Premier League

အာဆင္နယ္နည္းျပျဖစ္ခ်င္တဲ့ စိတ္ကူးကို ဘယ္ေတာ့မွ မစြန္႔လႊတ္ဘူးဆိုတဲ့ အြန္နရီ

အာဆင္နယ္အသင္းရဲ႕ ဂႏၳ၀င္တုိက္စစ္မွဴး သီယာရီ အြန္နရီက တစ္ခ်ိန္မွာ အသင္းေဟာင္းကို နည္းျပခ်င္တဲ့ စိတ္ကူးကို ထုတ္ေျပာလိုက္ၿပီး လတ္တေလာ အံ့အားသင့္ရေလာက္ေအာင္ ေျခစြမ္းျပေနတဲ့ လီဗာပူးလ္အသင္းကိုလည္း ခ်ီးက်ဴးခဲ့ၿပီး သူတို႔နဲ႔အတူ စိတ္နဲ႔ လုိက္ကစားရတာေတာင္ ပင္ပန္းမိတယ္လုိ႔လည္း ဆုိပါတယ္။

အာဆင္နယ္အသင္းသမိုင္းမွာ အေကာင္းဆံုးတုိက္စစ္မွဴးတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ အြန္နရီဟာ ၂၀၁၈ခုႏွစ္က နည္းျပ အာစင္၀င္းဂါး ထြက္သြားခ်ိန္မွာ ဆက္ခံႏိုင္ဖို႔အတြက္ အသင္းေဟာင္း အာဆင္နယ္နဲ႔ အင္တာဗ်ဴးခဲ့ေသးေပမယ့္ အသင္းဘုတ္အဖြဲ႔ကေတာ့ သူ႕ထက္ အေတြ႕အႀကဳံရင့္တဲ့ အူႏိုင္း အမ္မရီနဲ႔ပဲ အစားထိုးခဲ့တာပါ။ ဒီေနာက္ပုိင္းမွာေတာ့ မိုနာကိုကို နည္းျပခဲ့ေပမယ့္ ၃ လ အၾကာမွာပဲ အသင္းနဲ႔ လမ္းခြဲခဲ့ရတာလည္းျဖစ္ပါတယ္။

မိုနာကိုအသင္းကို ကိုင္တြယ္ခဲ့တဲ့ ပြဲ ၂၀ မွာ ၄ ပြဲပဲ အႏုိင္ရခဲ့ၿပီးတဲ့ေနာက္ အြန္နရီဟာ ကေနဒါအေျခစိုက္ ေမဂ်ာလိဂ္ကလပ္ မြန္ထရီရယ္အင္ပက္မွာ နည္းျပေနၿပီး လက္ရွိေတြ႕ဆုံေမးျမန္းမွဳတစ္ခုမွာေတာ့ အာဆင္နယ္အသင္းကို နည္းျပခ်င္တဲ့ စိတ္ကူးအိပ္မက္ကို သူ႕အေနနဲ႔ လက္မေလွ်ာ႔ေသးေၾကာင္း ဆုိခဲ့တာလည္းျဖစ္ပါတယ္။

အြန္နရီက”အာဆင္နယ္မွာ နည္းျပလုပ္ဖို႔ တကယ့္ကို စိတ္ကူးရွိတာပါ။ တစ္ခ်ိန္တည္းမွာပဲ ဘတ္စကက္ေဘာကြင္းမွာ ေျပးလႊားၿပီး သံဘားကြင္းကို တြဲခိုဂိုးသြင္းျပခ်င္တဲ့ စိတ္ကူးလည္းရွိခဲ့ပါတယ္။ ဆိုခ်င္တာက စိတ္ကူးထားသမွ်အားလံုး ျဖစ္လာမွာေတာ့ မဟုတ္ဘူးေလ။ ဒါေပမယ့္ အာဆင္နယ္နည္းျပ ျဖစ္ခ်င္တ့ဲ စိတ္ကုိေတာ့ မေသမခ်င္း လက္ေလွ်ာ႔မွာ မဟုတ္ပါဘူး။ အာဆင္းမထြက္ခင္အထိေတာ့ ဒီစိတ္ကူးအိပ္မက္က တကယ္ကို မလြယ္ပါဘူး။ အရမ္းကို ခက္ခဲခဲ့ပါတယ္”လို႔ေျပာပါတယ္။

