Article Premier League Transfer News

ဇာကာရီးယားကို မန်ချက်စတာစီးတီးက ဘာကြောင့်လိုအပ်နေတာလဲ

ဂျာမန်ကလပ် ဘိုရုရှားမွန်ချန်ဂလာဘက်ချ်ရဲ့ ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးတာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ချိန်မှာ ဒီလိုကွင်းလယ်ကစားသမားနောက်ထပ်တစ်ဦးအတွက် ငွေသုံးစွဲဖို့ အစ်တီဟတ်ဘက်က ဘယ်လိုအတွေးနဲ့ ခြေလှမ်းလာခဲ့တာလဲဆိုတာ အချက် ၅ ချက်နဲ့ သုံးသပ်လိုက်ပါတယ်။

၁။ ဖာနန်ဒင်ညိုရဲ့ ကျဆင်းမှု – ဖာနန်ဒင်ညိုဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ပထမအသင်းခေါင်းဆောင်ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ ကိုယ်ပိုင်ကွင်းလယ်အဖျက်နေရာတင်မဟုတ်ဘဲ နောက်တန်းမှာပါ ဆင်းကစားပေးခဲ့သူဖြစ်ပြီး အသင်းရဲ့ စံပြကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဗင်းဆင့် ကွန်ပနီရဲ့ လက်ပတ်ကို ဆက်ခံခဲ့တဲ့ ဘရာဇီးလ်သားဟာ လက်ရှိမှာတော့ ပွဲရှိန်မြင့်ရင် သိပ်အဆင်မပြေတော့သလို သာမန်အဖျက်ကစားသမားတစ်ဦးထက် နိမ့်ပါးတဲ့ အရပ်အမောင်းကလည်း အသက် ၃၅ နှစ်အရွယ်မှာတော့ ပိုမိုရုန်းကန်ရစေတာလည်းဖြစ်ပါတယ်။

၂။ ရိုဒရီရဲ့ လေးကွေးမှု – ဂွါဒီယိုလာက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အားကိုးတကြီး ခေါ်ယူခဲ့ဖူးတဲ့ စပိန်ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်နဲ့ နည်းစနစ်ပိုင်းမှာ အံဝင်ပေမယ့် လှုပ်ရှားမှုနဲ့ လျင်မြန်မှုပိုင်းမှာတော့ နောက်တစ်လှမ်းကျန်နေခဲ့လို့ သူ့ကို အသင်းကြီးတွေနဲ့ပွဲမှာ Double Pivot အဖြစ် ဂွန်ဒိုးဝမ်၊ ဒါမှမဟုတ် ဖာနန်ဒင်ညိုကသာ မကူခဲ့ရင် ကွင်းလယ်စိုးမိုးမှုက တော်တော်လေး ဗျာများရလေ့ရှိပါတယ်။ ဒီအတွက် လျင်မြန်မာကျောတဲ့ ယာယာတိုရေးလို ကွင်းလယ်လူကို စီးတီးဘက်က အလိုရှိနေတာပါ။

၃။ ကွင်းလယ်မှာ မာကျောမှုလိုအပ်နေခြင်း – ဖာနန်ဒင်ညိုကျဆင်းသွားပြီး ပွဲချိန်ပြည့် မကစားနိုင်တော့ချိန်မှာ ဂွန်ဒိုးဝမ်နဲ့ ရိုဒရီတို့ဟာ ပရီးမီးယားလိဂ်မှာ မာကျောမှုအဆင့် နိမ့်ပါးသူတွေဖြစ်လို့ ပိတ်ဆို့ခံရတဲ့အခါ ဘောလုံးထွက်မလာတော့သလို သူတို့ရှေ့မှာ ကစားတဲ့ ကီဗင် ဒီဘရိုင်းနားတစ်ယောက် ရုန်းကန်လာရပါတယ်။ မန်စီးတီးရဲ့ ကွင်းလယ်စိုးမိုးမှုဟာ အသင်းငယ်တွေနဲ့တွေ့ရင် နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကြောင့် မသိသာပေမယ့် အသင်းကြီးချင်းမှာတော့ ထင်သလောက်မဖြစ်တော့ဘဲ ခံစစ်သမားတွေနဲ့ စုဖွဲ့လုပ်ဆောင်နေရတာပါ။

