Premier League

အဲလက်စ် တဲလက်စ်ပါဝင်လာမယ့် ဆိုးရှားလ်ရဲ့ စိတ်ဝင်စားစရာ နည်းဗျူဟာအပြောင်းအလဲ

ပြီးခဲ့တဲ့ရာသီက ပေါ်တိုအသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်ထားခဲ့တဲ့ ဘယ်နောက်ခံအစွန်လူ အဲလက်စ် တဲလက်စ်ရဲ့ မှတ်တမ်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားအတွက် အထင်ကြီးစရာ ဖြစ်စေခဲ့ပြီး ဘယ်နောက်ခံအစွန်နေရာအတွက် ယူနိုက်တက်ပရိသတ်တွေ အထူးတလည် စောင့်ဆိုင်းနေတဲ့ အရည်အသွေးမျိုးလို့ မှတ်ချက်ချရမှာပါ။

ပရိုအဆင့်မှာ စွမ်းဆောင်ရည်ပိုင်း သက်သေပြခဲ့ပြီးတဲ့ တဲလက်စ်ကို ယူနိုက်တက်အသင်းထံ ခေါ်ယူပြီးပြီးချင်း လုခ်ရှောနေရာမှာ ချက်ချင်းအစားထိုး အသုံးပြုခဲ့ခြင်းမရှိတဲ့ နည်းပြ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက် တွေဝေမှုက ပရိသတ်တွေအတွက် စိတ်ကျဥ်းကျပ်စရာ ဖြစ်စေခဲ့ပေမယ့် အခုတော့ ဒါတွေလွန်မြောက်လို့ တဲလက််စ်အတွက် အချိန်အခါကောင်းကွက်တိ ရောက်ရှိလာခဲ့ပါပြီ။

ယူနိုက်တက်ရဲ့ ဘယ်နောက်ခံနေရာမှ ပင်တိုင်တာဝန်ယူကစားထားရတဲ့ လုခ်ရှောဟာ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့ပြီး တလလောက် အနားယူရတော့ဖြစ်သလို ဒဏ်ရာအကင်း​သေးသွားရင်တောင် ခြေမှန်ပြန်ရဖို့ အချိန်ယူလုံးပန်းရဦးမှာပါ။

တဲလက်စ်ရဲ့ စွမ်းဆောင်ရည်ကို ပီအက်စ်ဂျီနဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့နောက် အမြန်ဆုံးပွဲထွက်ကစားခွင့်ပေးဖို့ ပရိသတ်တွေက တောင်းဆိုနေတဲ့ အာသီသဟာ လုခ်ရှောနေရာ တဲလက်စ်ပါဝင်လာမယ့် ဆိုးရှားလ်ရဲ့ စိတ်ဝင်စားဖွယ်ရာ နည်းဗျူဟာအပြောင်းအလဲနဲ့အတူ ယူနိုက်တက်ရဲ့ အခင်းအကျင်းမှာ ပြည့်စုံသွားဖွယ် ရှိနေပါတယ်။

တဲလက်စ်ရဲ့ အကောင်းဆုံးပုံစံကို ပြသခဲ့တဲ့ ပီအက်စ်ဂျီနဲ့ပွဲက ၃-၅-၂ ကစားကွက်ကို ဆိုးလ်ရှားအနေနဲ့ အမြဲအသုံးပြုနိုင်မှာမဟုတ်ပေမယ့် ခံစစ်လေးယောက်တန်း အထိုင်ချကစားမယ့် ၄-၃-၃ နဲ့ စိန်ပွင့်ကစားကွက်တွေမှာတော့ သူ့ရဲ့ အားသာချက်ဖြစ်တဲ့ တိုက်စစ်ပိုင်းကို တိုးအားကောင်းကောင်းနဲ့ ဝင်ရောက်စီးနင်းမှု၊ Overlapping တွေနဲ့အတူ လုခ်ရှောဆီက မရခဲ့တဲ့ တိကျသပ်ရပ်ပြီး ပြိုင်ဘက်ခံစစ်အမြင်အရ ရှင်းထုတ်ရခက်ခဲတဲ့ အရည်အသွေးမြင့် ဖြတ်တင်ဘောတွေအပြင် အတက်အဆင်းမှန်မှန်နဲ့ ဘယ်ခြမ်းတလျှောက် တိုက်စစ်-ခံစစ် ဟန်ချက်ညီမှုကို ဆိုးလ်ရှားအနေနဲ့ အကောင်းဆုံး အသုံးချသွားနိုင်မှာဖြစ်ပါတယ်။

