Premier League

၁၄.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ဟာကင်းမ် ဇီးယ​က်ရှ်ဟာ မနေ့က ကစားခဲဲ့တဲ့ Central African Republic အသင်းနဲ့ပွဲစဥ်မှာ မော်ရိုကိုအသင်းအတွက် ပွဲအစ ၃၃ မိနစ်အတွင်း တဂိုးဖန်တီးပေးကာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး မဖြစ်နိုင်တဲ့ အခြေအနေမျိုးကနေ သွင်းယူခဲ့တဲ့ တဂိုးပါဝင်ခဲ့ကြောင်းသိရ။

မေဆန် မောင့်ရဲ့ ပွဲထွက် ကစားခွင့်ရရှိနေခြင်းကို ဝေဖန်နေကြတာဟာ အလွန်စိတ်ပျက်စရာကောင်းပြီး ဘောလုံးအကြောင်း နားလည်သူဆိုရင် သူဘယ်လောက် ကောင်းတယ်ဆိုတာ သိလိမ့်မယ်လို့ အင်္ဂလန်အသင်းဖော် ဂျက်ဂရီးလစ်ရှ်က ကာကွယ်သွားခဲ့။

အင်္ဂလန်အသင်းနဲ့ အိုင်ယာလန်အသင်းတို့ရဲ့ ​​​ခြေစွမ်းပွဲအပြီး အိုင်ယာလန်ကစားသမားတဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် အင်္ဂလန်အသင်းသားအားလုံးကို ရောဂါကူးစက်နိုင်​ခြေရှိခဲ့လို့ စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိခဲ့ကြောင်းသိရပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှု ပြုလုပ်ရဦးမည်ဖြစ်။

ပရီးမီယားလိဂ်ရဲ့ ကြံ့ခိုင်မှုအသားပေး ကစားဟန်နဲ့ အားကုန်ထုတ် ကစားကြတဲ့ ပြိုင်ဘက်ကစားသမားတွေကြောင့် မိမိရဲ့ ကစားပုံဟာ အရင်ကထက် ပိုမိုသန်မာလာပြီး ဒူပေနာပေ ခံနိုင်လာတယ်လို့ တီမို ဝါနာထုတ်ဖော်ခဲ့။

ဟဒ်ဆန် အိုဒွိုင်းဟာ လွန်ခဲ့တဲ့ ၁၈ လတုန်းက ရရှိခဲ့ဖူးတဲ့ ဖနောင့်ကြောဒဏ်ရာကြောင့် လက်ရှိ အချိန်အထိ ကြံ့ခိုင်မှုအပြည့်အဝ မရရှိသေးကြောင်း ဝန်ခံသွားခဲ့ပြီး လူငယ်ကြယ်ပွင့်လေးဟာ ဇီးယက်ရှ် နဲ့ ပူလီရှစ်ချ်တို့ကို စိန်ခေါ်နိုင်သူဖြစ်​ကြောင်း ချယ်လ်ဆီးပရိသတ်တွေက နည်းပြလမ်းပတ်ထံ ထောက်ခံထားကြ။

ချယ်လ်ဆီးကစားသမားဟောင်း ဖာဘရီဂတ်စ်ဟာ လမ်းပတ်ရဲ့ နွေရာသီ အပြောင်းအရွှေ့က ပေါင်သန်း ၂၃၀ တန် လူအင်အားကို အားရလျက်ရှိနေပြီး ဒီလူစာရင်းဟာ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့အပြိုင် ဒီရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်သူ အသင်းအဖြစ် အထင်ကြီးထားကြောင်း ဖွင့်ဟ။

ဂန္ထဝင် ကစားသမားဟောင်း ရော်နယ်ဒင်ညိုရဲ့ အကြိုက်ဆုံး အိပ်မက်ချန်ပီယံလိဂ်အသင်း XI ရွေးချယ်မှုမှာ ချယ်လ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ ဖရန့် လမ်းပတ်၊ ဂျွန်တယ်ရီ နဲ့ မက်ခေလေလေတို့ ၃ ဦး ပါရှိခဲ့ပြီး ကာကာ၊ အွန်နရီ၊ မက်ဆီ၊ ဘရာဇီးလ် ဂန္ထဝင် တိုက်စစ်မှူး ရော်နယ်ဒိုတို့နဲ့အတူ တွဲဖက်ပါဝင်လာခြင်းဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟာကင်းမ် ဇီးယ​က်ရှ်ဟာ မနေ့က ကစားခဲ့တဲ့ Central African Republic အသင်းနဲ့ပွဲစဉ်မှာ မော်ရိုကိုအသင်းအတွက် ပွဲအစ ၃၃ မိနစ်အတွင်း တဂိုးဖန်တီးပေးကာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး မဖြစ်နိုင်တဲ့ အခြေအနေမျိုးကနေ သွင်းယူခဲ့တဲ့ တဂိုးပါဝင်ခဲ့ကြောင်းသိရ။




ဟဒ်ဆန် အိုဒွိုင်းဟာ လွန်ခဲ့တဲ့ ၁၈ လတုန်းက ရရှိခဲ့ဖူးတဲ့ ဖနောင့်ကြောဒဏ်ရာကြောင့် လက်ရှိ အချိန်အထိ ကြံ့ခိုင်မှုအပြည့်အဝ မရရှိသေးကြောင်း ဝန်ခံသွားခဲ့ပြီး လူငယ်ကြယ်ပွင့်လေးဟာ ဇီးယက်ရှ် နဲ့ ပူလီရှစ်ခ်ျတို့ကို စိန်ခေါ်နိုင်သူဖြစ်​ကြောင်း ချယ်လ်ဆီးပရိသတ်တွေက နည်းပြလမ်းပတ်ထံ ထောက်ခံထားကြ။

ချယ်လ်ဆီးကစားသမားဟောင်း ဖာဘရီဂတ်စ်ဟာ လမ်းပတ်ရဲ့ နွရောသီ အပြောင်းအရွှေ့က ပေါင်သန်း ၂၃၀ တန် လူအင်အားကို အားရလျက်ရှိနေပြီး ဒီလူစာရင်းဟာ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့အပြိုင် ဒီရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်သူ အသင်းအဖြစ် အထင်ကြီးထားကြောင်း ဖွင့်ဟ။

ဂန္ထဝင် ကစားသမားဟောင်း ရော်နယ်ဒင်ညိုရဲ့ အကြိုက် အကောင်းဆုံး ချန်ပီယံလိဂ်အသင်း XI ရွေးချယ်မှုမှာ ချယ်လ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ ဖရန့် လမ်းပတ်၊ ဂျွန်တယ်ရီ နဲ့ မက်ခေလေလေတို့ ၃ ဦး ပါရှိခဲ့ပြီး ကာကာ၊ အွန်နရီ၊ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အတူ တွဲဖက်ပါဝင်လာခြင်းဖြစ်။

REF: INTERNET SOURCES
SPORTS A2Z.