Article Match Report Premier League

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းတွေက ဘယ်နေရာတွေမှာ အကောင်းဆုံးဖြစ်နေသလဲ

ဒီရာသီ ပရီးမီယားလိဂ်မှာတော့ အသင်းကြီးတွေရဲ့ ပွဲပန်းမှု ဒဏ်ရာရမှုတွေအပြင် ဘောလုံးလောကရဲ့ ပုံမှန်မဟုတ်တဲ့ ထိုးနှက်ချက်တစ်ခုဖြစ်တဲ့ ကိုဗစ်-၁၉ ကူးစက်မှုကပါ အထိနာစေပြီး အသင်းငယ်တွေက Upset လုပ်နိုင်တဲ့ပွဲတွေ များပြားလာခဲ့ချိန်မှာ ဘယ်သူတွေ ဘယ်လိုဖြစ်ပြီး ဘယ်အသင်းတွေကတော့ ဘယ်နေရာမှာ အကောင်းဆုံးလဲဆိုတဲ့ အချက် ၁၀ ချက်ကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ တည်ကန်ဘောကနေ ဂိုးရယူနိုင်မှု

တည်ကန်ဘောကနေ ဂိုးရယူရာမှာတော့ ချဲလ်ဆီးအသင်းကတော့ အထူးချွန်ဆုံးဖြစ်ပြီး သူတို့ရဲ့ ၈ ပွဲ ဂိုး ၂၀ မှာ ထက်ဝက်နီးပါးကို ရယူထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးနောက်ခံလူ ကတ်ဇူးမားက ကြီးမားတဲ့ ခြိမ်းခြောက်နိုင်သူအဖြစ် ၃ ဂိုးသွင်းယူထားခဲ့ပြီး တစ်သင်းလုံးအနေနဲ့ ၉ ဂိုး သွင်းယူနိုင်ခဲ့တာကို တွေ့မြင်ရမှာဖြစ်သလို ဒုတိယနေရာမှာတော့ အဲဗာတန်က ၇ ဂိုးနဲ့ ရှိနေပါတယ်။

၂။ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု

ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုတွေမှာတော့ ပိတ်ဆို့ခံရမှုတွေကိုပါ ထည့်သွင်းတွက်ချက်ထားပြီး ဒီထဲမှာ အများဆုံးအဖြစ်တော့ တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းက ၃၈ ကြိမ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ သူ့ကို အနီးစပ်ဆုံး စိန်ခေါ်နိုင်သူကတော့ လီဗာပူးလ်ရဲ့ မိုဟာမက် ဆာလားဖြစ်ပြီး ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အီဂျစ်သားက လာမယ့်ပွဲတွေမှာ အနားယူရဖွယ်ရှိနေလို့ အင်္ဂလန်ကပ္ပတိန်နဲ့ မှတ်တမ်းအနည်းငယ် ကွာဟသွားနိုင်ခြေရှိနေပါတယ်။

၃။ ပင်နယ်တီအများဆုံး ရယူနိုင်မှု

ဒီနှစ်မှာတော့ ဒီမှတ်တမ်းပိုင်ရှင်က မန်ချက်စတာယူနိုက်တက် မဟုတ်တော့ပါဘူး။ ပရီးမီးယားလိဂ်မှာ လူကျွံထောင်ချောက်ကို အဖောက်နိုင်ဆုံးနဲ့ အလျင်မြန်ဆုံး တိုက်စစ်သမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေက ပင်နယ်တီ ပိုရလာချိန်မှာ လက်စတာစီးတီးအသင်းက ၈ ကြိမ်အထိ ကန်သွင်းခွင့်ရခဲ့ပြီး အနီးစပ်ဆုံးဖြစ်တဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့က ၄ ကြိမ်စီသာ ပိုင်ဆိုင်ထားခဲ့တာပါ။