၄။ ဖန်တီးမှုကို တည်ဆောက်ဖို့ လိုနေခြင်း – အပေါ်က အချက်နဲ့ ဆက်စပ်နေခဲ့တဲ့ Pivot နဲ့ Box to Box Function မှာ သက်လုံမကောင်းဘဲ မာကျောမှုမရှိတဲ့ ကစားသမားတွေကို အသုံးပြုနေရတာက တိုက်စစ်မှာရော ခံစစ်မှာပါ စွမ်းဆောင်ရည်လျော့ကျစေပြီး တိုက်စစ်က ကစားသမားတွေ လိုက်ပါကူညီရမှု များလာပါတယ်။ ဇာကာရီယာကတော့ ယာယာတိုရေးလောက် မဖြစ်နိုင်သေးပေမယ့် မာကျောပြီး သက်လုံကောင်းမှုက ဂွါဒီယိုလာအတွက် စိတ်ကြိုက်ဖြစ်လာနိုင်သလို သူနဲ့ နည်းစနစ်ပိုင်း ပိုပိုင်နိုင်မယ့် ရိုဒရီ၊ ဖာနန်ဒင်ညို၊ ဂွန်ဒိုးဝမ်အပြင် ဘာနာဒို ဆေးလ်ဗားကိုပါ တွဲဖက်ပေးနိုင်မယ့် Flexibilty ကို ရရှိသွားမှာပါ။

၅။ ဇာကာရီယာရဲ့ အင်အား – ဇာကာရီယာဟာ Box to Box မှာ အကောင်းဆုံးကစားနိုင်ဖို့ မွေးဖွားလာသူတွေထဲက တစ်ဦးလို့ပဲ ဆိုရမှာပါ။ မြန်နှုန်း၊ သက်လုံ၊ အဖျက်ပိုင်းနဲ့ တိုက်စစ်လိုက်ပါမှုတွေမှာ ပြောစရာမလိုသလို ခံစစ်တန်းရှေ့မှာ ကာကွယ်ပေးနိုင်မှုကလည်း Mobile မဖြစ်တဲ့ ရိုဒရီထက် သာလွန်မှာဖြစ်ပါတယ်။ ခံစစ်မှာ အမြင့်ဘောတွေကလွဲရင် ကျန်တဲ့ လျှပ်တစ်ပြက်လုပ်ဆောင်နိုင်စွမ်းတွေ နည်းပါးတဲ့ ရိုဒရီထက် ဇာကာရီယာက ဂွါဒီယိုလာရဲ့ ကစားကွက်ကို ပိုထောက်ကူနိုင်မှာပါ။

ပေါလ်မာဆန်ရဲ့ သုံးသပ်ချက်တစ်ခုအရတော့ သူက ဒီနေရာအတွက် သောမတ်စ် ပါတေးကို ညွှန်းထားပြီး မလိုအပ်တဲ့ အသင်းဆိုလို့ ကွန်တေကို ပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးတစ်သင်းသာ ရှိတယ်လို့ ဆိုခဲ့တဲ့အတွက် ပရီးမီးယားလိဂ်မှာ အဖျက်ကစားသမားရဲ့ လျင်မြန်မှုနဲ့ မာကျောမှုက အရေးဘယ်လောက်ပါတယ်ဆိုတာကို မြင်နိုင်မှာဖြစ်ပါတယ်။

မန်စီးတီးတို့အနေနဲ့ တကယ်လို့ ဘိုင်ယန်နဲ့ ပြိုင်ပွဲကြောင့် ဇာကာရီယာကို လက်လွှတ်ရရင်လည်း ကွင်းလယ်မှာ ဒီလိုမျိုး မမောမပန်း ကစားနိုင်တဲ့သူတစ်ဦးကို ထပ်မံရှာဖွေသွားရဖို့ ရှိနေလို့ အားနည်းချက်ကို ပြင်ဆင်လိုနေတဲ့ Cityzens တွေအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ပြိုင်ပွဲမှာ အနိုင်ရပြီး ပိုကောင်းလာမလား၊ ပစ်မှတ်သစ်တွေပဲ ထပ်ရှာရမလားဆိုတာ စောင့်ကြည့်နိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာမန္ကလပ္ ဘို႐ုရွားမြန္ခ်န္ဂလာဘက္ခ်္ရဲ႕ ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးတာဝန္ရွိသူေတြ ေဆြးေႏြးေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ခ်ိန္မွာ ဒီလိုကြင္းလယ္ကစားသမားေနာက္ထပ္တစ္ဦးအတြက္ ေငြသုံးစြဲဖို႔ အစ္တီဟတ္ဘက္က ဘယ္လိုအေတြးနဲ႔ ေျခလွမ္းလာခဲ့တာလဲဆိုတာ အခ်က္ ၅ ခ်က္နဲ႔ သုံးသပ္လိုက္ပါတယ္။