ဆက္လက္ၿပီး ရႈံးပြဲမရွိစံခ်ိန္နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဖလားယူဖို႔ အလားအလာေကာင္းေနတဲ့ ယာဂန္ကေလာ့ပ္ရဲ႕ လီဗာပူးလ္ကိုလည္း အြန္နရီကခ်ီးက်ဴးခဲ့ၿပီး “ပရီးမီးယားလိဂ္မွာ သူတို႔ရဲ႕ကစားအား၊ ဟန္ခ်က္ညီမႈက အရမ္းျမင့္မားေနပါတယ္။ လီဗာပူးလ္ကစားတာက ၾကည့္ရတဲ့သူေတြေတာင္ ပင္ပန္းသလို ခံစားရၿပီး ေရႊ႕လ်ားမႈေတြကလည္း အရမ္းျမန္ပါတယ္”လို႔ အြန္နရီက ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက တစ်ချိန်မှာ အသင်းဟောင်းကို နည်းပြချင်တဲ့ စိတ်ကူးကို ထုတ်ပြောလိုက်ပြီး လတ်တလော အံ့အားသင့်ရလောက်အောင် ခြေစွမ်းပြနေတဲ့ လီဗာပူးလ်အသင်းကိုလည်း ချီးကျူးခဲ့ပြီး သူတို့နဲ့အတူ စိတ်နဲ့ လိုက်ကစားရတာတောင် ပင်ပန်းမိတယ်လို့လည်း ဆိုပါတယ်။

အာဆင်နယ်အသင်းသမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အွန်နရီဟာ ၂၀၁၈ခုနှစ်က နည်းပြ အာစင်ဝင်းဂါး ထွက်သွားချိန်မှာ ဆက်ခံနိုင်ဖို့အတွက် အသင်းဟောင်း အာဆင်နယ်နဲ့ အင်တာဗျူးခဲ့သေးပေမယ့် အသင်းဘုတ်အဖွဲ့ကတော့ သူ့ထက် အတွေ့အကြုံရင့်တဲ့ အူနိုင်း အမ်မရီနဲ့ပဲ အစားထိုးခဲ့တာပါ။ ဒီနောက်ပိုင်းမှာတော့ မိုနာကိုကို နည်းပြခဲ့ပေမယ့် ၃ လ အကြာမှာပဲ အသင်းနဲ့ လမ်းခွဲခဲ့ရတာလည်းဖြစ်ပါတယ်။

မိုနာကိုအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပွဲ ၂၀ မှာ ၄ ပွဲပဲ အနိုင်ရခဲ့ပြီးတဲ့နောက် အွန်နရီဟာ ကနေဒါအခြေစိုက် မေဂျာလိဂ်ကလပ် မွန်ထရီရယ်အင်ပက်မှာ နည်းပြနေပြီး လက်ရှိတွေ့ဆုံမေးမြန်းမှုတစ်ခုမှာတော့ အာဆင်နယ်အသင်းကို နည်းပြချင်တဲ့ စိတ်ကူးအိပ်မက်ကို သူ့အနေနဲ့ လက်မလျှော့သေးကြောင်း ဆိုခဲ့တာလည်းဖြစ်ပါတယ်။

အွန်နရီက”အာဆင်နယ်မှာ နည်းပြလုပ်ဖို့ တကယ့်ကို စိတ်ကူးရှိတာပါ။ တစ်ချိန်တည်းမှာပဲ ဘတ်စကက်ဘောကွင်းမှာ ပြေးလွှားပြီး သံဘားကွင်းကို တွဲခိုဂိုးသွင်းပြချင်တဲ့ စိတ်ကူးလည်းရှိခဲ့ပါတယ်။ ဆိုချင်တာက စိတ်ကူးထားသမျှအားလုံး ဖြစ်လာမှာတော့ မဟုတ်ဘူးလေ။ ဒါပေမယ့် အာဆင်နယ်နည်းပြ ဖြစ်ချင်တဲ့ စိတ်ကိုတော့ မသေမချင်း လက်လျှော့မှာ မဟုတ်ပါဘူး။ အာဆင်းမထွက်ခင်အထိတော့ ဒီစိတ်ကူးအိပ်မက်က တကယ်ကို မလွယ်ပါဘူး။ အရမ်းကို ခက်ခဲခဲ့ပါတယ်”လို့ပြောပါတယ်။

ဆက်လက်ပြီး ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖလားယူဖို့ အလားအလာကောင်းနေတဲ့ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်ကိုလည်း အွန်နရီကချီးကျူးခဲ့ပြီး “ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ကစားအား၊ ဟန်ချက်ညီမှုက အရမ်းမြင့်မားနေပါတယ်။ လီဗာပူးလ်ကစားတာက ကြည့်ရတဲ့သူတွေတောင် ပင်ပန်းသလို ခံစားရပြီး ရွှေ့လျားမှုတွေကလည်း အရမ်းမြန်ပါတယ်”လို့ အွန်နရီက ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.