Premier League

၁၅.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

လီဗာပူးလ်အသင်းနည်းပြ ယာဂင် ကလော့ပ်နေရာကို ဆက်ခံဖို့အတွက် အသင်းရဲ့ ဂန္ထဝင်ကစားသမား စတီဗင် ဂျရတ်ကို အသင်းပရိသတ်တွေက လိုလားလျက်ရှိနေပြီး အင်္ဂလန်အသင်းဖော် အဘွန်လဟော်ကလည်း ဂျရတ်သာ အနာဂတ်နည်းပြ ဖြစ်လာသင့်တယ်လို့ ယုံကြည်နေ။

အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေစဥ်အတွင်း ဒူးဒဏ်ရာရရှိသွားပြီး ဒီရာသီရဲ့ ပွဲစဥ်အများစုကို လွဲချော်တော့မယ့် ဂိုးမက်ဇ်အတွက် လီဗာပူးလ်အသင်း ဖီဖာထံမှ နစ်နာကြေး ပေါင်၂ သန်း ရရှိမည်ဖြစ်။

နာဘီ ကီတာ၊ ဖာဘင်ညို နဲ့ သီယာဂို အယ်လ်ကန်တာရာတို့ဟာ လာမယ့် လက်စတာနဲ့ပွဲမှာ ပါဝင်လာနိုင်ဖွယ်ရှိနေလို့ ကစားသမားအကျပ်အတည်းဖြစ်နေတဲ့ လီဗာပူးအသင်းရဲ့ ပရိသတ်တွေက ပျော်ရွှင်နေပြီး သုံးဦးစလုံး ကြံ့ခိုင်မှုပြည့်ဝနေကြောင်းသိရ။

ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့ မိုဆာလားဟာ ရောဂါမဖြစ်ပွားခင်မှာ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့က ‘ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ရရှိခဲ့တဲ့ ပထမဆုံး အီဂျစ်ကစားသမား’ ဆု ဂုဏ်ပြုပွဲအခမ်းအနားနဲ့ မင်္ဂလာဆောင်တခုကို တက်ရောက်ခဲ့သေးကြောင်း သိရပြီး လာမယ့် ၂ ပွဲဆက် လွဲချော်ဖွယ်ရှိနေ။

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်ခဲ့ပါက သူရရှိခဲ့ဖူးတဲ့ ဘယ်ဆုဖလားထက်မဆို သာလွန်တဲ့ နည်းပြဘဝအောင်မြင်မှုတရပ် ဖြစ်လာလိမ့်မယ်လို့ စတီဖန် ဝါးနော့ပြောကြား။

ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့ မိုဆာလားမှာ အပျော့စားရောဂါလက္ခဏာတွေသာ ရှိနေပြီး ပြင်းထန်ဆိုးရွားတဲ့ ရောဂါလက္ခဏာတွေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ပြသနေခြင်းမရှိဘဲ သက်သာစွာရှိနေကြောင်း အီဂျစ်အသင်းဆရာဝန်က အတည်ပြုပြောကြားခဲ့။

အိုလံပီယာကို့စ်အသင်းရဲ့ ဗဟိုခံစစ်မှူး ရူဘန် ဆီမီဒိုကို ဇန်နဝါရီမှာ အရခေါ်ယူနိုင်ဖို့ လီဗာပူးလ်အသင်းက လိုက်နေကြောင်း သိရပြီး ပေါင် ၁၈ သန်းဝန်းကျင်နဲ့ ခေါ်ယူသွားနိုင်ဖွယ်ရှိသလို ကစားကိုယ်တိုင်ကလည်း ပြောင်းရွှေ့ကစားလိုနေကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းနည္းျပ ယာဂင္ ကေလာ့ပ္ေနရာကို ဆက္ခံဖို႔အတြက္ အသင္းရဲ႕ ဂႏၳဝင္ကစားသမား စတီဗင္ ဂ်ရတ္ကို အသင္းပရိသတ္ေတြက လိုလားလ်က္ရွိေနၿပီး အဂၤလန္အသင္းေဖာ္ အဘြန္လေဟာ္ကလည္း ဂ်ရတ္သာ အနာဂတ္နည္းျပ ျဖစ္လာသင့္တယ္လို႔ ယုံၾကည္ေန။

