Premier League

12 Nov ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– နယ်သာလန်အသင်းနဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ နောက်ခံလူ နာသန် အာကေအနေနဲ့ ပေါင်နောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပြီး အသင်းအတွက် ၆ မိနစ်သာ ကစားနိုင်ခဲ့သလို အင်္ဂလန်ရဲ့ လူစား ၃ ယောက်ပဲလဲတဲ့ ပေါ်လစီရဲ့ ဆိုးရွားတဲ့ ပြယုဂ်တစ်ခု ဖြစ်လာ။

– ပက်ပ် ဂွါဒီယိုလာနဲ့ ယာဂန် ကလော့ပ်တို့က နာမည်ကြီးတွေအဖြစ်နဲ့ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ လူစား ၅ ယောက်လဲရေး ဆန္ဒပြုမှုကို အင်္ဂလန်နည်းပြ ဂယ်ရက် ဆောက်သ်ဂိတ်ကလည်း ထောက်ခံလိုက်ပြီး လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုမက်ဇ်ရဲ့ ဒဏ်ရာကို ပြသပြီး ပွဲကစားရတဲ့ ဝန်ပိမှုမှာ အနားမရတာကြောင့်လို့ ဝေဖန်သွားခဲ့။

– ယူ-၁၈ အသင်းက အသက် ၁၈ နှစ်အရွယ် နယ်သာလန်တောင်ပံကစားသမား ဂျေဒန် ဘရတ်ဖ်ကို စာချုပ်သက်တမ်းတိုးမြှင့်ပြီး အသင်းကြီးမှာ စတင်နေရာပေးဖို့ မန်ချက်စတာစီးတီးတာဝန်ရှိသူတွေ စဉ်းစားနေပြီး ဆန်ချိုတုန်းကလိုအဖြစ်မျိုး မကြုံရအောင် စီစဉ်နေ။

– မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတွေက ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေတဲ့ နောက်ခံလူ ဒေးဗစ် အလာဘာကို ဘိုင်မြူးနစ်အသင်း အနေနဲ့ လာမယ့်ဇန်နဝါရီမှာ ရောင်းချသွားမှာ မဟုတ်တဲ့အပြင် အသင်းမှာ ဆက်ထားပြီး နွေရာသီမတိုင်ခင် စာချုပ်သက်တမ်းတိုးနိုင်ဖို့ ထပ်မံကြိုးစားဖွယ်ရှိ။

– နောက်ခံလူ ခိုင်လ် ဝေါ်လ်ကာကို ဝေဖန်ခဲ့တဲ့ စကိုင်းစပို့စ်တင်ဆက်သူ ရွိုင်းကီးန်ရဲ့ လေ့လာမှုနဲ့ သုံးသပ်မှုတွေ ကောင်းမွန်ပေမယ့် ငတုံးလို့ ပြောခဲ့တာက ပုဂ္ဂိုလ်ရေးဆန်တဲ့ တိုက်ခိုက်မှုသာဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းအဖြစ်ကို ထောက်ပြပြီး အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ် ဝေဖန်သွားခဲ့။

– ပြီးခဲ့တဲ့ ဝုလ်ဗ်စ်နဲ့ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး လီဗာပူးလ်နဲ့ပွဲမှာမှ ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျေဆူးစ်က သူ့ရဲ့ အဖြစ်အပျက်က ထင်တာထက် ပိုဆိုးခဲ့ပြီး သွေးအေးသွားတဲ့အချိန်မှာ လမ်းတောင်သေချာမလျှောက်နိုင်ခဲ့ဘူးလို့ ဘရာဇီးလ်လက်ရွေးစင် အသင်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား။

– ဝက်စ်ဟမ်းနဲ့ပွဲမှာ ပေါင်နောက်ကြောဒဏ်ရာနဲ့ ရင်ဆိုင်ထားခဲ့ရတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ လာမယ့်တစ်ပတ်အတွင်းမှာ အသင်းဖော်တွေနဲ့ ပြန်လည်ပူးပေါင်းလေ့ကျင့်နိုင်တော့မှာဖြစ်ပြီး အခြေအနေတိုးတက်ကောင်းမွန်နေတယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– နယ္သာလန္အသင္းနဲ႔ စပိန္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ေနာက္ခံလူ နာသန္ အာေကအေနနဲ႔ ေပါင္ေနာက္ေၾကာဒဏ္ရာ ရရွိသြားခဲ့ၿပီး အသင္းအတြက္ ၆ မိနစ္သာ ကစားႏိုင္ခဲ့သလို အဂၤလန္ရဲ႕ လူစား ၃ ေယာက္ပဲလဲတဲ့ ေပၚလစီရဲ႕ ဆိုး႐ြားတဲ့ ျပယုဂ္တစ္ခု ျဖစ္လာ။

