Premier League Transfer News

နောက်ဆုံးရ ညနက်ပိုင်း မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးပရိသတ်တွေအနေနဲ့ အသင်းရဲ့တိုက်စစ်ကို ဇန်နဝါရီမှာ ပြောင်းလဲပြင်ဆင်သွားဖို့ တောင်းဆိုမှုတွေရှိနေပြီး တစ်ဖက် ခံစစ်ကို အင်အားသုံးထိုးဖောက်နိုင်မယ့် တိုက်စစ်မှူးဟောင်း အီဒင် ဂျက်ကိုကို ရေတိုအားဖြည့်မှုအဖြစ် ခေါ်ယူသွားစေလိုနေ။

– တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အမီ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာမှာဖြစ်ပြီး နည်းပြ ဂွါဒီယိုလာအတွက်တော့ အားတက်ဖွယ်ဖြစ်လာ။

– ရှက်ဖီးလ်ဒ်နဲ့ပွဲမှာ ပြိုင်ဘက်က ဗဟိုခံစစ်သုံးဦးကို သုံးပြီး ကစားလာတာကို ဖယ်ရန် တောရက်စ်အနေနဲ့ အံ့အားသင့်ခဲ့ရပြီး ပြောက်ကျားတွေလို အဖက်ဖက်က ဖျက်ထုတ်တဲ့သူတွေနဲ့ တွေ့ကြုံခဲ့ရမှ ဒါဟာ ပရီးမီးယားလိဂ် ဘယ်လောက် ခက်ခဲတယ်ဆိုတာ နဖူးတွေ့ ဒူးတွေ့ သဘောပေါက်ခဲ့ရတယ်လို့ ဝန်ခံသွား။

– မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်ရဲ့ အစ်ကိုဝမ်းကွဲတစ်ဦးဖြစ်တဲ့ ရှိတ်ခါလက် ဘင်ဇာယက် အယ်လ်နာယန်အနေနဲ့ ချန်ပီယံရှစ် ကလပ် ဒါဘီကောင်တီအသင်းကို ဝယ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီး ဘီလျံနာငွေကြေးတွေကို အသုံးချသွားဖွယ်ရှိ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦးကို ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မလွဲမသွေ အာလင်း ဟားလန်းသာဖြစ်ရမယ်လို့ စောင့်ကြည့်သူတွေက ခန့်မှန်းထားပြီး အသင်းအနေနဲ့ ဗဟိုနောက်ခံလူတစ်ဦး၊ ကွင်းလယ်လူတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖို့ ရှိနေ။

– မန်ချက်စတာစီးတီးအနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားဖို့ ကိစ္စကို ပြန်လည်သုံးသပ်ရဖို့ ရှိနေပြီး မက်ဆီအနေနဲ့ အစ်တီဟတ်ကို ပြောင်းရွှေ့မယ်ဆိုရင် လိုအပ်ချက်တွေအနေနဲ့ အသင်းမှာ ဆာဂျီယို အဂွေရိုနဲ့ နည်းပြ ဂွါဒီယိုလာတို့နဲ့ လက်တွဲဖို့ တောင်းဆိုထား။

– အက်သလက်တစ်ရဲ့ ဂျာနယ်လစ် ဒေးဗစ် အွန်းစတိန်းရဲ့ ဖော်ပြချက်အရတော့ အားကစားဒါရိုက်တာ ဇီကီ ဘီဂီရီစတိန်းအနေနဲ့ အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို ဒေးဗစ် ဆေးလ်ဗားကို ဆက်ခံနိုင်မယ့်သူအဖြစ် ရှုမြင်ထားတယ်လို့ ဆိုခဲ့တာကြောင့် ပရိသတ်တွေက ခေါ်ယူပေးဖို့ ဝိုင်းဝန်းတောင်းဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးပရိသတ္ေတြအေနနဲ႔ အသင္းရဲ႕တုိက္စစ္ကို ဇန္နဝါရီမွာ ေျပာင္းလဲျပင္ဆင္သြားဖို႔ ေတာင္းဆိုမွဳေတြရွိေနၿပီး တစ္ဖက္ ခံစစ္ကို အင္အားသုံးထိုးေဖာက္ႏုိင္မယ့္ တုိက္စစ္မွဴးေဟာင္း အီဒင္ ဂ်က္ကိုကို ေရတုိအားျဖည့္မွဳအျဖစ္ ေခၚယူသြားေစလိုေန။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ အေဝးကြင္းမွာ သြားေရာက္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အမီ မန္ခ်က္စတာစီးတီးတုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ ဒဏ္ရာကေန ျပန္လည္သက္သာလာမွာျဖစ္ၿပီး နည္းျပ ဂြါဒီယိုလာအတြက္ေတာ့ အားတက္ဖြယ္ျဖစ္လာ။

