Premier League

ယူႏုိက္တက္မွာ ေစ်းဦးေပါက္ ဂိုးရသြားတဲ့ ဖာနန္ဒက္စ္ကို ဆိုးလ္ရွား ခ်ီးက်ဴး

၀က္ဖို႔ဒ္ကို မန္ခ်က္စတာယူႏုိက္တက္က အိမ္ကြင္းမွာ (၃)ဂိုးျပတ္နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ပင္နယ္တီကေန တစ္ဂိုးသြင္းခဲ့သလို ဂိုးဖန္တီးမႈေတြလည္း လုပ္ေပးသြားႏိုင္ခဲ့တဲ့ ကြင္းလယ္လူသစ္ ဘရူႏို ဖာနန္ဒက္စ္ကို မန္ခ်က္စတာယူႏုိက္တက္နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားက ခ်ီးက်ဴးသြားပါတယ္။

ဘရူႏိုဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့တစ္ပတ္က ခ်ဲလ္ဆီးကို(၂)ဂိုးျပတ္ႏိုင္ခဲ့တဲ့ ပြဲတုန္းကလည္း ေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယား ေခါင္းတိုက္သြင္းႏိုင္ေအာင္ ဒုတိယဂိုးကို ေထာင့္ကန္ေဘာတဆင့္ ဖန္တီးေပးႏုိင္ခဲ့တာပါ။ အခု နည္းျပ အိုေလဂန္နာဆိုးလ္ရွားကေတာ့ သူ႔လို ကစားသမားတစ္ေယာက္ကို ေခၚႏိုင္ခဲ့တာက အသင္းအတြက္ အေကာင္းဆံုး အားျဖည့္မႈတစ္ရပ္လို႔လည္း ယံုၾကည္ထားပါတယ္။

၀က္ဖို႔ဒ္ကို (၃)ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့အၿပီးမွာ အိုေလဂန္နာဆိုးလ္ရွားက “ဖာနန္ဒက္စ္ဟာ ထင္ထားတာထက္ ပိုျမန္သူတစ္ေယာက္ပါ။ သူ႔ကို ၾကည့္လိုက္ရင္ အဲ့ဒီေလာက္ျမန္မယ္လို႔ မထင္ရပါဘူး။ ဘရူႏိုကို ရလိုက္တာက တကယ့္ကို စိတ္လႈပ္ရွားစရာပါပဲ။ သူေရာက္လာတာက အသင္းသားတိုင္းကို စိတ္အားတက္ၾကြေစပါတယ္။ အခုဆိုရင္ အသင္းအတြက္ ပြဲႀကီးပြဲေကာင္းေတြကို အႏုိင္ရခဲ့တာပါ”လို႔ ဖာနန္ဒက္စ္ရဲ႕ လာဘ္ေကာင္းပုံကို ခ်ီးက်ဴးခဲ့ပါတယ္။

