Premier League

ေနာက္က လုိက္ကစားခဲ့ရေပမယ့္ ၂၂ မွတ္ကို ႏိုင္ပြဲနဲ႔အတူ ဆက္ထိန္းထားဆဲ လီဗာပူးလ္

ၿပီးခဲ့တဲ့ တနလၤာေန႔ညက ယွဥ္ၿပဳိင္ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ ဝက္စ္ဟမ္းတုိ႔ရဲ႕ ပြဲစဥ္မွာေတာ့ အိမ္ရွင္လီဗာပူးလ္အသင္းအေနနဲ႔ တန္းဆင္ဇုန္ ႐ုန္းအားရွိေနတဲ့ ဧည့္သည္ ဝက္စ္ဟမ္းအသင္းကို အန္းဖီးလ္မွာ ေနာက္ေန လုိက္ကစားခဲ့ရၿပီးမွ ေခ်ပဂိုးနဲ႔ အႏုိင္ဂိုးေတြ ရယူၿပီး ပရီးမီးယားလိဂ္ကို ၂၂ မွတ္နဲ႔ ဆက္လက္ဦးေဆာင္ထားႏုိင္ဆဲျဖစ္သလို မန္စီးတီးရဲ႕ ၁၈ ပြဲဆက္တုိက္ ႏုိင္ပြဲဆက္စံခ်ိန္ကိုလည္း လုိက္မီသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာကတည္းက အိမ္ရွင္တို႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ျဖတ္တင္ေဘာကေန ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္ ေခါင္းတုိက္ၿပီး ဦးေဆာင္ႏုိင္ခဲ့ေပမယ့္ ဒါက သုံးမိနစ္သာ ခံခဲ့ၿပီး အသင္းႀကီးေတြ စိတ္ဝင္စားေနတဲ့ ဝက္စ္ဟမ္းေနာက္ခံလူ အစ္ဆာ ဒီေယာ့ပ္က စေနာ့ဂရတ္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတုိက္ေခ်ပခဲ့တာပါ။

ပထမပုိင္းမွာေတာ့ လီဗာပူးလ္ရဲ႕ ဖိအားကို ဝက္စ္ဟမ္းတုိ႔ ေတာင့္ခံႏုိင္ခဲ့ၿပီး တစ္ဂိုးစီ သေရက်ေနခဲ့လို႔ ဒုတိယပုိင္းမွာ အိမ္ရွင္တုိ႔ ဂိုးထပ္သြင္းေတာ့မလား ၾကည့္ေနရင္း တကယ္သြင္းသြားခဲ့တာေတာ့ ဝက္စ္ဟမ္းကြင္းလယ္လူ ေဖာ္နယ္လ္စ္ ျဖစ္ေနခဲ့တာပါ။ ၅၄ မိနစ္မွာ ညာေတာင္ပံက ဒက္ကလန္႐ိုက္စ္ရဲ႕ ျဖတ္တင္ေဘာကို လီဗာပူးလ္ေနာက္ခံလူေတြ မဖ်က္ႏုိင္ခင္ Volley အနိမ့္ကန္သြားခဲ့တာျဖစ္ၿပီး ဂိုးသမား အယ္လီဆန္ ဖမ္းေပမယ့္လည္း မမီခဲ့တာပါ။

ဒါေပမယ့္ ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္ေနတဲ့ အသင္းတစ္သင္းရဲ႕ စိတ္ဓာတ္ခြန္အားကို လီဗာပူးလ္တုိ႔ ျပသႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၆၈ မိနစ္မွာ ဆာလားက ေရာဘတ္ဆန္ရဲ႕ အနိမ့္ေဘာခ်ဳိးေပးတာကို ကန္သြင္းရာမွာ ေနာက္ခံလူရဲ႕ ေျခေထာက္ၾကားက ထြက္လာခဲ့ၿပီး ဂိုးသမား ဖာဘီယန္စကီး ကာကြယ္ပုံ မေကာင္းခဲ့လို႔ လက္ၾကားထဲက ဝင္သြားခဲ့တာျဖစ္သလို အိမ္ရွင္တုိ႔ ပုိၿပီး ဖိကစားလာႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ေနာက္တန္းကို ေက်ာ္က်လာတဲ့ ေဘာလုံးကို ညာေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကပဲ ဂိုးသမားေဘးက ျဖတ္ခ်ဳိးေပးတာကို မာကင္လြတ္ေနတဲ့ မာေနးက တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ ပိတ္သြင္းယူခဲ့ၿပီး အႏိုင္ဂိုးရွာေဖြေပးႏုိင္ခဲ့သလို ခ်န္ပီယံဆု အတြက္ ေျခတစ္လွမ္းနီးတဲ့ အေနအထားကို ဦးေဆာင္မွဳ ၂၂ မွတ္ကေန ေလ်ာ့က်မခံဘဲ ပို႔ေဆာင္ေပးသြားႏုိင္ခဲ့တဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: STANDARD & DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ တနင်္လာနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်လီဗာပူးလ်အသင်းအနေနဲ့ တန်းဆင်ဇုန် ရုန်းအားရှိနေတဲ့ ဧည့်သည် ဝက်စ်ဟမ်းအသင်းကို အန်းဖီးလ်မှာ နောက်နေ လိုက်ကစားခဲ့ရပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရယူပြီး ပရီးမီးယားလိဂ်ကို ၂၂ မှတ်နဲ့ ဆက်လက်ဦးဆောင်ထားနိုင်ဆဲဖြစ်သလို မန်စီးတီးရဲ့ ၁၈ ပွဲဆက်တိုက် နိုင်ပွဲဆက်စံချိန်ကိုလည်း လိုက်မီသွားခဲ့ပါတယ်။