– ရွက္ဖီးလ္ဒ္နဲ႔ပြဲမွာ ၿပဳိင္ဘက္က ဗဟိုခံစစ္သုံးဦးကို သုံးၿပီး ကစားလာတာကို ဖယ္ရန္ ေတာရက္စ္အေနနဲ႔ အံ့အားသင့္ခဲ့ရၿပီး ေျပာက္က်ားေတြလို အဖက္ဖက္က ဖ်က္ထုတ္တဲ့သူေတြနဲ႔ ေတြ႕ႀကဳံခဲ့ရမွ ဒါဟာ ပရီးမီးယားလိဂ္ ဘယ္ေလာက္ ခက္ခဲတယ္ဆိုတာ နဖူးေတြ႕ ဒူးေတြ႕ သေဘာေပါက္ခဲ့ရတယ္လို႔ ဝန္ခံသြား။

– မန္စီးတီးအသင္းပုိင္ရွင္ ရွိတ္မန္ေဆာ္ရဲ႕ အစ္ကိုဝမ္းကြဲတစ္ဦးျဖစ္တဲ့ ရွိတ္ခါလက္ ဘင္ဇာယက္ အယ္လ္နာယန္အေနနဲ႔ ခ်န္ပီယံရွစ္ ကလပ္ ဒါဘီေကာင္တီအသင္းကို ဝယ္ယူသြားဖို႔ အနီးစပ္ဆုံး အေျခအေနမွာ ရွိေနၿပီး ဘီလ်ံနာေငြေၾကးေတြကို အသုံးခ်သြားဖြယ္ရွိ။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ တုိက္စစ္မွဴးသစ္တစ္ဦးကို ေရရွည္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမယ္ဆုိရင္ မလြဲမေသြ အာလင္း ဟားလန္းသာျဖစ္ရမယ္လို႔ ေစာင့္ၾကည့္သူေတြက ခန္႔မွန္းထားၿပီး အသင္းအေနနဲ႔ ဗဟိုေနာက္ခံလူတစ္ဦး၊ ကြင္းလယ္လူတစ္ဦးနဲ႔ တုိက္စစ္မွဴးတစ္ဦး ေခၚယူသြားဖို႔ ရွိေန။

– မန္ခ်က္စတာစီးတီးအေနနဲ႔ တုိက္စစ္မွဴးသစ္တစ္ဦး ေခၚယူသြားဖို႔ ကိစၥကို ျပန္လည္သုံးသပ္ရဖို႔ ရွိေနၿပီး မက္ဆီအေနနဲ႔ အစ္တီဟတ္ကို ေျပာင္းေရႊ႕မယ္ဆုိရင္ လိုအပ္ခ်က္ေတြအေနနဲ႔ အသင္းမွာ ဆာဂ်ီယို အေဂြ႐ိုနဲ႔ နည္းျပ ဂြါဒီယိုလာတုိ႔နဲ႔ လက္တြဲဖို႔ ေတာင္းဆုိထား။

– အက္သလက္တစ္ရဲ႕ ဂ်ာနယ္လစ္ ေဒးဗစ္ အြန္းစတိန္းရဲ႕ ေဖာ္ျပခ်က္အရေတာ့ အားကစားဒါ႐ိုက္တာ ဇီကီ ဘီဂီရီစတိန္းအေနနဲ႔ အက္စတန္ဗီလာကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေဒးဗစ္ ေဆးလ္ဗားကို ဆက္ခံႏုိင္မယ့္သူအျဖစ္ ရွဳျမင္ထားတယ္လုိ႔ ဆုိခဲ့တာေၾကာင့္ ပရိသတ္ေတြက ေခၚယူေပးဖို႔ ဝိုင္းဝန္းေတာင္းဆုိေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.