Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု – ၁၃.၁၁.၂၀၂၀

– စပိန်နဲ့ပွဲမှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို သူ့ကို ကြည့်နေသလားလို့ မေးလိုက်တဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ရဲ့ အဲ့ဒီပွဲက ဂိုးအတွက် ပရိသတ်တွေ ချီးကျူးနေကြပြီး မန်ချက်စတာယူနိုက်တက်မှာလည်း အမြန်ဆုံးအကျိုးပြုနိုင်ဖို့ မျှော်လင့်နေကြ။

– ဆွီဒင်လက်ရွေးစင်အသင်းအတွက် သွားရောက်ကစားနေခဲ့တဲ့ နောက်ခံလူ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်က သူ့အနေနဲ့ ကျောဒဏ်ရာ ရှိနေခဲ့ချိန်မှာ ယူနိုက်တက်အတွက် ကစားပေးခဲ့ရတာဟာ ခက်ခဲသလို ရုန်းကန်ခဲ့ရကြောင်း ဝန်ခံလိုက်ပြီး လက်ရှိမှာတော့ ပျောက်ကင်းခဲ့ပြီလို့ဆို။

– မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ခေါ်ယူပေးဖို့ တောင်းဆိုနေခဲ့တဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် အေးဂျင့်ဆီကို တာဝန်ရှိသူတွေ ဆက်သွယ်စုံစမ်းလိုက်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ကြား ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ အလဲအထပ်လုပ်ဖို့ ဆွေးနွေးသွားနိုင်ကြောင်း ခန့်မှန်းနေကြ။

– အသင်းခေါင်းဆောင် ဟာရီကိန်းကို ထည့်သွင်းကစားခဲ့ခြင်းမရှိတဲ့ အိုင်ယာလန်နဲ့ ခြေစမ်းပွဲစဉ်မှာ ယူနိုက်တက်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားက ကပ္ပတိန်လက်ပတ်ကို ပထမဆုံးအကြိမ်အဖြစ် ရယူခဲ့ပြီး ဟာရီဝင့်ခ်စ်ရဲ့ ဖြတ်တင်ဘောကနေ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့။

– အဲဗာတန်နဲ့ပွဲမှာ ရရှိထားခဲ့တဲ့ ဒဏ်ရာက သက်သာခဲ့ခြင်းမရှိတာကြောင့် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အင်္ဂလန်အသင်းက နိုဝင်ဘာဂျူတီတွေကနေ အိမ်ပြန်ခွင့်ပြုလိုက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်လက်ကုသမှု ခံယူသွားဖို့ ပြင်ဆင်နေ။

– အာဂျင်တီးနားသားနည်းပြ မော်ရီစီယို ပိုချက်တီနိုအနေနဲ့ အင်္ဂလန်မှာ အနည်းဆုံး ဇန်နဝါရီအထိ အလုပ်လက်မဲ့ဖြစ်နေဖိုရှိပြီး ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားကို အချိန်ထပ်ပေးဖို့ ရှိနေသလို အာဆင်နယ်ကလည်း အာတီတာကို အပြောင်းအလဲလုပ်ဖို့ အစီအစဉ် မရှိသေးတာကြောင့် စပိန်ကို ပြန်ရောက်သွားနိုင်။

– အင်္ဂလန်အသင်းနဲ့ မနေ့ညက ဂျုဒ် ဘယ်လင်ဂမ်အတွက် ဘာမင်ဂမ်ဘက် တောင်းဆိုတဲ့ ဈေးနှုန်းဟာ ကြီးမြင့်လွန်းတယ်ဆိုပြီး ဆက်လက်ဆွေးနွေးဖို့ ဆန္ဒမရှိဘူးလို့ ပယ်ချခဲ့တဲ့ အက်ဒ် ဝုဒ်ဝဒ်ကြောင့်သာ ဒေါ့မွန်က ခေါ်ယူသွားနိုင်ခဲ့တာလို့ စတိဗ် နီကောလ် ထုတ်ဖော်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– စပိန္နဲ႔ပြဲမွာ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကို သူ႔ကို ၾကည့္ေနသလားလို႔ ေမးလိုက္တဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ရဲ႕ အဲ့ဒီပြဲက ဂိုးအတြက္ ပရိသတ္ေတြ ခ်ီးက်ဴးေနၾကၿပီး မန္ခ်က္စတာယူႏိုက္တက္မွာလည္း အျမန္ဆုံးအက်ိဳးျပဳႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾက။