၄။ ဂိုးပေါက်ကာကွယ်မှု ရာခိုင်နှုန်း

ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား အေဒူယာ မန်ဒီက ၄ ပွဲကစားပြီးချိန်မှာ ၆ ကြိမ်ကာကွယ်ပြီး ၈၅.၇ ရာခိုင်နှုန်း ရင်ဆိုင်ကာကွယ်ထားပြီး ဒုတိယနေရာက နယူးကာဆယ်လ်ဂိုးသမား ကားလ် ဒါလိုးကတော့ ၈ ပွဲမှာ ၃၉ ကြိမ်၊ ၇၄ ရာခိုင်နှုန်းအထိ အောင်မြင်ထားသလို အက်စ်တန်ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကတော့ ၇ ပွဲမှာ ၂၂ ကြိမ်၊ ၇၁ ရာခိုင်နှုန်းနဲ့ တတိယမှာ ရပ်တည်နေပါတယ်။

၅။ အပိုင်အခွင့်အရေး လွဲချော်မှု

အပိုင်အခွင့်အရေးတွေကို လွဲချော်ပြီး ဖြုန်းတီးမှုအများဆုံး အသင်းတွေကတော့ အများဆုံးနေရာမှာ သုံးသင်းပူးတွဲရပ်တည်နေပြီး လီဗာပူးလ်၊ လိဒ်စ်ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတွေက ၁၁ ကြိမ်စီနဲ့ ရပ်တည်နေကြသလို အဆင့် ၄ မှာ ၁၀ ကြိမ်ဖြုန်းတဲ့ အက်စတန်ဗီလာနဲ့ အဆင့် ၅ မှာတော့ ၉ ကြိမ်လွဲတဲ့ မန်ချက်စတာစီးတီးတို့ ရှိနေကြပါတယ်။

၆။ အများဆုံး လူစားလဲခံရမှု

ပွဲထွက်ကစားသမားတွေထဲက အများဆုံး လူစားလဲခံရပြီး ပွဲချိန်ပြည့် ကစားခွင့်မရသူစာရင်းမှာတော့ လီဗာပူးလ်ရဲ့ ရောဘတ်တို ဖာမီနို၊ ဝက်စ်ဟမ်းရဲ့ ဂျားရော့ဒ် ဘိုဝင်နဲ့ လက်စတာစီးတီးရဲ့ ဒင်းနစ် ပရက်တို့က ၇ ကြိမ်စီနဲ့ ရပ်တည်နေကြပြီး ရှေအက်ဒမ်စ်(ဆောက်သမ်တန်)၊ ဝီလီယန်(အာဆင်နယ်)၊ ဒင်နီယယ်လ် ပိုဒင့်စ်၊ ပက်ဒရို နီတို(ဝုလ်ဗ်စ်)နဲ့ တွန်ဂီး အန်ဒွမ်ဘီလီ(တော့တင်ဟမ်ဟော့စပါးစ်)တို့က ၆ ကြိမ်စီ ရှိခဲ့ကြပါတယ်။

၇။ တည်ကန်ဘောက ဂိုးပေးရမှု

ဒီစာရင်းမှာတော့ ထိလွယ်ရှလွယ်နဲ့ ပေးဂိုးအများဆုံးကတော့ ခံစစ်မှာ အရပ်အရှည်ဆုံးကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ ဘရိုက်တန်အသင်းဖြစ်နေပြီး သူနဲ့အတူ လိဒ်စ်ယူနိုက်တက် စံချိန်တူနေသလို ဘယ်သူမှ ထင်မထားဘဲ ဂိုးမပေးခဲ့ရတဲ့ အသင်းကတော့ အာတီတာရဲ့ ခံစစ်နည်းပြတွေ စနစ်တကျ အသုံးပြုမှုမှာ တိုးတက်လာတဲ့ အာဆင်နယ်ဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ လိဒ်စ်တို့က ၈ ကြိမ်စီ ဂိုးပေးထားရပြီး၊ စပါးစ်နဲ့ မန်စီးတီးတို့ကတော့ ၆ ကြိမ်စီပါ။