“တဲလက်စ်က တကယ့်ဖိုက်တာပါ။ နိုင်လိုစိတ်ပြင်းပြ တယ်။ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဖြတ်လုပ်ဆောင်မှုခွန်အားတွေက အသင်းကို အကူအညီပေးသွားမှာပါ။ သူ့ရဲ့ပင်ကိုယ်အရည်အချင်းတွေကို သဘောတွေ့တယ်။ အသင်းလူစာရင်းမှာလည်း နေရာလုတိုက်ပွဲအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာစေလိမ့်မယ်။ သူ့မှာ ကစားသမားတယောက်အနေနဲ့ရော လူပုဂ္ဂိုလ်တယောက်အနေနဲ့ပါ အရည်အသွေးတွေနဲ့ ပြည့်ဝနေပါတယ်။ ဒါဟာ ကျွန်တော်တို့ ယူနိုက်တက်က လိုချင်တဲ့ အရာပါ။ ” လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ဒီဆိုးလ်ရှားရဲ့ ပြောစကားတွေက တဲလက်စ် အပေါ် မျှော်လင့်နေတဲ့ ရင်ခုန်စရာ နည်းဗျူဟာ နဲ့ ကစားဟန် အချိုးအကွေ့တခုကို ဖော်ဆောင်လာမယ့် အခြေအနေလို့ ကြိုတင် တွက်ဆထားလို့ ရနိုင်မှာဖြစ်ပြီး လက်ရှိမှာ ကိုဗစ်ရောဂါကူးစက်မှုကနေ ရာနှုန်းပြည့်နီးပါး သက်သာလာခဲ့တဲ့ တဲလက်စ်တယောက် နိုင်ငံတကာပွဲစဉ်တွေအတွက် ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းမှုမှာ အထိအခိုက် ဒဏ်ရာအနာတရ တစုံတရာ ဖြစ်မလာစေဖို့သာ ဦးစားပေးဆုတောင်းထားရမှာ ဖြစ်ပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI

ၿပီးခဲ့တဲ့ရာသီက ေပၚတိုအသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၃ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၁၂ ႀကိမ္အထိ ျပဳလုပ္ထားခဲ့တဲ့ ဘယ္ေနာက္ခံအစြန္လူ အဲလက္စ္ တဲလက္စ္ရဲ႕ မွတ္တမ္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားအတြက္ အထင္ႀကီးစရာ ျဖစ္ေစခဲ့ၿပီး ဘယ္ေနာက္ခံအစြန္ေနရာအတြက္ ယူႏိုက္တက္ပရိသတ္ေတြ အထူးတလည္ ေစာင့္ဆိုင္းေနတဲ့ အရည္အေသြးမ်ိဳးလို႔ မွတ္ခ်က္ခ်ရမွာပါ။

ပ႐ိုအဆင့္မွာ စြမ္းေဆာင္ရည္ပိုင္း သက္ေသျပခဲ့ၿပီးတဲ့ တဲလက္စ္ကို ယူႏိုက္တက္အသင္းထံ ေခၚယူၿပီးၿပီးခ်င္း လုခ္ေရွာေနရာမွာ ခ်က္ခ်င္းအစားထိုး အသုံးျပဳခဲ့ျခင္းမရွိတဲ့ နည္းျပ ဆိုးလ္ရွားရဲ႕ ဆုံးျဖတ္ခ်က္ ေတြေဝမႈက ပရိသတ္ေတြအတြက္ စိတ္က်ဥ္းက်ပ္စရာ ျဖစ္ေစခဲ့ေပမယ့္ အခုေတာ့ ဒါေတြလြန္ေျမာက္လို႔ တဲလက္္စ္အတြက္ အခ်ိန္အခါေကာင္းကြက္တိ ေရာက္ရွိလာခဲ့ပါၿပီ။

ယူႏိုက္တက္ရဲ႕ ဘယ္ေနာက္ခံေနရာမွ ပင္တိုင္တာဝန္ယူကစားထားရတဲ့ လုခ္ေရွာဟာ ၿပီးခဲ့တဲ့ အဲဗာတန္နဲ႔ပြဲမွာ ဒဏ္ရာရရွိသြားခဲ့ၿပီး တလေလာက္ အနားယူရေတာ့ျဖစ္သလို ဒဏ္ရာအကင္း​ေသးသြားရင္ေတာင္ ေျခမွန္ျပန္ရဖို႔ အခ်ိန္ယူလုံးပန္းရဦးမွာပါ။

