Bundesliga La Liga Premier League Transfer News

ငွေကြေးချွေတာပေးနိုင်မယ့် Free Agent တွေကို မန်ချက်စတာယူနိုက်တက် ခေါ်ယူနိုင်မလား

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ အဓိက လိုအပ်နေတဲ့ ဘယ်သန်ဗဟိုနောက်ခံလူတစ်ဦး၊ အထောင်တိုက်စစ်မှူးတစ်ဦး၊ ညာတောင်ပံသမားကောင်းတစ်ဦးနဲ့ ဖြစ်နိုင်ရင် ညာနောက်ခံလူ နောက်ထပ်တစ်ဦး လိုအပ်နေချိန်မှာ ဇန်နဝါရီကျရင် လက်ဦးမှုရယူပြီး ခေါ်ယူသွားနိုင်တဲ့ ကစားသမားတချို့ကို ရှိနေပါတယ်။

တစ်ဦးကတော့ ရီးရဲလ်မက်ဒရစ်ကပ္ပတိန် ဆာဂျီယို ရာမို့စ်ဖြစ်ပြီး အသင်းအတွက် ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ စပိန်သားဟာ လက်ရွေးစင်အသင်းမှာ အရေးပါတဲ့သူတစ်ယောက်အဖြစ်လည်း ရှိနေဆဲပါ။ သူ့ရဲ့ စာချုပ်က ဒီနွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး အသက် ၃၄ နှစ်သားအနေနဲ့ သီယာဂို ဆေးလ်ဗားနဲ့ ချဲလ်ဆီးလိုမျိုးပဲ မန်ချက်စတာယူနိုက်တက်မှာ စိန်ခေါ်မှုသစ်တွေ ရှာဖွေလာနိုင်ပါသေးတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်ရဲ့ ဂျရုမ်း ဘိုတန်းနဲ့ ဒေးဗစ်အလာဘာတို့ကိုလည်း နွေရာသီမှာ ရရှိနိုင်ပြီး သူတို့ကိုတော့ လုပ်ခလစာမြင့်မြင့်မားမား ပေးချေနိုင်ရင် တခြားပရီးမီးယားလိဂ်အသင်းတွေထက် လက်ဦးမှု ရယူနိုင်မှာပါ။ ဂျာမန်ချန်ပီယံ ဘာဗေးရီးယားကလပ်ဘက်ကတော့ အလာဘာကို ဆက်လက်ထိန်းသိမ်းဖို့ တတ်စွမ်းသရွေ့လုပ်ဆောင်မယ်လို့ ဆိုခဲ့ရတာကြောင့် မြို့ခံပြိုင်ဘက် မန်စီးတီး၊ အစဉ်အလာပြိုင်ဘက် လီဗာပူးလ်တို့နဲ့ ယှဉ်ပြိုင်လုယူရပါလိမ့်မယ်။

ဘာစီလိုနာရဲ့ လီယွန်နယ်လ် မက်ဆီကိုတော့ ယူနိုက်တက်တို့ မြို့ခံပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရနိုင်ပြီး အာဂျင်တီးနားကပ္ပတိန်ကတော့ အစ်တီဟတ်ကို ရောက်ဖို့ နီးစပ်ခဲ့ဖူးသူပါ။ ဒါပေမယ့် သူတို့နည်းပြ ဂွါဒီယိုလာရဲ့ စာချုပ်သစ်ကို သက်တမ်းမတိုးခဲ့ရင်တော့ မက်ဆီအနေနဲ့ ဦးတည်ချက် ပြောင်းနိုင်ပြီး အနီရောင်ဝတ်ဆင်သွားမယ်ဆိုရင်လည်း အံ့သြစရာတော့ မရှိနိုင်တာပါ။

ဒါ့အပြင် ယူနိုက်တက်အနေနဲ့ ဘာစီလိုနာရဲ့ လူငယ်ကွင်းလယ်လူ ရီကီ ပုဂျ်နဲ့ ဒေါ့မွန်ရဲ့ အသက် ၁၈ နှစ်အရွယ် အမေရိကန်လူငယ် ဂျိုဗန်နီ ရေးနားတို့ကို ခေါ်ယူဖို့ ကြိုးစားနိုင်ပါသေးတယ်။ သူတို့ကိုတော့ အသက် ၂၄ နှစ်အောက် ကစားသမားတွေဖြစ်လို့ Training Compensation လို့ ခေါ်တဲ့ လေ့ကျင့်မှု လျော်ကြေးကို ပေးချေရနိုင်တာမို့ ယူနိုက်တက်ရဲ့ ကင်းထောက်တွေနဲ့ တာဝန်ရှိသူတွေ ဇန်နဝါရီမှာ ကြိုတင်လက်ဦးနိုင်မှာလား စောင့်ကြည့်ဖို့ ဖော်ပြလိုက်ရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ အဓိက လိုအပ္ေနတဲ့ ဘယ္သန္ဗဟိုေနာက္ခံလူတစ္ဦး၊ အေထာင္တိုက္စစ္မႉးတစ္ဦး၊ ညာေတာင္ပံသမားေကာင္းတစ္ဦးနဲ႔ ျဖစ္ႏိုင္ရင္ ညာေနာက္ခံလူ ေနာက္ထပ္တစ္ဦး လိုအပ္ေနခ်ိန္မွာ ဇန္နဝါရီက်ရင္ လက္ဦးမႈရယူၿပီး ေခၚယူသြားႏိုင္တဲ့ ကစားသမားတခ်ိဳ႕ကို ရွိေနပါတယ္။