အဂၤလန္အသင္းနဲ႕ ေလ့က်င့္ခန္းဆင္းေနစဥ္အတြင္း ဒူးဒဏ္ရာရရွိသြားၿပီး ဒီရာသီရဲ႕ ပြဲစဥ္အမ်ားစုကို လြဲေခ်ာ္ေတာ့မယ့္ ဂိုးမက္ဇ္အတြက္ လီဗာပူးလ္အသင္း ဖီဖာထံမွ နစ္နာေၾကး ေပါင္၂ သန္း ရရွိမည္ျဖစ္။

နာဘီ ကီတာ၊ ဖာဘင္ညို နဲ႕ သီယာဂို အယ္လ္ကန္တာရာတို႔ဟာ လာမယ့္ လက္စတာနဲ႕ပြဲမွာ ပါဝင္လာႏိုင္ဖြယ္ရွိေနလို႔ ကစားသမားအက်ပ္အတည္းျဖစ္ေနတဲ့ လီဗာပူးအသင္းရဲ႕ ပရိသတ္ေတြက ေပ်ာ္႐ႊင္ေနၿပီး သုံးဦးစလုံး ႀကံ့ခိုင္မႈျပည့္ဝေနေၾကာင္းသိရ။

ကိုဗစ္ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့တဲ့ မိုဆာလားဟာ ေရာဂါမျဖစ္ပြားခင္မွာ အီဂ်စ္နိုင္ငံ၊ ကိုင္ရိုၿမိဳ႕က ‘ပရီးမီးယားလိဂ္နဲ႕ ခ်န္ပီယံလိဂ္ ရရွိခဲ့တဲ့ ပထမဆုံး အီဂ်စ္ကစားသမား’ ဆု ဂုဏ္ျပဳပြဲအခမ္းအနားနဲ႕ မဂၤလာေဆာင္တခုကို တက္ေရာက္ခဲ့ေသးေၾကာင္း သိရၿပီး လာမယ့္ ၂ ပြဲဆက္ လြဲေခ်ာ္ဖြယ္ရွိေန။

လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္အေနနဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ဆက္လက္ကာကြယ္နိုင္ခဲ့ပါက သူရရွိခဲ့ဖူးတဲ့ ဘယ္ဆုဖလားထက္မဆို သာလြန္တဲ့ နည္းျပဘဝေအာင္ျမင္မႈတရပ္ ျဖစ္လာလိမ့္မယ္လို႔ စတီဖန္ ဝါးေနာ့ေျပာၾကား။

ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရတဲ့ မိုဆာလားမွာ အေပ်ာ့စားေရာဂါလကၡဏာေတြသာ ရွိေနၿပီး ျပင္းထန္ဆိုး႐ြားတဲ့ ေရာဂါလကၡဏာေတြနဲ႕ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား ျပသေနျခင္းမရွိဘဲ သက္သာစြာရွိေနေၾကာင္း အီဂ်စ္အသင္းဆရာဝန္က အတည္ျပဳေျပာၾကားခဲ့။

အိုလံပီယာကို႔စ္အသင္းရဲ႕ ဗဟိုခံစစ္မႉး ႐ူဘန္ ဆီမီဒိုကို ဇန္နဝါရီမွာ အရေခၚယူနိုင္ဖို႔ လီဗာပူးလ္အသင္းက လိုက္ေနေၾကာင္း သိရၿပီး ေပါင္ ၁၈ သန္းဝန္းက်င္နဲ႕ ေခၚယူသြားနိုင္ဖြယ္ရွိသလို ကစားကိုယ္တိုင္ကလည္း ေျပာင္းေ႐ႊ႕ကစားလိုေနေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.