၁။ ဖာနန္ဒင္ညိဳရဲ႕ က်ဆင္းမႈ – ဖာနန္ဒင္ညိဳဟာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပထမအသင္းေခါင္းေဆာင္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီက သူ႔ရဲ႕ ကိုယ္ပိုင္ကြင္းလယ္အဖ်က္ေနရာတင္မဟုတ္ဘဲ ေနာက္တန္းမွာပါ ဆင္းကစားေပးခဲ့သူျဖစ္ၿပီး အသင္းရဲ႕ စံျပကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ဗင္းဆင့္ ကြန္ပနီရဲ႕ လက္ပတ္ကို ဆက္ခံခဲ့တဲ့ ဘရာဇီးလ္သားဟာ လက္ရွိမွာေတာ့ ပြဲရွိန္ျမင့္ရင္ သိပ္အဆင္မေျပေတာ့သလို သာမန္အဖ်က္ကစားသမားတစ္ဦးထက္ နိမ့္ပါးတဲ့ အရပ္အေမာင္းကလည္း အသက္ ၃၅ ႏွစ္အ႐ြယ္မွာေတာ့ ပိုမို႐ုန္းကန္ရေစတာလည္းျဖစ္ပါတယ္။

၂။ ႐ိုဒရီရဲ႕ ေလးေကြးမႈ – ဂြါဒီယိုလာက ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အားကိုးတႀကီး ေခၚယူခဲ့ဖူးတဲ့ စပိန္ကြင္းလယ္လူဟာ ပရီးမီးယားလိဂ္နဲ႔ နည္းစနစ္ပိုင္းမွာ အံဝင္ေပမယ့္ လႈပ္ရွားမႈနဲ႔ လ်င္ျမန္မႈပိုင္းမွာေတာ့ ေနာက္တစ္လွမ္းက်န္ေနခဲ့လို႔ သူ႔ကို အသင္းႀကီးေတြနဲ႔ပြဲမွာ Double Pivot အျဖစ္ ဂြန္ဒိုးဝမ္၊ ဒါမွမဟုတ္ ဖာနန္ဒင္ညိဳကသာ မကူခဲ့ရင္ ကြင္းလယ္စိုးမိုးမႈက ေတာ္ေတာ္ေလး ဗ်ာမ်ားရေလ့ရွိပါတယ္။ ဒီအတြက္ လ်င္ျမန္မာေက်ာတဲ့ ယာယာတိုေရးလို ကြင္းလယ္လူကို စီးတီးဘက္က အလိုရွိေနတာပါ။

၃။ ကြင္းလယ္မွာ မာေက်ာမႈလိုအပ္ေနျခင္း – ဖာနန္ဒင္ညိဳက်ဆင္းသြားၿပီး ပြဲခ်ိန္ျပည့္ မကစားႏိုင္ေတာ့ခ်ိန္မွာ ဂြန္ဒိုးဝမ္နဲ႔ ႐ိုဒရီတို႔ဟာ ပရီးမီးယားလိဂ္မွာ မာေက်ာမႈအဆင့္ နိမ့္ပါးသူေတြျဖစ္လို႔ ပိတ္ဆို႔ခံရတဲ့အခါ ေဘာလုံးထြက္မလာေတာ့သလို သူတို႔ေရွ႕မွာ ကစားတဲ့ ကီဗင္ ဒီဘ႐ိုင္းနားတစ္ေယာက္ ႐ုန္းကန္လာရပါတယ္။ မန္စီးတီးရဲ႕ ကြင္းလယ္စိုးမိုးမႈဟာ အသင္းငယ္ေတြနဲ႔ေတြ႕ရင္ နည္းစနစ္ပိုင္း ကြၽမ္းက်င္မႈေၾကာင့္ မသိသာေပမယ့္ အသင္းႀကီးခ်င္းမွာေတာ့ ထင္သေလာက္မျဖစ္ေတာ့ဘဲ ခံစစ္သမားေတြနဲ႔ စုဖြဲ႕လုပ္ေဆာင္ေနရတာပါ။