တဲလက္စ္ရဲ႕ စြမ္းေဆာင္ရည္ကို ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ေနာက္ အျမန္ဆုံးပြဲထြက္ကစားခြင့္ေပးဖို႔ ပရိသတ္ေတြက ေတာင္းဆိုေနတဲ့ အာသီသဟာ လုခ္ေရွာေနရာ တဲလက္စ္ပါဝင္လာမယ့္ ဆိုးရွားလ္ရဲ႕ စိတ္ဝင္စားဖြယ္ရာ နည္းဗ်ဴဟာအေျပာင္းအလဲနဲ႔အတူ ယူႏိုက္တက္ရဲ႕ အခင္းအက်င္းမွာ ျပည့္စုံသြားဖြယ္ ရွိေနပါတယ္။

တဲလက္စ္ရဲ႕ အေကာင္းဆုံးပုံစံကို ျပသခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႔ပြဲက ၃-၅-၂ ကစားကြက္ကို ဆိုးလ္ရွားအေနနဲ႔ အၿမဲအသုံးျပဳႏိုင္မွာမဟုတ္ေပမယ့္ ခံစစ္ေလးေယာက္တန္း အထိုင္ခ်ကစားမယ့္ ၄-၃-၃ နဲ႔ စိန္ပြင့္ကစားကြက္ေတြမွာေတာ့ သူ႔ရဲ႕ အားသာခ်က္ျဖစ္တဲ့ တိုက္စစ္ပိုင္းကို တိုးအားေကာင္းေကာင္းနဲ႔ ဝင္ေရာက္စီးနင္းမႈ၊ Overlapping ေတြနဲ႔အတူ လုခ္ေရွာဆီက မရခဲ့တဲ့ တိက်သပ္ရပ္ၿပီး ၿပိဳင္ဘက္ခံစစ္အျမင္အရ ရွင္းထုတ္ရခက္ခဲတဲ့ အရည္အေသြးျမင့္ ျဖတ္တင္ေဘာေတြအျပင္ အတက္အဆင္းမွန္မွန္နဲ႔ ဘယ္ျခမ္းတေလွ်ာက္ တိုက္စစ္-ခံစစ္ ဟန္ခ်က္ညီမႈကို ဆိုးလ္ရွားအေနနဲ႔ အေကာင္းဆုံး အသုံးခ်သြားႏိုင္မွာျဖစ္ပါတယ္။

“တဲလက္စ္က တကယ့္ဖိုက္တာပါ။ ႏိုင္လိုစိတ္ျပင္းျပ တယ္။ သူ႔ရဲ႕ စိတ္ဓာတ္ႀကံ့ခိုင္မႈနဲ႔ စိတ္ပိုင္းျဖတ္လုပ္ေဆာင္မႈခြန္အားေတြက အသင္းကို အကူအညီေပးသြားမွာပါ။ သူ႔ရဲ႕ပင္ကိုယ္အရည္အခ်င္းေတြကို သေဘာေတြ႕တယ္။ အသင္းလူစာရင္းမွာလည္း ေနရာလုတိုက္ပြဲအတြက္ ၿပိဳင္ဆိုင္မႈျပင္းထန္လာေစလိမ့္မယ္။ သူ႔မွာ ကစားသမားတေယာက္အေနနဲ႔ေရာ လူပုဂၢိဳလ္တေယာက္အေနနဲ႔ပါ အရည္အေသြးေတြနဲ႔ ျပည့္ဝေနပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ ယူႏိုက္တက္က လိုခ်င္တဲ့ အရာပါ။ ” လို႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ေျပာခဲ့ပါတယ္။

ဒီဆိုးလ္ရွားရဲ႕ ေျပာစကားေတြက တဲလက္စ္ အေပၚ ေမွ်ာ္လင့္ေနတဲ့ ရင္ခုန္စရာ နည္းဗ်ဴဟာ နဲ႔ ကစားဟန္ အခ်ိဳးအေကြ႕တခုကို ေဖာ္ေဆာင္လာမယ့္ အေျခအေနလို႔ ႀကိဳတင္ တြက္ဆထားလို႔ ရႏိုင္မွာျဖစ္ၿပီး လက္ရွိမွာ ကိုဗစ္ေရာဂါကူးစက္မႈကေန ရာႏႈန္းျပည့္နီးပါး သက္သာလာခဲ့တဲ့ တဲလက္စ္တေယာက္ ႏိုင္ငံတကာပြဲစဥ္ေတြအတြက္ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းမႈမွာ အထိအခိုက္ ဒဏ္ရာအနာတရ တစုံတရာ ျဖစ္မလာေစဖို႔သာ ဦးစားေပးဆုေတာင္းထားရမွာ ျဖစ္ပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z