၈။ အကြိမ်ရေအများဆုံး အောင်မြင်တဲ့ ဘောလုံးပေးပို့နိုင်မှု

ဒီမှတ်တမ်းအတွက်တော့ ဘယ်သူမှ ထင်မှတ်မထားတဲ့ ကစားသမားကောင်းတစ်ယောက်ကို စပါးစ်နည်းပြ မော်ရင်ညိုတစ်ယောက် လှလှပပလေး အလစ်သုတ်နိုင်ခဲ့ပြီလို့ ဆိုရမှာပါပဲ။ ဂွါဒီယိုလာလက်ထွက် ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း ပျယ်-အီမီးလ် ဟွိုင်ဘယာ့ဂ်က ပေးပို့မှု ၅၈၅ ကြိမ်၊ အဲဗာတန်ရဲ့ မိုက်ကယ် ကီးန်က ၅၈၄ ကြိမ်နဲ့ အာဆင်နယ်ရဲ့ ဂါဘရီယယ်လ်က ၅၃၃ ကြိမ် ပေးပို့ထားနိုင်ပါတယ်။

၉။ အမြင့်ဆုံး ဘောလုံးပိုင်ဆိုင်မှု

ဘောလုံးကို အများဆုံး ခြေထဲ ထားကစားနိုင်တဲ့ ဘောလုံးအသင်းကတော့ အားလုံးထင်တာနဲ့ မလွဲလောက်ဘဲ မန်ချက်စတာစီးတီးတို့ပဲ ဖြစ်ပါတယ်။ ၆၂.၁ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရှိနေတဲ့ မန်စီးတီးတို့နောက်မှာ လီဗာပူးလ်က ၆၀.၉ ရာခိုင်နှုန်း၊ ဘယ်သူမှ ထင်မထားတဲ့ လိဒ်စ်က ၅၉.၇ ရာခိုင်နှုန်းနဲ့ ချဲလ်ဆီးက ၅၈.၃ ရာခိုင်နှုန်း ပိုင်ဆိုင်ကစားထားနိုင်ခဲ့ပါတယ်။

၁၀။ အကြိမ်ရေအများဆုံး ဖျက်ထုတ်မှု

အကြိမ်ရေအများဆုံး ဘောလုံးဖျက်ထုတ်နိုင်သူကတော့ ဒီနှစ်မှာမှ အင်္ဂလန်မြေကို အီတလီကနေ ပြောင်းရွှေ့ခြေချခဲ့တဲ့ အဲဗာတန်ရဲ့ နာပိုလီကွင်းလယ်လူဟောင်း အယ်လန်(၃၂ ကြိမ်)ဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ ဟွိုင်ဘယာ့ဂ်မရှိချိန်မှာ ပုံမှန်ကစားခွင့်ရတဲ့ စိန့်ကွင်းလယ်လူ အိုရီယော ရိုမီယူက ဒုတိယနေရာမှာ ၃၁ ကြိမ်ဖြစ်ပြီး ဘယ်သူမှ ထင်မထားတဲ့ ခရစ္စတယ်လ်ပဲလေ့စ်တောင်ပံကစားသမား အန်းဒရို့စ် တောင်ဆန်းကတော့ ၂၇ ကြိမ် ဖျက်ထုတ်ထားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီရာသီ ပရီးမီယားလိဂ္မွာေတာ့ အသင္းႀကီးေတြရဲ႕ ပြဲပန္းမွဳ ဒဏ္ရာရမွဳေတြအျပင္ ေဘာလုံးေလာကရဲ႕ ပုံမွန္မဟုတ္တဲ့ ထိုးႏွက္ခ်က္တစ္ခုျဖစ္တဲ့ ကိုဗစ္-၁၉ ကူးစက္မွဳကပါ အထိနာေစၿပီး အသင္းငယ္ေတြက Upset လုပ္ႏုိင္တဲ့ပြဲေတြ မ်ားျပားလာခဲ့ခ်ိန္မွာ ဘယ္သူေတြ ဘယ္လိုျဖစ္ၿပီး ဘယ္အသင္းေတြကေတာ့ ဘယ္ေနရာမွာ အေကာင္းဆုံးလဲဆုိတဲ့ အခ်က္ ၁၀ ခ်က္ကို တင္ဆက္ေပးလုိက္ပါတယ္။

