Premier League

ဂွာဒီယိုလာ လက်အောက်မှာ ခြေစွမ်းပျက်စီးခဲ့ရတဲ့ ကမ္ဘာကျော်ဘောလုံးသမား ၇ ဦး

ဘန်ဂျမင် မန်ဒီ
၂၀၁၇ ခုနှစ်မှာ မိုနာကိုကနေ ပေါင် ၅၂ သန်းနဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးအနာဂတ်အစီအစဥ်ထဲ အရခေါ်ယူခြင်းခံခဲ့ရတဲ့ ပြင်သစ်သားဟာ လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ ၅၈ ပွဲသာ ကစားခွင့်ရထားသူပါ။ တခါတလေတော့ ဘောလုံးကဆန်းကြယ်ပြီး ကြေးကြီးပေးထားရတဲ့ ဘယ်နောက်ခံလူဟာ ဒဏ်ရာတွေနဲ့သာ လုံးပန်းခဲ့ပြီး ပထမလူစာရင်းထဲကို ပွဲမတိုးနိုင်ခဲ့ပါဘူး။

ဂျွန်စတုန်းစ်
အင်္ဂလန်ဘောလုံးလောကရဲ့ အနာဂတ် ကြီးကျယ်မှုတခု ဖြစ်လာမယ့်သူလို့ အားလုံးက အထင်ကြီးလေးစားခဲ့ကြတာက ဂျွန်စတုန်းစ်ပါ။ မန်စီးတီးကို ဂွာဒီယိုလာ ရောက်ရှိလာချိန်မှာတော့ သူ့ကို အဲဗာတန်အသင်းကနေ ပေါင် ၄၇.၅ သန်းအထိ သုံးပြီး ခေါ်ဆောင်ခဲ့တယ်။ တကယ့်လက်တွေ့မှာတော့ ဂျွန်စတုန်းစ်ဟာ ဂွာဒီယိုလာရဲ့ ပဲ့ကိုင်မှုအောက်မှာ ဆိုးဆိုးရွားရွား ခြေစွမ်းပျောက်တဲ့ ရာသီတွေလည်း ကြုံခဲ့ရသလို ထင်ထားသလောက် မဟုတ်ခဲ့တာသာ အဖတ်တင်ခဲ့ပါတယ်။

ရှာကျီရီ
ဘိုင်ယန်မြူးနစ်ရဲ့ ၂၀၁၂ ခုနှစ် နွေရာသီ ခေါ်ယူမှုမှာ ဆွစ်ဇာလန်သားကလည်း အသင်းရဲ့ အစီအစဥ်ထဲ ပါဝင်လာခဲ့ပါတယ်။ လက်ရှိ လီဗာပူးလ်အသင်းမှာ အရန်ကစားသမားအနေနဲ့ အသင်းကိုအကျိုးပြုနေပေမယ့် ဘိုင်ယန်ကို ဂွာဒီယိုလာ ရောက်ရှိလာချိန်မှာတော့ ဒဏ်ရာနွံထဲမှာ တဝဲဝဲလည်ခဲ့ပြီး အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒေါက်ဂလပ် ကော်စတာ
၂၀၁၅-၁၆ ဘောလုံးရာသီ၊ ဘိုင်ယန်မြူးနစ်ရဲ့ ဂွာဒီယိုလာလက်အောက်မှာပဲ ရှက်တာဒိုးနက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကော်စတာဟာ အဲ့ဒီအချိန်က ဘိုင်ယန်မြူးနစ်ရဲ့ စတုတ္ထမြောက် စျေးအမြင့်ဆုံးကစားသမား ဖြစ်ခဲ့တာပါ။ ရီဘာရီနေရာ ဆက်ခံမယ့် ကစားသမားအဖြစ် ရည်စူးခဲ့ကြပေမယ့် ဂွာဒီယိုလာလက်ထက်မှာ ၄ ဂိုးသွင်း၊ ၁၄ ဂိုးသာဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းကျနေခဲ့ပါတယ်။

မာရီယို ဂေါ့ဇီ
ဂေါ့ဇီက ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်ကို ရောက်လာတဲ့ ဂွာဒီယိုလာနဲ့ အထင်တကြီး ပူးပေါင်းခဲ့တယ်။ လင်းလက်နေတဲ့ အကောင်းစား ဂျာမန်ကြယ်ပွင့်တပွင့်ဖြစ်တဲ့ ဖန်တီးရှင် ဂေါ့ဇီကို မက်ဆီတို့ အင်နေစတာတို့လို့ ခမ်းနားကြီးကျယ်လာဖို့ မျှော်လင့်ချက်ကြီးခဲ့ကြပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ သုံးရာသီဆက် ပျောက်ဆုံးခဲ့ရတဲ့ ကစားသမားတဦးသာ ဖြစ်လာခဲ့ပြီး ဒေါ့မန်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ရပါတယ်။

ယာယာ တိုရေး
မန်စီးတီးအသင်းရဲ့ ဂန္ထဝင်လို့ သတ်မှတ်ရမယ့် ယာယာ တိုရေး ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းရဲ့ တည်ဆောက်ဆဲကာလမှာ အသင်းကို အဓိကဦးဆောင်ပြီး ပခုံးထမ်းတင်ပေးခဲ့သူဆိုရင် မလွဲပါဘူး။ ဘာစီလိုနာမှာ တိုရေးကို ခေါက်ထားခဲ့တဲ့ ဂွာဒီယိုလာဟာ မန်စီးတီးမှာလည်း သူ့ကို အရန်ခုံပုံ့ခဲ့လို့ ပရိသတ်တွေ စိတ်ကျဥ်းကျပ်စရာ ဖြစ်ခဲ့ရပြီး အသင်းနဲ့လမ်းခွဲသွားခဲ့ပါတယ်။