– ပက္ပ္ ဂြါဒီယိုလာနဲ႔ ယာဂန္ ကေလာ့ပ္တို႔က နာမည္ႀကီးေတြအျဖစ္နဲ႔ ဦးေဆာင္တိုက္ပြဲဝင္ေနတဲ့ လူစား ၅ ေယာက္လဲေရး ဆႏၵျပဳမႈကို အဂၤလန္နည္းျပ ဂယ္ရက္ ေဆာက္သ္ဂိတ္ကလည္း ေထာက္ခံလိုက္ၿပီး လီဗာပူးလ္ေနာက္ခံလူ ဂ်ိဳးဂိုမက္ဇ္ရဲ႕ ဒဏ္ရာကို ျပသၿပီး ပြဲကစားရတဲ့ ဝန္ပိမႈမွာ အနားမရတာေၾကာင့္လို႔ ေဝဖန္သြားခဲ့။

– ယူ-၁၈ အသင္းက အသက္ ၁၈ ႏွစ္အ႐ြယ္ နယ္သာလန္ေတာင္ပံကစားသမား ေဂ်ဒန္ ဘရတ္ဖ္ကို စာခ်ဳပ္သက္တမ္းတိုးျမႇင့္ၿပီး အသင္းႀကီးမွာ စတင္ေနရာေပးဖို႔ မန္ခ်က္စတာစီးတီးတာဝန္ရွိသူေတြ စဥ္းစားေနၿပီး ဆန္ခ်ိဳတုန္းကလိုအျဖစ္မ်ိဳး မႀကဳံရေအာင္ စီစဥ္ေန။

– မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းေတြက ေခၚယူႏိုင္ဖို႔ အလားအလာေကာင္းေနတဲ့ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ဘိုင္ျမဴးနစ္အသင္း အေနနဲ႔ လာမယ့္ဇန္နဝါရီမွာ ေရာင္းခ်သြားမွာ မဟုတ္တဲ့အျပင္ အသင္းမွာ ဆက္ထားၿပီး ေႏြရာသီမတိုင္ခင္ စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ ထပ္မံႀကိဳးစားဖြယ္ရွိ။

– ေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာကို ေဝဖန္ခဲ့တဲ့ စကိုင္းစပို႔စ္တင္ဆက္သူ ႐ြိဳင္းကီးန္ရဲ႕ ေလ့လာမႈနဲ႔ သုံးသပ္မႈေတြ ေကာင္းမြန္ေပမယ့္ ငတုံးလို႔ ေျပာခဲ့တာက ပုဂၢိဳလ္ေရးဆန္တဲ့ တိုက္ခိုက္မႈသာျဖစ္ေၾကာင္း မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းအျဖစ္ကို ေထာက္ျပၿပီး အဂၤလန္နည္းျပ ေဆာက္သ္ဂိတ္ ေဝဖန္သြားခဲ့။

– ၿပီးခဲ့တဲ့ ဝုလ္ဗ္စ္နဲ႔ပြဲမွာ ထိခိုက္ဒဏ္ရာရခဲ့ၿပီး လီဗာပူးလ္နဲ႔ပြဲမွာမွ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ေဂ်ဆူးစ္က သူ႔ရဲ႕ အျဖစ္အပ်က္က ထင္တာထက္ ပိုဆိုးခဲ့ၿပီး ေသြးေအးသြားတဲ့အခ်ိန္မွာ လမ္းေတာင္ေသခ်ာမေလွ်ာက္ႏိုင္ခဲ့ဘူးလို႔ ဘရာဇီးလ္လက္ေ႐ြးစင္ အသင္းရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကား။

– ဝက္စ္ဟမ္းနဲ႔ပြဲမွာ ေပါင္ေနာက္ေၾကာဒဏ္ရာနဲ႔ ရင္ဆိုင္ထားခဲ့ရတဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ လာမယ့္တစ္ပတ္အတြင္းမွာ အသင္းေဖာ္ေတြနဲ႔ ျပန္လည္ပူးေပါင္းေလ့က်င့္ႏိုင္ေတာ့မွာျဖစ္ၿပီး အေျခအေနတိုးတက္ေကာင္းမြန္ေနတယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.