Premier League Transfer News

12 Nov – ယနေ့ နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ

– ပြင်သစ်နည်းပြ ဒီဒီယေး ဒေးရွှမ့်စ်ဆီက ပေါ့ဘာ မပျော်ဘူးလို့ အသံထွက်လာတာကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ငြိုငြင်နေကြပြီး လိုတာထက်ပိုပြီး ချီးကျူးခံနေရသလို ခြေစွမ်းဒီလောက်မကောင်းတဲ့ ကစားသမားကို အမြန်ဆုံးရောင်းပစ်ဖို့ တိုက်တွန်းမှုတွေ ရှိလာ။

– မန်ချက်စတာယူနိုက်တက်အသင်းကနေ ၂၀၀၈ ခုနှစ်ကတည်းက ထွက်ခွာသွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ဂျူဗင်တပ်စ် အသင်းကနေ ရာသီကုန်မှာ ရောင်းထုတ်ခံရနိုင်ချိန်မှာ မာစီယယ်လ်၊ ကာဗာနီတို့ကို ယုံလို့ မရသေးတဲ့ အိုးလ်ထရက်ဖို့ဒ်ကို တစ်ကျော့ပြန်လာရောက်ဖို့ ခန့်မှန်းမှုတွေရှိနေ။

– အက်စ်ပန်ညို လူငယ်အသင်းကနေ အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူထားခဲ့တဲ့ တစ်မြို့တည်းသား ကစားသမား အာနိုး ပူဂျီမဲလ်ကို ဘာစီလိုနာအသင်းအနေနဲ့ လူငယ်အသင်းမှာ နေရာပေးပြီး စမ်းသပ်သုံးစွဲဖို့အတွက် မန်ချက်စတာယူနိုက်တက်ဆီက ပြန်လည်ခေါ်ယူသွားဖို့ ချဉ်းကပ်နေ။

– အသင်းကနေ ထွက်ခွာဖို့အတွက် တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား ဆာဂျီယို ရိုမဲရိုးအနေနဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဒီရာသီအတွက် ပထမဆုံးအကြိမ်အဖြစ် ထရိန်နင်ဆင်း။

mata james

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ မှာသာ ရပ်တည်ထားနိုင်ခဲ့ပေမယ့် လစာငွေသုံးစွဲမှု စာရင်းမှာတော့ ပေါင် ၁၅၉.၆၅ သန်း နှစ်စဉ်သုံးစွဲနေရပြီး ဒုတိယနေရာက ချဲလ်ဆီးထက် ပေါင်သန်း ၃၀ ကျော် ပိုသုံးထား။

– လက်ရှိအချိန်အထိ လူစားဝင်ကစားသမားအဖြစ်နဲ့ အရေးမကြီးတဲ့ ပွဲစဉ်အချို့မှာသာ ပွဲထွက်ခွင့်ရနေတဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်က သူ့အနေနဲ့ ယူနိုက်တက်အသင်းဆီကို ဘာတွေ ယူဆောင်ဖြည့်ဆည်းပေးနိုင်လဲဆိုတာ အားလုံးသိစေရမယ်လို့ ကြုံးဝါး။

– ဒေါ့မွန်အသင်းမှာ နွေရာသီအပြောင်းအရွှေ့အတွက် အာရုံများခဲ့ရပြီးတဲ့နောက် အရင်နှစ်ရာသီကလို မဟုတ်ဘဲ ခြေစွမ်းကျဆင်းနေခဲ့တဲ့ ဂျေဒန် ဆန်ချိုရဲ့ လက်ရှိပုံစံက ခေါ်ယူလိုတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ ထည့်သွင်းစဉ်းစားစရာဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ျပင္သစ္နည္းျပ ဒီဒီေယး ေဒး႐ႊမ့္စ္ဆီက ေပါ့ဘာ မေပ်ာ္ဘူးလို႔ အသံထြက္လာတာကို မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက ၿငိဳျငင္ေနၾကၿပီး လိုတာထက္ပိုၿပီး ခ်ီးက်ဴးခံေနရသလို ေျခစြမ္းဒီေလာက္မေကာင္းတဲ့ ကစားသမားကို အျမန္ဆုံးေရာင္းပစ္ဖို႔ တိုက္တြန္းမႈေတြ ရွိလာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ၂၀၀၈ ခုႏွစ္ကတည္းက ထြက္ခြာသြားခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကေန ရာသီကုန္မွာ ေရာင္းထုတ္ခံရႏိုင္ခ်ိန္မွာ မာစီယယ္လ္၊ ကာဗာနီတို႔ကို ယုံလို႔ မရေသးတဲ့ အိုးလ္ထရက္ဖို႔ဒ္ကို တစ္ေက်ာ့ျပန္လာေရာက္ဖို႔ ခန႔္မွန္းမႈေတြရွိေန။

– အက္စ္ပန္ညိဳ လူငယ္အသင္းကေန အိုးလ္ထရက္ဖို႔ဒ္ကို ေခၚယူထားခဲ့တဲ့ တစ္ၿမိဳ႕တည္းသား ကစားသမား အာႏိုး ပူဂ်ီမဲလ္ကို ဘာစီလိုနာအသင္းအေနနဲ႔ လူငယ္အသင္းမွာ ေနရာေပးၿပီး စမ္းသပ္သုံးစြဲဖို႔အတြက္ မန္ခ်က္စတာယူႏိုက္တက္ဆီက ျပန္လည္ေခၚယူသြားဖို႔ ခ်ဥ္းကပ္ေန။

– အသင္းကေန ထြက္ခြာဖို႔အတြက္ တာဝန္ရွိသူေတြနဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ေနခဲ့တဲ့ အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုးအေနနဲ႔ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ ဒီရာသီအတြက္ ပထမဆုံးအႀကိမ္အျဖစ္ ထရိန္နင္ဆင္း။

mata james

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၄ မွာသာ ရပ္တည္ထားႏိုင္ခဲ့ေပမယ့္ လစာေငြသုံးစြဲမႈ စာရင္းမွာေတာ့ ေပါင္ ၁၅၉.၆၅ သန္း ႏွစ္စဥ္သုံးစြဲေနရၿပီး ဒုတိယေနရာက ခ်ဲလ္ဆီးထက္ ေပါင္သန္း ၃၀ ေက်ာ္ ပိုသုံးထား။

– လက္ရွိအခ်ိန္အထိ လူစားဝင္ကစားသမားအျဖစ္နဲ႔ အေရးမႀကီးတဲ့ ပြဲစဥ္အခ်ိဳ႕မွာသာ ပြဲထြက္ခြင့္ရေနတဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္က သူ႔အေနနဲ႔ ယူႏိုက္တက္အသင္းဆီကို ဘာေတြ ယူေဆာင္ျဖည့္ဆည္းေပးႏိုင္လဲဆိုတာ အားလုံးသိေစရမယ္လို႔ ႀကဳံးဝါး။

– ေဒါ့မြန္အသင္းမွာ ေႏြရာသီအေျပာင္းအေ႐ႊ႕အတြက္ အာ႐ုံမ်ားခဲ့ရၿပီးတဲ့ေနာက္ အရင္ႏွစ္ရာသီကလို မဟုတ္ဘဲ ေျခစြမ္းက်ဆင္းေနခဲ့တဲ့ ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ လက္ရွိပုံစံက ေခၚယူလိုတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ေတာ့ ထည့္သြင္းစဥ္းစားစရာျဖစ္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.