“ဒီေန႔အခ်ိန္ေစ်းကြက္ထဲ ကၽြန္ေတာ္တို႔ဟာ အေကာင္းဆံုးေခၚယူမႈတစ္ရပ္ကို လုပ္ႏိုင္ခဲ့ပါတယ္။ ကစားသမားတခ်ိဳ႕က အသင္းနဲ႔အတူ အံ၀င္ဖို႔ အခ်ိန္ယူရေပမယ့္ သူကေတာ့ အသင္းသစ္မွာ စကစားခ်င္းကို ယံုၾကည္မႈတန္းရသြားတာပါပဲ။ သူဟာ ပြဲအတြင္းမွာ တစ္ခ်ိန္လံုး ေဘာလံုးလက္ခံထားခ်င္သူျဖစ္ၿပီး ေဘာလံုးနဲ႔အတူ အသင္းကစားကြက္ကိုလည္း သူကပဲ စတင္တည္ေဆာက္ခ်င္ပါတယ္။ သူ႔အတြက္္ေတာ့ ကၽြန္ေတာ္အရမ္းေက်နပ္ပါတယ္။ ယူႏိုက္တက္ကစားသမားတစ္ေယာက္ရဲ႕ စရိုက္လကၡဏာအျပည့္ရွိတာကို သူ ထုတ္ျပလိုက္ပါတယ္” လို႔ ဆိုးလ္ရွားက ခ်ီးက်ဴးသြားပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၀က္ဖို႔ဒ္ကို အႏိုင္ရရွိလိုက္တာေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ စပါးကိုေက်ာ္ၿပီး အဆင့္(၅)ေနရာအထိ တက္ေရာက္လာႏုိင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ေမွ်ာ္လင့္ႏုိင္တဲ့ အေနအထားမ်ဳိးကိုလည္း ေရာက္ရွိလာခဲ့ၿပီး ဆုိးလ္ရွားအဖို႔ေတာ့ ေက်နပ္စရာလည္း ျဖစ္ခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ၀က်ဖို့ဒ်ကို မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ (၃)ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ပင်နယ်တီကနေ တစ်ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှုတွေလည်း လုပ်ပေးသွားနိုင်ခဲ့တဲ့ ကွင်းလယ်လူသစ် ဘရူနို ဖာနန်ဒက်စ်ကို မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ချီးကျူးသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ချဲလ်ဆီးကို(၂)ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲတုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယား ခေါင်းတိုက်သွင်းနိုင်အောင် ဒုတိယဂိုးကို ထောင့်ကန်ဘောတဆင့် ဖန်တီးပေးနိုင်ခဲ့တာပါ။ အခု နည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ သူ့လို ကစားသမားတစ်ယောက်ကို ခေါ်နိုင်ခဲ့တာက အသင်းအတွက် အကောင်းဆုံး အားဖြည့်မှုတစ်ရပ်လို့လည်း ယုံကြည်ထားပါတယ်။

ဝက်ဖို့ဒ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့အပြီးမှာ အိုလေဂန်နာဆိုးလ်ရှားက “ဖာနန်ဒက်စ်ဟာ ထင်ထားတာထက် ပိုမြန်သူတစ်ယောက်ပါ။ သူ့ကို ကြည့်လိုက်ရင် အဲ့ဒီလောက်မြန်မယ်လို့ မထင်ရပါဘူး။ ဘရူနိုကို ရလိုက်တာက တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ သူရောက်လာတာက အသင်းသားတိုင်းကို စိတ်အားတက်ကြွစေပါတယ်။ အခုဆိုရင် အသင်းအတွက် ပွဲကြီးပွဲကောင်းတွေကို အနိုင်ရခဲ့တာပါ”လို့ ဖာနန်ဒက်စ်ရဲ့ လာဘ်ကောင်းပုံကို ချီးကျူးခဲ့ပါတယ်။

“ဒီနေ့အချိန်ဈေးကွက်ထဲ ကျွန်တော်တို့ဟာ အကောင်းဆုံးခေါ်ယူမှုတစ်ရပ်ကို လုပ်နိုင်ခဲ့ပါတယ်။ ကစားသမားတချို့က အသင်းနဲ့အတူ အံဝင်ဖို့ အချိန်ယူရပေမယ့် သူကတော့ အသင်းသစ်မှာ စကစားချင်းကို ယုံကြည်မှုတန်းရသွားတာပါပဲ။ သူဟာ ပွဲအတွင်းမှာ တစ်ချိန်လုံး ဘောလုံးလက်ခံထားချင်သူဖြစ်ပြီး ဘောလုံးနဲ့အတူ အသင်းကစားကွက်ကိုလည်း သူကပဲ စတင်တည်ဆောက်ချင်ပါတယ်။ သူ့အတွက်တော့ ကျွန်တော်အရမ်းကျေနပ်ပါတယ်။ ယူနိုက်တက်ကစားသမားတစ်ယောက်ရဲ့ စရိုက်လက္ခဏာအပြည့်ရှိတာကို သူ ထုတ်ပြလိုက်ပါတယ်” လို့ ဆိုးလ်ရှားက ချီးကျူးသွားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝက်ဖို့ဒ်ကို အနိုင်ရရှိလိုက်တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ စပါးကိုကျော်ပြီး အဆင့်(၅)နေရာအထိ တက်ရောက်လာနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်နိုင်တဲ့ အနေအထားမျိုးကိုလည်း ရောက်ရှိလာခဲ့ပြီး ဆိုးလ်ရှားအဖို့တော့ ကျေနပ်စရာလည်း ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.