၄။ ဖန္တီးမႈကို တည္ေဆာက္ဖို႔ လိုေနျခင္း – အေပၚက အခ်က္နဲ႔ ဆက္စပ္ေနခဲ့တဲ့ Pivot နဲ႔ Box to Box Function မွာ သက္လုံမေကာင္းဘဲ မာေက်ာမႈမရွိတဲ့ ကစားသမားေတြကို အသုံးျပဳေနရတာက တိုက္စစ္မွာေရာ ခံစစ္မွာပါ စြမ္းေဆာင္ရည္ေလ်ာ့က်ေစၿပီး တိုက္စစ္က ကစားသမားေတြ လိုက္ပါကူညီရမႈ မ်ားလာပါတယ္။ ဇာကာရီယာကေတာ့ ယာယာတိုေရးေလာက္ မျဖစ္ႏိုင္ေသးေပမယ့္ မာေက်ာၿပီး သက္လုံေကာင္းမႈက ဂြါဒီယိုလာအတြက္ စိတ္ႀကိဳက္ျဖစ္လာႏိုင္သလို သူနဲ႔ နည္းစနစ္ပိုင္း ပိုပိုင္ႏိုင္မယ့္ ႐ိုဒရီ၊ ဖာနန္ဒင္ညိဳ၊ ဂြန္ဒိုးဝမ္အျပင္ ဘာနာဒို ေဆးလ္ဗားကိုပါ တြဲဖက္ေပးႏိုင္မယ့္ Flexibilty ကို ရရွိသြားမွာပါ။

၅။ ဇာကာရီယာရဲ႕ အင္အား – ဇာကာရီယာဟာ Box to Box မွာ အေကာင္းဆုံးကစားႏိုင္ဖို႔ ေမြးဖြားလာသူေတြထဲက တစ္ဦးလို႔ပဲ ဆိုရမွာပါ။ ျမန္ႏႈန္း၊ သက္လုံ၊ အဖ်က္ပိုင္းနဲ႔ တိုက္စစ္လိုက္ပါမႈေတြမွာ ေျပာစရာမလိုသလို ခံစစ္တန္းေရွ႕မွာ ကာကြယ္ေပးႏိုင္မႈကလည္း Mobile မျဖစ္တဲ့ ႐ိုဒရီထက္ သာလြန္မွာျဖစ္ပါတယ္။ ခံစစ္မွာ အျမင့္ေဘာေတြကလြဲရင္ က်န္တဲ့ လွ်ပ္တစ္ျပက္လုပ္ေဆာင္ႏိုင္စြမ္းေတြ နည္းပါးတဲ့ ႐ိုဒရီထက္ ဇာကာရီယာက ဂြါဒီယိုလာရဲ႕ ကစားကြက္ကို ပိုေထာက္ကူႏိုင္မွာပါ။

ေပါလ္မာဆန္ရဲ႕ သုံးသပ္ခ်က္တစ္ခုအရေတာ့ သူက ဒီေနရာအတြက္ ေသာမတ္စ္ ပါေတးကို ၫႊန္းထားၿပီး မလိုအပ္တဲ့ အသင္းဆိုလို႔ ကြန္ေတကို ပိုင္ဆိုင္ထားတဲ့ ခ်ဲလ္ဆီးတစ္သင္းသာ ရွိတယ္လို႔ ဆိုခဲ့တဲ့အတြက္ ပရီးမီးယားလိဂ္မွာ အဖ်က္ကစားသမားရဲ႕ လ်င္ျမန္မႈနဲ႔ မာေက်ာမႈက အေရးဘယ္ေလာက္ပါတယ္ဆိုတာကို ျမင္ႏိုင္မွာျဖစ္ပါတယ္။

မန္စီးတီးတို႔အေနနဲ႔ တကယ္လို႔ ဘိုင္ယန္နဲ႔ ၿပိဳင္ပြဲေၾကာင့္ ဇာကာရီယာကို လက္လႊတ္ရရင္လည္း ကြင္းလယ္မွာ ဒီလိုမ်ိဳး မေမာမပန္း ကစားႏိုင္တဲ့သူတစ္ဦးကို ထပ္မံရွာေဖြသြားရဖို႔ ရွိေနလို႔ အားနည္းခ်က္ကို ျပင္ဆင္လိုေနတဲ့ Cityzens ေတြအေနနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ၿပိဳင္ပြဲမွာ အႏိုင္ရၿပီး ပိုေကာင္းလာမလား၊ ပစ္မွတ္သစ္ေတြပဲ ထပ္ရွာရမလားဆိုတာ ေစာင့္ၾကည့္ႏိုင္ဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.