Premier League

တရာသီလုံးလက်လွှတ်ရတော့မယ့် ဂိုးမက်ဇ်နေရာ အစားထိုးဖို့ ‘မာရှေရာနိုစတိုင်လ်’ ကစားသမားမျိုး ရွေးချယ်မယ်လို့ ပဟေဠိဝှက်လိုက်တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းဟာ မနေ့က အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အားထားရတဲ့ ဗဟိုခံစစ်မှူး ဂျိုးဂိုးမက်ဇ် ဒဏ်ရာရှိသွားပြန်လို့ ထိုးနှက်ချက်တခု ထပ်ဆင့်လာခဲ့ပြီး ဗဟိုခံစစ်လူနေရာ အစားထိုးဖို့ ‘မာရှေရာနိုစတိုင်လ်’ ကစားသမားမျိုး ရွေးချယ်သွားမယ်လို့ နည်းပြ ကလော့ပ်က အရိပ်အမြွက် ပြောသွားခဲ့ကြောင်း သိရပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဂါရက်သ် ဆောက်ဂိတ်က သတင်းစာရှင်းလင်းပွဲမှာ ဂိုးမက်ဇ်ရဲ့ အခြေအနေကို ရှင်းပြသွားခဲ့ပြီး အသင်းဖော်တွေနဲ့ ထိခိုက်မိခဲ့ခြင်းမဟုတ်ဘဲ ကိုယ်တိုင်လေ့ကျင့်နေရင်း ဒဏ်ရာဖြစ်ပေါ်ခဲ့ခြင်းလို့ သိခဲ့ရသလို ဒဏ်ရာကို စစ်ဆေးနေဆဲလို့ ဆိုပါတယ်။

ဒဏ်ရာမရခင် အင်္ဂလန်အသင်း လေ့ကျင့်ရေး အစီအစဉ်တွင် တွေ့ရသော ဂိုမက်ဇ်

သိရှိရတဲ့ သတင်းတွေအရ သူဟာ ဒဏ်ရာရရှိချိန်မှာ မြက်ခင်းပေါ်လဲကျသွားခဲ့ကာ အလူးအလိမ့် နာကျင်နေခဲ့ပြီး နောက်ဆုံးသတင်းအရ ပြင်းထန်တဲ့ ဒူးဒဏ်ရာဖြစ်ဖွယ်ရှိကြောင်း သိရှိရပါတယ်။ အရင် ဒဏ်ရာအဟောင်းကို ဒုတိယအကြိမ် ထိခိုက်မိခဲ့ခြင်းဖြစ်တယ်လို့ သတင်းကဆိုပြီး လီဗာပူးလ်အသင်းဟာ ဂိုးမက်ဇ်ကို ရာသီကုန်အထိ လက်လွှတ်သွားရဖွယ် ရှိနေတာပါ။

နည်းပြ ကလော့ပ်အနေနဲ့ ဘာစီလိုနာမှာ ဗဟိုခံစစ်နေရာကစားပြီး အစွမ်းပြခဲ့ဖူးတဲ့ အာဂျင်တိုင်းသား လီဗာပူးလ်ကွင်းလယ် ကစားသမားဟောင်း မာရှေရာနိုကို မျက်စိကျခဲ့ဖူးပြီး လီဗာပူးလ်အသင်းဟာ ဂိုးမက်ဇ်နေရာအစားထိုးဖို့ဆိုရင် ‘မာရှေရာနိုစတိုင်လ်’ ကစားနိုင်မယ့် ကစားသမားမျိုးကို ရွေးချယ်သွားမယ်လို့ ပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် နည်းပြကလော့ပ်အတွက် ကလပ်အသင်းပြိုင်ပွဲအမီ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ရှိနေတဲ့ ဖာဘင်ညိုနဲ့အတူ ရီးစ်ဝီလီယမ်းစ်၊ နက်ဖီးလစ်တို့ကိုလည်း ဗဟိုခံစစ်မှူး အဖြစ် ရွေးချယ်စရာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

” အသင်းမှာ ခံစစ်အတွက် မာရှေရာနိုလို ကစားနိုင်တဲ့သူတွေ ရှိပါတယ်။ ဟန်ဒါဆန်၊ ဝိုင်နယ်ဒမ်၊ ဂျိမ်းစ်မီလ်နာ ၊ ရော်ဘတ်ဆန်တို့ပေါ့လေ။ မာရှေရာနိုဟာ သူ့ရဲ့ အရပ်အမောင်းနဲ့တောင် ဘာစီလိုနာခံစစ်မှာ တော်တော်ကောင်းအောင် ကစားနိုင်ခဲ့တာဖြစ်ပြီး သူတို့တွေကတော့ ဒီထက် အကောင်ကြီးတယ်ဆိုတော့ အလုပ်ဖြစ်အောင် ကစားနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ”

” ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာတော့ ခန့်မှန်းကြည့်ကြပေါ့ဗျာ။ ပြီးရင် ရုပ်သံကနေ စောင့်ကြည့်နေကြပါ။ အခြေအနေပေးတဲ့အခါ ကွင်းထဲမှာလည်း လာကြည့်နိုင်ပါတယ်။ ” လို့ နည်းပြကလော့ပ်က သူ့ရဲ့ ဗဟိုခံစစ်မှူးရွေးချယ်မှု အစီအမံကို ပဟေဠိဝှက်သွားခဲ့ပြီး နည်းဗျူဟာအရ ဘယ်ကစားသမားတွေကို ဘယ်နေရာပြောင်းကစားခိုင်းမလဲဆိုတာလည်း စိတ်ဝင်စားစရာပါ။

ဂျိုးဂိုမက်ဇ်ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာအခြေအနေက လာမယ့် ယူရိုပြိုင်ပွဲအထိ လွဲချော်သွားစေနိုင်ကြောင်း နောက်ဆုံး သတင်းတွေအရ သိရပြီး ဗန်ဒိုက်နည်းတူ ဂိုးမက်ဇ်ကိုပါ တရာသီလုံး လက်လွှတ်သွားရမယ့် အနေအထားကြောင့် ဇန်နဝါရီမတိုင်မီ ၁၁ ပွဲကစားရဖို့ရှိတဲ့ လီဗာပူးလ်အသင်း အခက်တွေ့နေရပြီ ဖြစ်တာကြောင့် ဗဟိုခံစစ်မှူးတဦး ခေါ်ယူဖို့ အမြန်ဆုံးလှုပ်ရှားသွားနိုင်ခြေလည်း ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္အသင္းဟာ မေန႔က အဂၤလန္အသင္းနဲ႔ ေလ့က်င့္ေရးအစီအစဥ္မွာ အားထားရတဲ့ ဗဟိုခံစစ္မႉး ဂ်ိဳးဂိုးမက္ဇ္ ဒဏ္ရာရွိသြားျပန္လို႔ ထိုးႏွက္ခ်က္တခု ထပ္ဆင့္လာခဲ့ၿပီး ဗဟိုခံစစ္လူေနရာ အစားထိုးဖို႔ ‘မာေရွရာႏိုစတိုင္လ္’ ကစားသမားမ်ိဳး ေ႐ြးခ်ယ္သြားမယ္လို႔ နည္းျပ ကေလာ့ပ္က အရိပ္အႁမြက္ ေျပာသြားခဲ့ေၾကာင္း သိရပါတယ္။

အဂၤလန္အသင္းနည္းျပ ဂါရက္သ္ ေဆာက္ဂိတ္က သတင္းစာရွင္းလင္းပြဲမွာ ဂိုးမက္ဇ္ရဲ႕ အေျခအေနကို ရွင္းျပသြားခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔ ထိခိုက္မိခဲ့ျခင္းမဟုတ္ဘဲ ကိုယ္တိုင္ေလ့က်င့္ေနရင္း ဒဏ္ရာျဖစ္ေပၚခဲ့ျခင္းလို႔ သိခဲ့ရသလို ဒဏ္ရာကို စစ္ေဆးေနဆဲလို႔ ဆိုပါတယ္။

ဒဏ္ရာမရခင္ အဂၤလန္အသင္း ေလ့က်င့္ေရး အစီအစဥ္တြင္ ေတြ႕ရေသာ ဂိုမက္ဇ္

သိရွိရတဲ့ သတင္းေတြအရ သူဟာ ဒဏ္ရာရရွိခ်ိန္မွာ ျမက္ခင္းေပၚလဲက်သြားခဲ့ကာ အလူးအလိမ့္ နာက်င္ေနခဲ့ၿပီး ေနာက္ဆုံးသတင္းအရ ျပင္းထန္တဲ့ ဒူးဒဏ္ရာျဖစ္ဖြယ္ရွိေၾကာင္း သိရွိရပါတယ္။ အရင္ ဒဏ္ရာအေဟာင္းကို ဒုတိယအႀကိမ္ ထိခိုက္မိခဲ့ျခင္းျဖစ္တယ္လို႔ သတင္းကဆိုၿပီး လီဗာပူးလ္အသင္းဟာ ဂိုးမက္ဇ္ကို ရာသီကုန္အထိ လက္လႊတ္သြားရဖြယ္ ရွိေနတာပါ။

