Premier League Transfer News

15 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ ဂမ်ဘီယာဘက်ကို သွင်းယူနိုင်ခဲ့တဲ့ ဂိုးအပြီးမှာ ပရိသတ်တွေက နည်းပြ မီခယ်လ် အာတီတာကို ဂါဘွန်အသင်းမှာလိုပဲ အာဆင်နယ်မှာ တိုက်စစ်မှူးကို ဗဟိုအနေနဲ့ သုံးစွဲသင့်ကြောင်း ဒီဂိုးကို ကြည့်မိသလားဆိုပြီး ထောက်ပြနေကြ။

– မာတီနယ်လီနဲ့ ဂရင်းဝုဒ်တို့ကို တွစ်တာမှာ နှိုင်းယှဉ်ပြီး စကားနိုင်လုမှုတွေ ပြုလုပ်နေတဲ့အထဲမှာတော့ ရီယို ဖာဒီနန်က အာဆင်နယ် ကစားသမားဘက်က အလေးသာစေမယ့် ချီးကျူးမှုကို ပြုလုပ်လိုက်ပြီး ချဲလ်ဆီးနဲ့ပွဲမှာ ဒီလောက် ဘောလုံးဆွဲပြေးပြီး သွင်းယူနိုင်ဖို့ အင်အားနဲ့ တည်ငြိမ်မှု ကျန်သေးတယ်လားလို့ သုံးသပ်သွား။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ ဦးဆောင်မယ့် အနာဂတ်ကစားသမားအဖြစ် သူမြင်တွေ့ချင်တယ်သူဟာ အက်စတန်ဗီလာမှာ ခြေစွမ်းပြနေတဲ့ အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ဖြစ်တယ်လို့ ကစားသမားဟောင်း ဂီလ်ဘာတို ဆေးလ်ဗား ပြောကြား။

– လူငယ်အသင်းမှာ ၃ ပွဲကစား ၃ ဂိုးသွင်းပြီး ခြေစွမ်းပြနေသလို အီဘရာဟီမိုဗစ်ချ်လက်သစ်လို့ ချီးကျူးခံထားခဲ့ရတဲ့ အသက် ၁၈ နှစ် အရွယ်တိုက်စစ်မှူး နီကိုလိုင် မိုးလာကို အသင်းကြီးနဲ့အတူ ပူးပေါင်ပြီး ထရိန်နင်ဆင်းဖို့ အာတီတာ ခေါ်ယူထား။

– အာဆင်နယ်အသင်းက အလိုမရှိတော့လို့ အက်သလက်တီကို မက်ဒရစ်အသင်းမှာ အငှားချထားခဲ့တဲ့ လူးကပ်စ် တော်ရဲရားကို လာမယ့် ဇန်နဝါရီမှာ အသင်းကို ခေါ်ယူနိုင်ဖို့ တိုရီနိုအသင်းနဲ့ နည်းပြ မာကို ဂျမ်ပေါ်လို ကြိုးစားသွားဖွယ်ရှိနေ။

– ယူ-၂၃ ပြိုင်ပွဲတွေနဲ့ ထရိန်နင်မှာ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ရိုမေးနီးယားလူငယ်ကွင်းလယ်လူ ကာတာလင် ဆာဂျန်ဟာ လက်ရှိ စီနီယာကစားသမား ဝီလီယန်ထက်တောင် ပိုကောင်းနေသေးတယ်လို့ ပရိသတ်တွေ ချီးကျုးနေကြ။

– လာမယ့်ဇန်နဝါရီမှာ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ လောက် ပေးချေလာခဲ့ရင် ရောင်းချဖို့ အာဆင်နယ်အသင်းဘက်က အဆင်သင့်ရှိနေပြီး ဝေဖန်ခံနေရတဲ့ ပြင်သစ်သားရဲ့ အမ်းမရိတ်နေ့ရက်တွေ ကုန်ဆုံးဖို့နီးလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ ဂမ္ဘီယာဘက္ကို သြင္းယူႏိုင္ခဲ့တဲ့ ဂိုးအၿပီးမွာ ပရိသတ္ေတြက နည္းျပ မီခယ္လ္ အာတီတာကို ဂါဘြန္အသင္းမွာလိုပဲ အာဆင္နယ္မွာ တိုက္စစ္မႉးကို ဗဟိုအေနနဲ႔ သုံးစြဲသင့္ေၾကာင္း ဒီဂိုးကို ၾကည့္မိသလားဆိုၿပီး ေထာက္ျပေနၾက။

