Premier League Transfer News

15 Nov နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူတွေဖြစ်ကြတဲ့ ဂျရုမ်း ဘိုတန်းနဲ့ ဒေးဗစ် အလာဘာတို့ကို အကြိုသဘောတူ စာချုပ်ချုပ်ဆိုဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းမှုတွေ ရရှိထား။

– ပေါ်တူဂီနဲ့ ပြင်သစ်တို့ တွေ့ဆုံတဲ့ နေးရှင်းလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ ကလပ်အသင်းဖော် ဘရူနို ဖာနန်ဒက်စ် ကန်တင်လို့ မရအောင် ကြိုးကြိုးစားစားနဲ့ ဖျက်ထုတ်သွားခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ ခံစစ်ကစားဟန်က နည်းပြ ဆိုးလ်ရှားအတွက် သဘောကျစရာဖြစ်နိုင်။

– ယူနိုက်တက်နဲ့ လာမယ့်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရမလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပြီး အခွင့်အရေးပေးခဲ့ရင် ကလပ်နဲ့ ကစားသမား နှစ်ဦးစလုံးအတွက် အကောင်းဆုံးဖြစ်နိုင်သလို ကစားခွင့်မရရင်တော့ ဇန်နဝါရီမှာ အသင်းက ထွက်ခွာသွားမယ်လို့ နောက်ခံလူ အဲရစ် ဘိုင်လီရဲ့ အေးဂျင့်ပြော။

– ပေါ့ဘာအနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ ဆက်ရှိနေဖို့ အခွင့်အရေး နည်းပါးနေတယ်လို့ ဂျာနယ်လစ် ကာလ်တန် ပါးလ်မား ပြောကြားလိုက်ပြီး လက်ရှိအခန်းကဏ္ဍမှာ မပျော်မရွှင်ဖြစ်နေတဲ့ ပြင်သစ်သားရဲ့ အာနဂတ်ကို ခန့်မှန်းသွား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ RB လိုက်ပ်ဇစ်ရဲ့ ဒါယို အူပါမီကာနိုကို ဦးစားပေးအဖြစ် ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ပြီး အဆင်မပြေခဲ့ရင်တော့ ဒေါ့မွန်ရဲ့ အသက် ၂၁ နှစ်အရွယ်နောက်ခံလူ ဒန်-အိတ်ဇယ်လ် ဇာဂါဒူးကို ပြောင်းလဲခေါ်ယူဖွယ်ရှိနေ။

– ဒါဘီအသင်းနဲ့ နည်းပြ ဖိလစ် ကိုကူးတို့ရဲ့ နှစ်ဦးသဘောတူ လမ်းခွဲမှုအပြီးမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီအနေနဲ့ ပိုမိုမြင့်မားတဲ့ ရာထူးဖြစ်တဲ့ နည်းပြနေရာဆီ ကစားသမား/နည်းပြ ရာထူးနဲ့ တက်လှမ်းနိုင်ဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်လိုက်ပါမှု အားနည်းတဲ့ ညာနောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာနေရာမှာ တိုက်စစ်ဦးစားပေးဖို့ လိုအပ်ချိန်တွေမှာ အကောင်းဆုံးကစားနိုင်မယ့် ခံစစ်အစွန် တာရစ်ခ် လမ့်ပတေးကို ဘရိုက်တန်ကနေ ခေါ်ယူဖို့ စဉ်းစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ဇန္နဝါရီမွာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဂ်႐ုမ္း ဘိုတန္းနဲ႔ ေဒးဗစ္ အလာဘာတို႔ကို အႀကိဳသေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ႀကိဳးစားသင့္တယ္လို႔ တိုက္တြန္းမႈေတြ ရရွိထား။

– ေပၚတူဂီနဲ႔ ျပင္သစ္တို႔ ေတြ႕ဆုံတဲ့ ေနးရွင္းလိဂ္အုပ္စုအဆင့္ပြဲစဥ္မွာ ကလပ္အသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္ ကန္တင္လို႔ မရေအာင္ ႀကိဳးႀကိဳးစားစားနဲ႔ ဖ်က္ထုတ္သြားခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ ခံစစ္ကစားဟန္က နည္းျပ ဆိုးလ္ရွားအတြက္ သေဘာက်စရာျဖစ္ႏိုင္။

– ယူႏိုက္တက္နဲ႔ လာမယ့္ပြဲစဥ္ေတြမွာ ပြဲထြက္ခြင့္ရမလားဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ၿပီး အခြင့္အေရးေပးခဲ့ရင္ ကလပ္နဲ႔ ကစားသမား ႏွစ္ဦးစလုံးအတြက္ အေကာင္းဆုံးျဖစ္ႏိုင္သလို ကစားခြင့္မရရင္ေတာ့ ဇန္နဝါရီမွာ အသင္းက ထြက္ခြာသြားမယ္လို႔ ေနာက္ခံလူ အဲရစ္ ဘိုင္လီရဲ႕ ေအးဂ်င့္ေျပာ။

– ေပါ့ဘာအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္မွာ ဆက္ရွိေနဖို႔ အခြင့္အေရး နည္းပါးေနတယ္လို႔ ဂ်ာနယ္လစ္ ကာလ္တန္ ပါးလ္မား ေျပာၾကားလိုက္ၿပီး လက္ရွိအခန္းက႑မွာ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ ျပင္သစ္သားရဲ႕ အာနဂတ္ကို ခန႔္မွန္းသြား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ RB လိုက္ပ္ဇစ္ရဲ႕ ဒါယို အူပါမီကာႏိုကို ဦးစားေပးအျဖစ္ ေခၚယူဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး အဆင္မေျပခဲ့ရင္ေတာ့ ေဒါ့မြန္ရဲ႕ အသက္ ၂၁ ႏွစ္အ႐ြယ္ေနာက္ခံလူ ဒန္-အိတ္ဇယ္ ဇာဂါဒူးကို ေျပာင္းလဲေခၚယူဖြယ္ရွိေန။

– ဒါဘီအသင္းနဲ႔ နည္းျပ ဖိလစ္ ကိုကူးတို႔ရဲ႕ ႏွစ္ဦးသေဘာတူ လမ္းခြဲမႈအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္နီအေနနဲ႔ ပိုမိုျမင့္မားတဲ့ ရာထူးျဖစ္တဲ့ နည္းျပေနရာဆီ ကစားသမား/နည္းျပ ရာထူးနဲ႔ တက္လွမ္းႏိုင္ဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္လိုက္ပါမႈ အားနည္းတဲ့ ညာေနာက္ခံလူ အာ႐ြန္ ဝန္ဘစ္ဆာကာေနရာမွာ တိုက္စစ္ဦးစားေပးဖို႔ လိုအပ္ခ်ိန္ေတြမွာ အေကာင္းဆုံးကစားႏိုင္မယ့္ ခံစစ္အစြန္ တာရစ္ခ္ လမ့္ပေတးကို ဘ႐ိုက္တန္ကေန ေခၚယူဖို႔ စဥ္းစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.