Premier League Transfer News

နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု – ၁၃.၁၁.၂၀၂၀

– အာဆင်နယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ အသင်းနဲ့ တစ်ပွဲမှ ပွဲမထွက်ရသေးခင်မှာပဲ ရောင်းချခံရဖို့ ရှိနေပြီး အေစီမီလန် အသင်းဘက်က စီးရီးအေကို ခေါ်ဆောင်ဖို့ နွေမှာ ကြိုးစားခဲ့ဖူးတဲ့အပြင် ဆောင်းရာသီမှာ ထပ်မံကြိုးစားနေသလို သူ့ရဲ့ အမ်းမရိတ် အနာဂတ်က မသေချာတော့။

– အာဆင်နယ်အသင်းအနေနဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီရဲ့ ဒဏ်ရာကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးထားခဲ့ပြီး လာမယ့် ဇန်နဝါရီမှာမှ အသင်းနဲ့ ပြန်လည်ပွဲထွက်စေဖို့ ရည်ရွယ်နေသလို ကစားသမားရဲ့ ကြံ့ခိုင်မှုကလည်း တိုးတက်ကောင်းမွန်လျက်ရှိနေ။

– စပိန်လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်လာခဲ့တဲ့ ဟက်တာ ဘယ်လာရင်ရဲ့ ခံစစ်စွမ်းဆောင်ရည်ကတော့ ထပ်မံဝေဖန်ခံခဲ့ရပြီး သူဟာ မမ်းဖစ္စ ဒီပိုင်းလို တိုက်စစ်မှူးမျိုးကိုတောင် မထိန်းချုပ်နိုင်ဘဲ ဆယ်မှတ်ပေးရင် လေးမှတ်သာ ထိုက်တန်တယ်လို့ ဆိုနေကြ။

– RB လိုက်ပ်ဇစ်အပါအဝင် ဘယ်အသင်းနဲ့မှ သဘောတူညီထားတာမျိုးမရှိဘူးလို့ အေးဂျင့်ရဲ့ ထုတ်ဖော်မှုအပြီးမှာ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းအတွက် အာဆင်နယ်တို့ အားတက်စရာဖြစ်လာ။

– အသက် ၃၂ နှစ်အရွယ်မှာ ဘိုင်ယန်မြူးနစ်ဘက်က စာချုပ်သစ်ကမ်းလှမ်းမှုကို ရရှိမထားတဲ့ နောက်ခံလူ ဂျရုမ်း ဘိုတန်းကို ခေါ်ယူဖို့ လန်ဒန်ကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ် ဟော့စပါးစ်တို့ စောင့်ကြည့်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ညာသန်ဗဟိုနောက်ခံလူတစ်ဦးကို ထပ်မံခေါ်ယူမယ်လို့ ထင်ကြေးပေးနေကြသလို လာမယ့်အပြောင်းအရွှေ့ ကာလနှစ်ခုမှာ RB လိုက်ပ်ဇစ်အသင်းရဲ့ အီဘရာဟီမာ ကိုနာတေကို ခေါ်ယူနိုင်ဖို့ ကြိုးစားသွားဖွယ်ရှိနေ။

– သူ့ရဲ့ အောင်ပွဲခံမှုတွေကို ဝေဖန်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ တိုနီ ကရူးစ်မှာ ကလေးတွေ ရှိလားလို့ အာဆင်နယ်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းက မေးခွန်းထုတ်လိုက်ပြီး သူ့ရဲ့သားအတွက် မျက်နှာဖုံးတွေနဲ့ ပျော်ရွှင်အောင် လုပ်ပေးနေခဲ့တာဖြစ်သလို ဆက်လက်လုပ်ဆောင်သွားဦးမယ်လို့ တုံ့ပြန်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ အသင္းနဲ႔ တစ္ပြဲမွ ပြဲမထြက္ရေသးခင္မွာပဲ ေရာင္းခ်ခံရဖို႔ ရွိေနၿပီး ေအစီမီလန္ အသင္းဘက္က စီးရီးေအကို ေခၚေဆာင္ဖို႔ ေႏြမွာ ႀကိဳးစားခဲ့ဖူးတဲ့အျပင္ ေဆာင္းရာသီမွာ ထပ္မံႀကိဳးစားေနသလို သူ႔ရဲ႕ အမ္းမရိတ္ အနာဂတ္က မေသခ်ာေတာ့။