ပွဲချိန် ၉ မိနစ်မှာကတည်းက အိမ်ရှင်တို့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖြတ်တင်ဘောကနေ ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ် ခေါင်းတိုက်ပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် ဒါက သုံးမိနစ်သာ ခံခဲ့ပြီး အသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ ဝက်စ်ဟမ်းနောက်ခံလူ အစ်ဆာ ဒီယော့ပ်က စနော့ဂရတ်စ်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ချေပခဲ့တာပါ။

ပထမပိုင်းမှာတော့ လီဗာပူးလ်ရဲ့ ဖိအားကို ဝက်စ်ဟမ်းတို့ တောင့်ခံနိုင်ခဲ့ပြီး တစ်ဂိုးစီ သရေကျနေခဲ့လို့ ဒုတိယပိုင်းမှာ အိမ်ရှင်တို့ ဂိုးထပ်သွင်းတော့မလား ကြည့်နေရင်း တကယ်သွင်းသွားခဲ့တာတော့ ဝက်စ်ဟမ်းကွင်းလယ်လူ ဖော်နယ်လ်စ် ဖြစ်နေခဲ့တာပါ။ ၅၄ မိနစ်မှာ ညာတောင်ပံက ဒက်ကလန်ရိုက်စ်ရဲ့ ဖြတ်တင်ဘောကို လီဗာပူးလ်နောက်ခံလူတွေ မဖျက်နိုင်ခင် Volley အနိမ့်ကန်သွားခဲ့တာဖြစ်ပြီး ဂိုးသမား အယ်လီဆန် ဖမ်းပေမယ့်လည်း မမီခဲ့တာပါ။

ဒါပေမယ့် ချန်ပီယံဖြစ်ဖို့ ထိုက်တန်နေတဲ့ အသင်းတစ်သင်းရဲ့ စိတ်ဓာတ်ခွန်အားကို လီဗာပူးလ်တို့ ပြသနိုင်ခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာ ဆာလားက ရောဘတ်ဆန်ရဲ့ အနိမ့်ဘောချိုးပေးတာကို ကန်သွင်းရာမှာ နောက်ခံလူရဲ့ ခြေထောက်ကြားက ထွက်လာခဲ့ပြီး ဂိုးသမား ဖာဘီယန်စကီး ကာကွယ်ပုံ မကောင်းခဲ့လို့ လက်ကြားထဲက ဝင်သွားခဲ့တာဖြစ်သလို အိမ်ရှင်တို့ ပိုပြီး ဖိကစားလာနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ နောက်တန်းကို ကျော်ကျလာတဲ့ ဘောလုံးကို ညာနောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကပဲ ဂိုးသမားဘေးက ဖြတ်ချိုးပေးတာကို မာကင်လွတ်နေတဲ့ မာနေးက တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ပိတ်သွင်းယူခဲ့ပြီး အနိုင်ဂိုးရှာဖွေပေးနိုင်ခဲ့သလို ချန်ပီယံဆု အတွက် ခြေတစ်လှမ်းနီးတဲ့ အနေအထားကို ဦးဆောင်မှု ၂၂ မှတ်ကနေ လျော့ကျမခံဘဲ ပို့ဆောင်ပေးသွားနိုင်ခဲ့တဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: STANDARD & DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.