ အဆိုဟာ အမှန်ဖြစ်ကြောင်း ထင်ရှားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံလိဂ်ပွဲစဥ် ကစားထားတဲ့အသင်းကို လာမယ့် စနေ​နေ့ နေ့လည် ၁၂ ခွဲမှာ ပွဲချိန်​အစောကြီး ပရီးမီးယားလိဂ်ပွဲ ထပ်ကစားခိုင်းတာဟာ တကယ့်ကို ဖရိုဖရဲလုပ်ရပ်လို့ ကလော့ပ်က တုံ့ပြန်ခဲ့တာဖြစ်ပြီး ကစားသမားတွေ ဒဏ်ရာရလာတာကလွဲပြီး ဘာမှအဖတ်မတင်အောင် အကျိုးမဲ့စေတယ်လို့ ဆိုခဲ့ဖူးပါတယ်။

” ဒဏ်ရာတွေ ဘာကြောင့် ဒီလောက်များလာသလဲဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ပွဲဆက်များလွန်း၊ ပွဲအရေအတွက် များပြားလွန်းတာကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေပါ။ ပွဲဆက်တိုက် ကစားထားတဲ့ ကစားသမားတွေရဲ့ ကြွက်သားတွေဟာ အရမ်းကို ပင်ပန်းနေပါပြီ။ လိုအပ်တဲ့ အနားယူ အားဖြည့်မှု ရှိရပါမယ်။ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်ဆီက စာမပို့လာရင် ကျွန်တော်တို့ကို အလွန်ကူညီပေးရာ ရောက်ပါတယ်။ အသင်းက ကိုယ့်ကစားသမားတွေကို စေလွှတ်ပေးစရာ မလိုတော့လို့ပါ။ ဒါပေမယ့် ကစားသမားကို ခေါ်ပြီးတယ်ဆိုရင်လည်း လုပ်ထုံးလုပ်နည်း အစီအမံတွေကို အပြည့်အဝစီစဥ်ပြီးသား ဖြစ်နေမှ ကောင်းပါတယ်။” လို့ ကလော့ပ်က ဘောလုံးအဖွဲ့ချုပ်က​ တာဝန်ရှိသူများထံ အသိပေးသွားခဲ့ပါတယ်။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ အသင္းရဲ႕ အဓိက ကစားသမား ဗာဂ်ီးလ္ ဗန္ဒိုက္ကို ရာသီကုန္အထိ လက္လႊတ္ ဆုံးရႉံးခဲ့တဲ့ေနာက္ အန္ဒီ ေရာဘတ္ဆန္၊ ဂ်ိဳးဂိုးမက္ဇ္ နဲ႕ မိုဆာလားတို႔လို အသင္းရဲ႕ အထိုင္ကစားသမားေတြကို နိုင္ငံအသင္းပြဲစဥ္ေတြထံ ေစလႊတ္ၿပီး ဒဏ္ရာျပႆနာ၊ ကိုဗစ္ေရာဂါပိုးကူးစက္မႈ တို႔ေၾကာင့္ ထပ္မံလက္လႊတ္ခဲ့ရျပန္ၿပီ ျဖစ္ပါတယ္။

ဂိုးမက္ဇ္ဟာ အဂၤလန္နဲ႕ ပူးေပါင္းစဥ္ ေလ့က်င့္ေရးကြင္းအတြင္း ဒူးဒဏ္ရာရရွိခဲ့လို႔ အနားယူခဲ့ရတဲ့အ​ျပင္ မိုဆာလားဟာလည္း အီဂ်စ္လက္ေ႐ြးစင္အသင္းကို ေရာက္ရွိေနတုန္း ေရာဂါကူးစက္ခံခဲ့ရတာဟာ နည္းျပ ကေလာ့ပ္အတြက္ ထိုးႏွက္ခ်က္တျဖစ္လဲ စမ္းသပ္မႈလည္း ျဖစ္လာပါတယ္။