– အာဆင္နယ္အသင္းအေနနဲ႔ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီရဲ႕ ဒဏ္ရာကို စိတ္ရွည္ရွည္နဲ႔ အခ်ိန္ေပးထားခဲ့ၿပီး လာမယ့္ ဇန္နဝါရီမွာမွ အသင္းနဲ႔ ျပန္လည္ပြဲထြက္ေစဖို႔ ရည္႐ြယ္ေနသလို ကစားသမားရဲ႕ ႀကံ့ခိုင္မႈကလည္း တိုးတက္ေကာင္းမြန္လ်က္ရွိေန။

– စပိန္လက္ေ႐ြးစင္အသင္းမွာ ျပန္လည္ပါဝင္လာခဲ့တဲ့ ဟက္တာ ဘယ္လာရင္ရဲ႕ ခံစစ္စြမ္းေဆာင္ရည္ကေတာ့ ထပ္မံေဝဖန္ခံခဲ့ရၿပီး သူဟာ မမ္းဖစၥ ဒီပိုင္းလို တိုက္စစ္မႉးမ်ိဳးကိုေတာင္ မထိန္းခ်ဳပ္ႏိုင္ဘဲ ဆယ္မွတ္ေပးရင္ ေလးမွတ္သာ ထိုက္တန္တယ္လို႔ ဆိုေနၾက။

– RB လိုက္ပ္ဇစ္အပါအဝင္ ဘယ္အသင္းနဲ႔မွ သေဘာတူညီထားတာမ်ိဳးမရွိဘူးလို႔ ေအးဂ်င့္ရဲ႕ ထုတ္ေဖာ္မႈအၿပီးမွာ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းအတြက္ အာဆင္နယ္တို႔ အားတက္စရာျဖစ္လာ။

– အသက္ ၃၂ ႏွစ္အ႐ြယ္မွာ ဘိုင္ယန္ျမဴးနစ္ဘက္က စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ရရွိမထားတဲ့ ေနာက္ခံလူ ဂ်႐ုမ္း ဘိုတန္းကို ေခၚယူဖို႔ လန္ဒန္ကလပ္ေတြျဖစ္ၾကတဲ့ အာဆင္နယ္၊ ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္တို႔ ေစာင့္ၾကည့္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ညာသန္ဗဟိုေနာက္ခံလူတစ္ဦးကို ထပ္မံေခၚယူမယ္လို႔ ထင္ေၾကးေပးေနၾကသလို လာမယ့္အေျပာင္းအေ႐ႊ႕ ကာလႏွစ္ခုမွာ RB လိုက္ပ္ဇစ္အသင္းရဲ႕ အီဘရာဟီမာ ကိုနာေတကို ေခၚယူႏိုင္ဖို႔ ႀကိဳးစားသြားဖြယ္ရွိေန။

– သူ႔ရဲ႕ ေအာင္ပြဲခံမႈေတြကို ေဝဖန္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ တိုနီ က႐ူးစ္မွာ ကေလးေတြ ရွိလားလို႔ အာဆင္နယ္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းက ေမးခြန္းထုတ္လိုက္ၿပီး သူ႔ရဲ႕သားအတြက္ မ်က္ႏွာဖုံးေတြနဲ႔ ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးေနခဲ့တာျဖစ္သလို ဆက္လက္လုပ္ေဆာင္သြားဦးမယ္လို႔ တုံ႔ျပန္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.