၁။ တည္ကန္ေဘာကေန ဂိုးရယူႏုိင္မွဳ

တည္ကန္ေဘာကေန ဂိုးရယူရာမွာေတာ့ ခ်ဲလ္ဆီးအသင္းကေတာ့ အထူးခၽြန္ဆုံးျဖစ္ၿပီး သူတုိ႔ရဲ႕ ၈ ပြဲ ဂိုး ၂၀ မွာ ထက္ဝက္နီးပါးကို ရယူထားႏုိင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးေနာက္ခံလူ ကတ္ဇူးမားက ႀကီးမားတဲ့ ၿခိမ္းေျခာက္ႏိုင္သူအျဖစ္ ၃ ဂိုးသြင္းယူထားခဲ့ၿပီး တစ္သင္းလုံးအေနနဲ႔ ၉ ဂိုး သြင္းယူႏုိင္ခဲ့တာကို ေတြ႕ျမင္ရမွာျဖစ္သလို ဒုတိယေနရာမွာေတာ့ အဲဗာတန္က ၇ ဂိုးနဲ႔ ရွိေနပါတယ္။

၂။ ဂိုးေပါက္ၿခိမ္းေျခာက္ႏုိင္မွဳ

ဂိုးေပါက္ၿခိမ္းေျခာက္ႏုိင္မွဳေတြမွာေတာ့ ပိတ္ဆုိ႔ခံရမွဳေတြကိုပါ ထည့္သြင္းတြက္ခ်က္ထားၿပီး ဒီထဲမွာ အမ်ားဆုံးအျဖစ္ေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္တုိက္စစ္မွဴး ဟာရီကိန္းက ၃၈ ႀကိမ္နဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။ သူ႕ကို အနီးစပ္ဆုံး စိန္ေခၚႏုိင္သူကေတာ့ လီဗာပူးလ္ရဲ႕ မိုဟာမက္ ဆာလားျဖစ္ၿပီး ကိုဗစ္ဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ အီဂ်စ္သားက လာမယ့္ပြဲေတြမွာ အနားယူရဖြယ္ရွိေနလို႔ အဂၤလန္ကပၸတိန္နဲ႔ မွတ္တမ္းအနည္းငယ္ ကြာဟသြားႏုိင္ေျခရွိေနပါတယ္။

၃။ ပင္နယ္တီအမ်ားဆုံး ရယူႏုိင္မွဳ

ဒီႏွစ္မွာေတာ့ ဒီမွတ္တမ္းပုိင္ရွင္က မန္ခ်က္စတာယူႏုိက္တက္ မဟုတ္ေတာ့ပါဘူး။ ပရီးမီးယားလိဂ္မွာ လူကၽြံေထာင္ေခ်ာက္ကို အေဖာက္ႏုိင္ဆုံးနဲ႔ အလ်င္ျမန္ဆုံး တုိက္စစ္သမားေတြကို ပုိင္ဆုိင္ထားတဲ့ အသင္းေတြက ပင္နယ္တီ ပုိရလာခ်ိန္မွာ လက္စတာစီးတီးအသင္းက ၈ ႀကိမ္အထိ ကန္သြင္းခြင့္ရခဲ့ၿပီး အနီးစပ္ဆုံးျဖစ္တဲ့ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတုိ႔က ၄ ႀကိမ္စီသာ ပုိင္ဆုိင္ထားခဲ့တာပါ။

၄။ ဂိုးေပါက္ကာကြယ္မွဳ ရာခိုင္ႏွဳန္း

ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးသမား ေအဒူယာ မန္ဒီက ၄ ပြဲကစားၿပီးခ်ိန္မွာ ၆ ႀကိမ္ကာကြယ္ၿပီး ၈၅.၇ ရာခိုင္ႏွဳန္း ရင္ဆုိင္ကာကြယ္ထားၿပီး ဒုတိယေနရာက နယူးကာဆယ္လ္ဂိုးသမား ကားလ္ ဒါလိုးကေတာ့ ၈ ပြဲမွာ ၃၉ ႀကိမ္၊ ၇၄ ရာခိုင္ႏွဳန္းအထိ ေအာင္ျမင္ထားသလို အက္စ္တန္ဗီလာဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကေတာ့ ၇ ပြဲမွာ ၂၂ ႀကိမ္၊ ၇၁ ရာခိုင္ႏွဳန္းနဲ႔ တတိယမွာ ရပ္တည္ေနပါတယ္။