ထူးျခားတဲ့အခ်က္အေနနဲ႕ မန္စီးတီးနဲ႕ပြဲမွာ ဒဏ္ရာျပႆနာႀကဳံခဲ့တဲ့ ထရန့္ အလက္ဇန္းဒါး အာနိုးလ္ဒ္ နဲ႕ အဂၤလန္ေလ့က်င့္ေရးကြင္းမွာ ဒဏ္ရာ ျဖစ္ေပၚခဲ့တဲ့ ဂ်ိဳးဂိုးမက္ဇ္တို႔ဟာ တျခားကစားသမားတဦးနဲ႕ ထိခိုက္မိတာမ်ိဳးမဟုတ္ဘဲ ဒဏ္ရာႀကဳံခဲ့ရတာဟာ ကစားသမားေတြရဲ႕ ႂကြက္သားနဲ႕ တစ္ရႉးေတြဟာ ဘယ္ေလာက္ထိ မနိုင္ဝန္ပိေနၿပီဆိုတာကို မီးေမာင္းထိုးျပသြားခဲ့တာျဖစ္ၿပီး အခ်ိန္တိုင္းကို ဒီဇင္ဘာပြဲက်ပ္ကာလတခုလို ပြဲ ေတာက္ေလွ်ာက္ကစားေနရလို႔ ညည္းတြားခဲ့ၿပီး ပြဲစဥ္ဇယားေရးဆြဲမႈကို ေဝဖန္ခဲ့တဲ့ နည္းျပ ကေလာ့ပ္ ရဲ႕ အဆိုဟာ အမွန္ျဖစ္ေၾကာင္း ထင္ရွားခဲ့ပါတယ္။

ဗုဒၶဟူးေန႕ညမွာ ခ်န္ပီယံလိဂ္ပြဲစဥ္ ကစားထားတဲ့အသင္းကို စေန​ေန႕ ေန႕လည္ ၁၂ ခြဲမွာ ပြဲခ်ိန္​အေစာႀကီး ပရီးမီးယားလိဂ္ပြဲ ထပ္ကစားခိုင္းတာဟာ တကယ့္ကို ဖရိုဖရဲလုပ္ရပ္လို႔ ကေလာ့ပ္က တုံ႕ျပန္ခဲ့တာျဖစ္ၿပီး ကစားသမားေတြ ဒဏ္ရာရလာတာကလြဲၿပီး ဘာမွအဖတ္မတင္ေအာင္ အက်ိဳးမဲ့ေစတယ္လို႔ ဆိုခဲ့ဖူးပါတယ္။

” ဒဏ္ရာေတြ ဘာေၾကာင့္ ဒီေလာက္မ်ားလာသလဲဆိုတာ အားလုံးသိၾကတဲ့အတိုင္းပါပဲ။ ပြဲဆက္မ်ားလြန္း၊ ပြဲအေရအတြက္ မ်ားျပားလြန္းတာေၾကာင့္ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြပါ။ ကစားသမားေတြရဲ႕ ႂကြက္သားေတြဟာ အရမ္းကိုပင္ပန္းေနပါၿပီ။ လိုအပ္တဲ့ အနားယူအားျဖည့္မႈ ရွိရပါမယ္။ သက္ဆိုင္ရာ ေဘာလုံးအဖြဲ႕ခ်ဳပ္ဆီက စာမပို႔လာရင္ ကြၽန္ေတာ္တို႔ကို အလြန္ကူညီေပးရာ ေရာက္ပါတယ္။ အသင္းက ကိုယ့္ကစားသမားေတြကို ေစလႊတ္ေပးစရာ မလိုေတာ့လို႔ပါ။ ဒါေပမယ့္ ကစားသမားကို ေခၚၿပီးတယ္ဆိုရင္လည္း လုပ္ထုံးလုပ္နည္း အစီအမံေတြကို အျပည့္အဝစီစဥ္ၿပီးသား ျဖစ္ေနမွ ေကာင္းပါတယ္။” လို႔ ကေလာ့ပ္က ေဘာလုံးအဖြဲ႕ခ်ဳပ္က​ တာဝန္ရွိသူမ်ားထံ အသိေပးသြားခဲ့ပါတယ္။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.