တစ္ဦးကေတာ့ ရီးရဲလ္မက္ဒရစ္ကပၸတိန္ ဆာဂ်ီယို ရာမို႔စ္ျဖစ္ၿပီး အသင္းအတြက္ ဂိုး ၁၀၀ ျပည့္ခဲ့တဲ့ စပိန္သားဟာ လက္ေ႐ြးစင္အသင္းမွာ အေရးပါတဲ့သူတစ္ေယာက္အျဖစ္လည္း ရွိေနဆဲပါ။ သူ႔ရဲ႕ စာခ်ဳပ္က ဒီေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္ၿပီး အသက္ ၃၄ ႏွစ္သားအေနနဲ႔ သီယာဂို ေဆးလ္ဗားနဲ႔ ခ်ဲလ္ဆီးလိုမ်ိဳးပဲ မန္ခ်က္စတာယူႏိုက္တက္မွာ စိန္ေခၚမႈသစ္ေတြ ရွာေဖြလာႏိုင္ပါေသးတယ္။

ဒါ့အျပင္ ဘိုင္ယန္ျမဴးနစ္ရဲ႕ ဂ်႐ုမ္း ဘိုတန္းနဲ႔ ေဒးဗစ္အလာဘာတို႔ကိုလည္း ေႏြရာသီမွာ ရရွိႏိုင္ၿပီး သူတို႔ကိုေတာ့ လုပ္ခလစာျမင့္ျမင့္မားမား ေပးေခ်ႏိုင္ရင္ တျခားပရီးမီးယားလိဂ္အသင္းေတြထက္ လက္ဦးမႈ ရယူႏိုင္မွာပါ။ ဂ်ာမန္ခ်န္ပီယံ ဘာေဗးရီးယားကလပ္ဘက္ကေတာ့ အလာဘာကို ဆက္လက္ထိန္းသိမ္းဖို႔ တတ္စြမ္းသေ႐ြ႕လုပ္ေဆာင္မယ္လို႔ ဆိုခဲ့ရတာေၾကာင့္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီး၊ အစဥ္အလာၿပိဳင္ဘက္ လီဗာပူးလ္တို႔နဲ႔ ယွဥ္ၿပိဳင္လုယူရပါလိမ့္မယ္။

ဘာစီလိုနာရဲ႕ လီယြန္နယ္လ္ မက္ဆီကိုေတာ့ ယူႏိုက္တက္တို႔ ၿမိဳ႕ခံၿပိဳင္ဘက္နဲ႔ ယွဥ္ၿပိဳင္ရႏိုင္ၿပီး အာဂ်င္တီးနားကပၸတိန္ကေတာ့ အစ္တီဟတ္ကို ေရာက္ဖို႔ နီးစပ္ခဲ့ဖူးသူပါ။ ဒါေပမယ့္ သူတို႔နည္းျပ ဂြါဒီယိုလာရဲ႕ စာခ်ဳပ္သစ္ကို သက္တမ္းမတိုးခဲ့ရင္ေတာ့ မက္ဆီအေနနဲ႔ ဦးတည္ခ်က္ ေျပာင္းႏိုင္ၿပီး အနီေရာင္ဝတ္ဆင္သြားမယ္ဆိုရင္လည္း အံ့ၾသစရာေတာ့ မရွိႏိုင္တာပါ။

ဒါ့အျပင္ ယူႏိုက္တက္အေနနဲ႔ ဘာစီလိုနာရဲ႕ လူငယ္ကြင္းလယ္လူ ရီကီ ပုဂ်္နဲ႔ ေဒါ့မြန္ရဲ႕ အသက္ ၁၈ ႏွစ္အ႐ြယ္ အေမရိကန္လူငယ္ ဂ်ိဳဗန္နီ ေရးနားတို႔ကို ေခၚယူဖို႔ ႀကိဳးစားႏိုင္ပါေသးတယ္။ သူတို႔ကိုေတာ့ အသက္ ၂၄ ႏွစ္ေအာက္ ကစားသမားေတြျဖစ္လို႔ Training Compensation လို႔ ေခၚတဲ့ ေလ့က်င့္မႈ ေလ်ာ္ေၾကးကို ေပးေခ်ရႏိုင္တာမို႔ ယူႏိုက္တက္ရဲ႕ ကင္းေထာက္ေတြနဲ႔ တာဝန္ရွိသူေတြ ဇန္နဝါရီမွာ ႀကိဳတင္လက္ဦးႏိုင္မွာလား ေစာင့္ၾကည့္ဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.