၅။ အပိုင္အခြင့္အေရး လြဲေခ်ာ္မွဳ

အပုိင္အခြင့္အေရးေတြကို လြဲေခ်ာ္ၿပီး ျဖဳန္းတီးမွဳအမ်ားဆုံး အသင္းေတြကေတာ့ အမ်ားဆုံးေနရာမွာ သုံးသင္းပူးတြဲရပ္တည္ေနၿပီး လီဗာပူးလ္၊ လိဒ္စ္ယူႏုိက္တက္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းေတြက ၁၁ ႀကိမ္စီနဲ႔ ရပ္တည္ေနၾကသလို အဆင့္ ၄ မွာ ၁၀ ႀကိမ္ျဖဳန္းတဲ့ အက္စတန္ဗီလာနဲ႔ အဆင့္ ၅ မွာေတာ့ ၉ ႀကိမ္လြဲတဲ့ မန္ခ်က္စတာစီးတီးတုိ႔ ရွိေနၾကပါတယ္။

၆။ အမ်ားဆုံး လူစားလဲခံရမွဳ

ပြဲထြက္ကစားသမားေတြထဲက အမ်ားဆုံး လူစားလဲခံရၿပီး ပြဲခ်ိန္ျပည့္ ကစားခြင့္မရသူစာရင္းမွာေတာ့ လီဗာပူးလ္ရဲ႕ ေရာဘတ္တို ဖာမီႏို၊ ဝက္စ္ဟမ္းရဲ႕ ဂ်ားေရာ့ဒ္ ဘိုဝင္နဲ႔ လက္စတာစီးတီးရဲ႕ ဒင္းနစ္ ပရက္တုိ႔က ၇ ႀကိမ္စီနဲ႔ ရပ္တည္ေနၾကၿပီး ေရွအက္ဒမ္စ္(ေဆာက္သမ္တန္)၊ ဝီလီယန္(အာဆင္နယ္)၊ ဒင္နီယယ္လ္ ပုိဒင့္စ္၊ ပက္ဒ႐ို နီတို(ဝုလ္ဗ္စ္)နဲ႔ တြန္ဂီး အန္ဒြမ္ဘီလီ(ေတာ့တင္ဟမ္ေဟာ့စပါးစ္)တုိ႔က ၆ ႀကိမ္စီ ရွိခဲ့ၾကပါတယ္။

၇။ တည္ကန္ေဘာက ဂိုးေပးရမွဳ

ဒီစာရင္းမွာေတာ့ ထိလြယ္ရွလြယ္နဲ႔ ေပးဂိုးအမ်ားဆုံးကေတာ့ ခံစစ္မွာ အရပ္အရွည္ဆုံးကစားသမားေတြ ပုိင္ဆုိင္ထားတဲ့ ဘ႐ိုက္တန္အသင္းျဖစ္ေနၿပီး သူနဲ႔အတူ လိဒ္စ္ယူႏုိက္တက္ စံခ်ိန္တူေနသလို ဘယ္သူမွ ထင္မထားဘဲ ဂိုးမေပးခဲ့ရတဲ့ အသင္းကေတာ့ အာတီတာရဲ႕ ခံစစ္နည္းျပေတြ စနစ္တက် အသုံးျပဳမွဳမွာ တုိးတက္လာတဲ့ အာဆင္နယ္ျဖစ္ပါတယ္။ ဘ႐ိုက္တန္နဲ႔ လိဒ္စ္တုိ႔က ၈ ႀကိမ္စီ ဂိုးေပးထားရၿပီး၊ စပါးစ္နဲ႔ မန္စီးတီးတုိ႔ကေတာ့ ၆ ႀကိမ္စီပါ။