– မာတီနယ္လီနဲ႔ ဂရင္းဝုဒ္တို႔ကို တြစ္တာမွာ ႏႈိင္းယွဥ္ၿပီး စကားႏိုင္လုမႈေတြ ျပဳလုပ္ေနတဲ့အထဲမွာေတာ့ ရီယို ဖာဒီနန္က အာဆင္နယ္ ကစားသမားဘက္က အေလးသာေစမယ့္ ခ်ီးက်ဴးမႈကို ျပဳလုပ္လိုက္ၿပီး ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဒီေလာက္ ေဘာလုံးဆြဲေျပးၿပီး သြင္းယူႏိုင္ဖို႔ အင္အားနဲ႔ တည္ၿငိမ္မႈ က်န္ေသးတယ္လားလို႔ သုံးသပ္သြား။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္မွာ ဦးေဆာင္မယ့္ အနာဂတ္ကစားသမားအျဖစ္ သူျမင္ေတြ႕ခ်င္တယ္သူဟာ အက္စတန္ဗီလာမွာ ေျခစြမ္းျပေနတဲ့ အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ျဖစ္တယ္လို႔ ကစားသမားေဟာင္း ဂီလ္ဘာတို ေဆးလ္ဗား ေျပာၾကား။

– လူငယ္အသင္းမွာ ၃ ပြဲကစား ၃ ဂိုးသြင္းၿပီး ေျခစြမ္းျပေနသလို အီဘရာဟီမိုဗစ္ခ်္လက္သစ္လို႔ ခ်ီးက်ဴးခံထားခဲ့ရတဲ့ အသက္ ၁၈ ႏွစ္ အ႐ြယ္တိုက္စစ္မႉး နီကိုလိုင္ မိုးလာကို အသင္းႀကီးနဲ႔အတူ ပူးေပါင္ၿပီး ထရိန္နင္ဆင္းဖို႔ အာတီတာ ေခၚယူထား။

– အာဆင္နယ္အသင္းက အလိုမရွိေတာ့လို႔ အက္သလက္တီကို မက္ဒရစ္အသင္းမွာ အငွားခ်ထားခဲ့တဲ့ လူးကပ္စ္ ေတာ္ရဲရားကို လာမယ့္ ဇန္နဝါရီမွာ အသင္းကို ေခၚယူႏိုင္ဖို႔ တိုရီႏိုအသင္းနဲ႔ နည္းျပ မာကို ဂ်မ္ေပၚလို ႀကိဳးစားသြားဖြယ္ရွိေန။

– ယူ-၂၃ ၿပိဳင္ပြဲေတြနဲ႔ ထရိန္နင္မွာ ေျခစြမ္းေကာင္းေတြ ျပသထားတဲ့ ႐ိုေမးနီးယားလူငယ္ကြင္းလယ္လူ ကာတာလင္ ဆာဂ်န္ဟာ လက္ရွိ စီနီယာကစားသမား ဝီလီယန္ထက္ေတာင္ ပိုေကာင္းေနေသးတယ္လို႔ ပရိသတ္ေတြ ခ်ီးက်ဳးေနၾက။

– လာမယ့္ဇန္နဝါရီမွာ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၄၀ ေလာက္ ေပးေခ်လာခဲ့ရင္ ေရာင္းခ်ဖို႔ အာဆင္နယ္အသင္းဘက္က အဆင္သင့္ရွိေနၿပီး ေဝဖန္ခံေနရတဲ့ ျပင္သစ္သားရဲ႕ အမ္းမရိတ္ေန႔ရက္ေတြ ကုန္ဆုံးဖို႔နီးလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.