နည္းျပ ကေလာ့ပ္အေနနဲ႔ ဘာစီလိုနာမွာ ဗဟိုခံစစ္ေနရာကစားၿပီး အစြမ္းျပခဲ့ဖူးတဲ့ အာဂ်င္တိုင္းသား လီဗာပူးလ္ကြင္းလယ္ ကစားသမားေဟာင္း မာေရွရာႏိုကို မ်က္စိက်ခဲ့ဖူးၿပီး လီဗာပူးလ္အသင္းဟာ ဂိုးမက္ဇ္ေနရာအစားထိုးဖို႔ဆိုရင္ ‘မာေရွရာႏိုစတိုင္လ္’ ကစားႏိုင္မယ့္ ကစားသမားမ်ိဳးကို ေ႐ြးခ်ယ္သြားမယ္လို႔ ေျပာျပသြားခဲ့ပါတယ္။

ဒါ့အျပင္ နည္းျပကေလာ့ပ္အတြက္ ကလပ္အသင္းၿပိဳင္ပြဲအမီ ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ ရွိေနတဲ့ ဖာဘင္ညိဳနဲ႔အတူ ရီးစ္ဝီလီယမ္းစ္၊ နက္ဖီးလစ္တို႔ကိုလည္း ဗဟိုခံစစ္မႉး အျဖစ္ ေ႐ြးခ်ယ္စရာေတြ ရွိေနတာလည္း ျဖစ္ပါတယ္။

” အသင္းမွာ ခံစစ္အတြက္ မာေရွရာႏိုလို ကစားႏိုင္တဲ့သူေတြ ရွိပါတယ္။ ဟန္ဒါဆန္၊ ဝိုင္နယ္ဒမ္၊ ဂ်ိမ္းစ္မီလ္နာ ၊ ေရာ္ဘတ္ဆန္တို႔ေပါ့ေလ။ မာေရွရာႏိုဟာ သူ႔ရဲ႕ အရပ္အေမာင္းနဲ႔ေတာင္ ဘာစီလိုနာခံစစ္မွာ ေတာ္ေတာ္ေကာင္းေအာင္ ကစားႏိုင္ခဲ့တာျဖစ္ၿပီး သူတို႔ေတြကေတာ့ ဒီထက္ အေကာင္ႀကီးတယ္ဆိုေတာ့ အလုပ္ျဖစ္ေအာင္ ကစားႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ”

” ဘယ္သူ႔ကို ေ႐ြးခ်ယ္သြားမလဲဆိုတာေတာ့ ခန႔္မွန္းၾကည့္ၾကေပါ့ဗ်ာ။ ၿပီးရင္ ႐ုပ္သံကေန ေစာင့္ၾကည့္ေနၾကပါ။ အေျခအေနေပးတဲ့အခါ ကြင္းထဲမွာလည္း လာၾကည့္ႏိုင္ပါတယ္။ ” လို႔ နည္းျပကေလာ့ပ္က သူ႔ရဲ႕ ဗဟိုခံစစ္မႉးေ႐ြးခ်ယ္မႈ အစီအမံကို ပေဟဠိဝွက္သြားခဲ့ၿပီး နည္းဗ်ဴဟာအရ ဘယ္ကစားသမားေတြကို ဘယ္ေနရာေျပာင္းကစားခိုင္းမလဲဆိုတာလည္း စိတ္ဝင္စားစရာပါ။

ဂ်ိဳးဂိုမက္ဇ္ရဲ႕ ျပင္းထန္တဲ့ ဒဏ္ရာအေျခအေနက လာမယ့္ ယူ႐ိုၿပိဳင္ပြဲအထိ လြဲေခ်ာ္သြားေစႏိုင္ေၾကာင္း ေနာက္ဆုံး သတင္းေတြအရ သိရၿပီး ဗန္ဒိုက္နည္းတူ ဂိုးမက္ဇ္ကိုပါ တရာသီလုံး လက္လႊတ္သြားရမယ့္ အေနအထားေၾကာင့္ ဇန္နဝါရီမတိုင္မီ ၁၁ ပြဲကစားရဖို႔ရွိတဲ့ လီဗာပူးလ္အသင္း အခက္ေတြ႕ေနရၿပီ ျဖစ္တာေၾကာင့္ ဗဟိုခံစစ္မႉးတဦး ေခၚယူဖို႔ အျမန္ဆုံးလႈပ္ရွားသြားႏိုင္ေျခလည္း ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.