၈။ အႀကိမ္ေရအမ်ားဆုံး ေအာင္ျမင္တဲ့ ေဘာလုံးေပးပုိ႔ႏိုင္မွဳ

ဒီမွတ္တမ္းအတြက္ေတာ့ ဘယ္သူမွ ထင္မွတ္မထားတဲ့ ကစားသမားေကာင္းတစ္ေယာက္ကို စပါးစ္နည္းျပ ေမာ္ရင္ညဳိတစ္ေယာက္ လွလွပပေလး အလစ္သုတ္ႏုိင္ခဲ့ၿပီလို႔ ဆုိရမွာပါပဲ။ ဂြါဒီယိုလာလက္ထြက္ ဘုိင္ယန္ျမဴးနစ္ကစားသမားေဟာင္း ပ်ယ္-အီမီးလ္ ဟြဳိင္ဘယာ့ဂ္က ေပးပုိ႔မွဳ ၅၈၅ ႀကိမ္၊ အဲဗာတန္ရဲ႕ မိုက္ကယ္ ကီးန္က ၅၈၄ ႀကိမ္နဲ႔ အာဆင္နယ္ရဲ႕ ဂါဘရီယယ္လ္က ၅၃၃ ႀကိမ္ ေပးပုိ႔ထားႏုိင္ပါတယ္။

၉။ အျမင့္ဆုံး ေဘာလုံးပုိင္ဆုိင္မွဳ

ေဘာလုံးကို အမ်ားဆုံး ေျခထဲ ထားကစားႏုိင္တဲ့ ေဘာလုံးအသင္းကေတာ့ အားလုံးထင္တာနဲ႔ မလြဲေလာက္ဘဲ မန္ခ်က္စတာစီးတီးတုိ႔ပဲ ျဖစ္ပါတယ္။ ၆၂.၁ ရာခိုင္ႏွဳန္းနဲ႔ ထိပ္ဆုံးမွာရွိေနတဲ့ မန္စီးတီးတုိ႔ေနာက္မွာ လီဗာပူးလ္က ၆၀.၉ ရာခိုင္ႏွဳန္း၊ ဘယ္သူမွ ထင္မထားတဲ့ လိဒ္စ္က ၅၉.၇ ရာခိုင္ႏွဳန္းနဲ႔ ခ်ဲလ္ဆီးက ၅၈.၃ ရာခိုင္ႏွဳန္း ပုိင္ဆုိင္ကစားထားႏုိင္ခဲ့ပါတယ္။

၁၀။ အႀကိမ္ေရအမ်ားဆုံး ဖ်က္ထုတ္မွဳ

အႀကိမ္ေရအမ်ားဆုံး ေဘာလုံးဖ်က္ထုတ္ႏုိင္သူကေတာ့ ဒီႏွစ္မွာမွ အဂၤလန္ေျမကို အီတလီကေန ေျပာင္းေရႊ႕ေျခခ်ခဲ့တဲ့ အဲဗာတန္ရဲ႕ နာပိုလီကြင္းလယ္လူေဟာင္း အယ္လန္(၃၂ ႀကိမ္)ျဖစ္ပါတယ္။ ဒုတိယေနရာမွာေတာ့ ဟြဳိင္ဘယာ့ဂ္မရွိခ်ိန္မွာ ပုံမွန္ကစားခြင့္ရတဲ့ စိန္႔ကြင္းလယ္လူ အိုရီေယာ ႐ိုမီယူက ဒုတိယေနရာမွာ ၃၁ ႀကိမ္ျဖစ္ၿပီး ဘယ္သူမွ ထင္မထားတဲ့ ခရစၥတယ္လ္ပဲေလ့စ္ေတာင္ပံကစားသမား အန္းဒ႐ို႕စ္ ေတာင္ဆန္းကေတာ့ ၂၇ ႀကိမ္ ဖ်က္ထုတ္ထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.