Premier League

၁၃.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လျပည့္ေက်ာ္ ၁၃ ရက္၊ ေသာၾကာေန႔။

၁၃.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လျပည့္ေက်ာ္ ၁၃ ရက္၊ ေသာၾကာေန႔၊ သမားညဳိ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၈:၅၈ အထိ တိထီ ၁၃ လုံး။ ေက်ာ္လွ်င္ ၁၄ လုံး။ ၁၄ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရ ရွင္သန္ေအာင္ျမင္ေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ညသန္းေခါင္ေက်ာ္ ၁၂:၀၄ အထိ စိၾတနကၡတ္။ ေက်ာ္လွ်င္ သြာတိနကၡတ္။ မြန္းလြဲ ၁၂:၄၂ အထိ ပီတိယုဂ္၊ ႏွစ္သက္ျခင္း၊ ဆြဲေဆာင္မႈရွိျခင္း၊ ေပ်ာ္႐ႊင္ျခင္း၊ ေပါ့ေပါ့ပါးပါးအလုပ္မ်ား၊ အပန္းေျဖျခင္းမ်ားစသည္တို႔ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ အယုသၼာန္ယုဂ္၊ အသက္ရွည္ျခင္း၊ က်န္းမာျခင္း၊ က်န္းမာေရးႏွင့္ ပတ္သက္သည့္ ကိစၥမ်ား၊ ေဆးဝါးမွီဝဲျခင္း၊ ေဆး႐ုံေဆးခန္း တက္ေရာက္၍ ခြဲစိတ္ျခင္း၊ ကုသမႈ ခံယူျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၈:၄၆ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ညေန ၁၈:၅၈ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ နံနက္ ၅:၀၈ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္မိမိ ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။ ေက်ာ္လွ်င္ သကုဏိက႐ိုဏ္း၊ အ႐ိုအေသေပးျခင္း၊ အႀကံေပးျခင္း၊ စိတ္တန္ခိုးရွိျခင္း၊ ကုစားႏိုင္ျခင္း၊ အတိုင္ပင္ခံ အႀကံေပးႏုိင္သည့္အခါ ျဖစ္ၿပီး မိမိ၏ ဉာဏ္ပညာအတို္င္း ေစတနာထား၍ အကူအညီေပးပါ။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ညေန ၁၈:၅၈ အထိ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မုိးျပာေရာင္။ ေက်ာ္လွ်င္ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၃.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ သောကြာနေ့၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၈:၅၈ အထိ တိထီ ၁၃ လုံး။ ကျော်လျှင် ၁၄ လုံး။ ၁၄ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် ညသန်းခေါင်ကျော် ၁၂:၀၄ အထိ စိတြနက္ခတ်။ ကျော်လျှင် သွာတိနက္ခတ်။ မွန်းလွဲ ၁၂:၄၂ အထိ ပီတိယုဂ်၊ နှစ်သက်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ ပျော်ရွှင်ခြင်း၊ ပေါ့ပေါ့ပါးပါးအလုပ်များ၊ အပန်းဖြေခြင်းများစသည်တို့ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် အယုသ္မာန်ယုဂ်၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ ဆေးဝါးမှီဝဲခြင်း၊ ဆေးရုံဆေးခန်း တက်ရောက်၍ ခွဲစိတ်ခြင်း၊ ကုသမှု ခံယူခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၈:၄၆ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ညနေ ၁၈:၅၈ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ နံနက် ၅:၀၈ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်မိမိ ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ကျော်လျှင် သကုဏိကရိုဏ်း၊ အရိုအသေပေးခြင်း၊ အကြံပေးခြင်း၊ စိတ်တန်ခိုးရှိခြင်း၊ ကုစားနိုင်ခြင်း၊ အတိုင်ပင်ခံ အကြံပေးနိုင်သည့်အခါ ဖြစ်ပြီး မိမိ၏ ဉာဏ်ပညာအတိုင်း စေတနာထား၍ အကူအညီပေးပါ။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ညနေ ၁၈:၅၈ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)