– ဆြီဒင္လက္ေ႐ြးစင္အသင္းအတြက္ သြားေရာက္ကစားေနခဲ့တဲ့ ေနာက္ခံလူ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္က သူ႔အေနနဲ႔ ေက်ာဒဏ္ရာ ရွိေနခဲ့ခ်ိန္မွာ ယူႏိုက္တက္အတြက္ ကစားေပးခဲ့ရတာဟာ ခက္ခဲသလို ႐ုန္းကန္ခဲ့ရေၾကာင္း ဝန္ခံလိုက္ၿပီး လက္ရွိမွာေတာ့ ေပ်ာက္ကင္းခဲ့ၿပီလို႔ဆို။

– မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက ေခၚယူေပးဖို႔ ေတာင္းဆိုေနခဲ့တဲ့ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ ေအးဂ်င့္ဆီကို တာဝန္ရွိသူေတြ ဆက္သြယ္စုံစမ္းလိုက္ၿပီး ဂ်ဴဗင္တပ္စ္အသင္းနဲ႔ၾကား ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ အလဲအထပ္လုပ္ဖို႔ ေဆြးေႏြးသြားႏိုင္ေၾကာင္း ခန႔္မွန္းေနၾက။

– အသင္းေခါင္းေဆာင္ ဟာရီကိန္းကို ထည့္သြင္းကစားခဲ့ျခင္းမရွိတဲ့ အိုင္ယာလန္နဲ႔ ေျခစမ္းပြဲစဥ္မွာ ယူႏိုက္တက္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားက ကပၸတိန္လက္ပတ္ကို ပထမဆုံးအႀကိမ္အျဖစ္ ရယူခဲ့ၿပီး ဟာရီဝင့္ခ္စ္ရဲ႕ ျဖတ္တင္ေဘာကေန အဖြင့္ဂိုးကို ေခါင္းတိုက္သြင္းယူေပးႏိုင္ခဲ့။

– အဲဗာတန္နဲ႔ပြဲမွာ ရရွိထားခဲ့တဲ့ ဒဏ္ရာက သက္သာခဲ့ျခင္းမရွိတာေၾကာင့္ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို အဂၤလန္အသင္းက ႏိုဝင္ဘာဂ်ဴတီေတြကေန အိမ္ျပန္ခြင့္ျပဳလိုက္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဆက္လက္ကုသမႈ ခံယူသြားဖို႔ ျပင္ဆင္ေန။

– အာဂ်င္တီးနားသားနည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုအေနနဲ႔ အဂၤလန္မွာ အနည္းဆုံး ဇန္နဝါရီအထိ အလုပ္လက္မဲ့ျဖစ္ေနဖိုရွိၿပီး ယူႏိုက္တက္အေနနဲ႔ ဆိုးလ္ရွားကို အခ်ိန္ထပ္ေပးဖို႔ ရွိေနသလို အာဆင္နယ္ကလည္း အာတီတာကို အေျပာင္းအလဲလုပ္ဖို႔ အစီအစဥ္ မရွိေသးတာေၾကာင့္ စပိန္ကို ျပန္ေရာက္သြားႏိုင္။

– အဂၤလန္အသင္းနဲ႔ မေန႔ညက ဂ်ဳဒ္ ဘယ္လင္ဂမ္အတြက္ ဘာမင္ဂမ္ဘက္ ေတာင္းဆိုတဲ့ ေဈးႏႈန္းဟာ ႀကီးျမင့္လြန္းတယ္ဆိုၿပီး ဆက္လက္ေဆြးေႏြးဖို႔ ဆႏၵမရွိဘူးလို႔ ပယ္ခ်ခဲ့တဲ့ အက္ဒ္ ဝုဒ္ဝဒ္ေၾကာင့္သာ ေဒါ့မြန္က ေခၚယူသြားႏိုင္ခဲ့တာလို႔ စတိဗ္ နီေကာလ္ ထုတ္ေဖာ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.