ဇလာတန် အီဘရာဟီမိုဗစ်ချ်
ဘာစီလိုနာမှာ ဇလာတန် နဲ့ ဂွာဒီယိုလာတို့ရဲ့ အဖုအထစ်တွေက အတော်လေးများခဲ့တယ်။ ၂၀၀၉ မှာ အသင်းကိုရောက်ရှိလာခဲ့တဲ့ ဆွီဒင်သားဟာ ကစားနေကျ တိုက်စစ်မြှားဦးနေရာကို မက်ဆီအတွက် ဖယ်ပေးခဲ့ရတယ်။ နည်းပြရဲ့ သူ့အပေါ် ဆက်ဆံပုံကြောင့် တင်းမာမှုတွေရှိလာခဲ့ပြီး ရာသီကုန်မှာပဲ အကွဲအပြဲဇာတ်လမ်းနဲ့ လမ်းခွဲခဲ့ကြပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘန္ဂ်မင္ မန္ဒီ
၂၀၁၇ ခုႏွစ္မွာ မိုနာကိုကေန ေပါင္ ၅၂ သန္းနဲ႕ ဂြာဒီယိုလာရဲ႕ မန္စီးတီးအနာဂတ္အစီအစဥ္ထဲ အရေခၚယူျခင္းခံခဲ့ရတဲ့ ျပင္သစ္သားဟာ လက္ရွိအခ်ိန္ထိ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၅၈ ပြဲသာ ကစားခြင့္ရထားသူပါ။ တခါတေလေတာ့ ေဘာလုံးကဆန္းၾကယ္ၿပီး ေၾကးႀကီးေပးထားရတဲ့ ဘယ္ေနာက္ခံလူဟာ ဒဏ္ရာေတြနဲ႕သာ လုံးပန္းခဲ့ၿပီး ပထမလူစာရင္းထဲကို ပြဲမတိုးနိုင္ခဲ့ပါဘူး။

ဂြၽန္စတုန္းစ္
အဂၤလန္ေဘာလုံးေလာကရဲ႕ အနာဂတ္ ႀကီးက်ယ္မႈတခု ျဖစ္လာမယ့္သူလို႔ အားလုံးက အထင္ႀကီးေလးစားခဲ့ၾကတာက ဂြၽန္စတုန္းစ္ပါ။ မန္စီးတီးကို ဂြာဒီယိုလာ ေရာက္ရွိလာခ်ိန္မွာေတာ့ သူ႕ကို အဲဗာတန္အသင္းကေန ေပါင္ ၄၇.၅ သန္းအထိ သုံးၿပီး ေခၚေဆာင္ခဲ့တယ္။ တကယ့္လက္ေတြ႕မွာေတာ့ ဂြၽန္စတုန္းစ္ဟာ ဂြာဒီယိုလာရဲ႕ ပဲ့ကိုင္မႈေအာက္မွာ ဆိုးဆိုး႐ြား႐ြား ေျခစြမ္းေပ်ာက္တဲ့ ရာသီေတြလည္း ႀကဳံခဲ့ရသလို ထင္ထားသေလာက္ မဟုတ္ခဲ့တာသာ အဖတ္တင္ခဲ့ပါတယ္။

ရွာက်ီရီ
ဘိုင္ယန္ျမဴးနစ္ရဲ႕ ၂၀၁၂ ခုႏွစ္ ႏြေရာသီ ေခၚယူမႈမွာ ဆြစ္ဇာလန္သားကလည္း အသင္းရဲ႕ အစီအစဥ္ထဲ ပါဝင္လာခဲ့ပါတယ္။ လက္ရွိ လီဗာပူးလ္အသင္းမွာ အရန္ကစားသမားအေနနဲ႕ အသင္းကိုအက်ိဳးျပဳေနေပမယ့္ ဘိုင္ယန္ကို ဂြာဒီယိုလာ ေရာက္ရွိလာခ်ိန္မွာေတာ့ ဒဏ္ရာႏြံထဲမွာ တဝဲဝဲလည္ခဲ့ၿပီး အင္တာမီလန္အသင္းထံ ေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။

ေဒါက္ဂလပ္ ေကာ္စတာ
၂၀၁၅-၁၆ ေဘာလုံးရာသီ၊ ဘိုင္ယန္ျမဴးနစ္ရဲ႕ ဂြာဒီယိုလာလက္ေအာက္မွာပဲ ရွက္တာဒိုးနက္အသင္းကေန ေရာက္ရွိလာခဲ့တဲ့ ေကာ္စတာဟာ အဲ့ဒီအခ်ိန္က ဘိုင္ယန္ျမဴးနစ္ရဲ႕ စတုတၳေျမာက္ ေစ်းအျမင့္ဆုံးကစားသမား ျဖစ္ခဲ့တာပါ။ ရီဘာရီေနရာ ဆက္ခံမယ့္ ကစားသမားအျဖစ္ ရည္စူးခဲ့ၾကေပမယ့္ ဂြာဒီယိုလာလက္ထက္မွာ ၄ ဂိုးသြင္း၊ ၁၄ ဂိုးသာဖန္တီးေပးနိုင္ခဲ့ၿပီး ေျခစြမ္းက်ေနခဲ့ပါတယ္။

မာရီယို ေဂါ့ဇီ
ေဂါ့ဇီက ဘာစီလိုနာကေန ဘိုင္ယန္ျမဴးနစ္ကို ေရာက္လာတဲ့ ဂြာဒီယိုလာနဲ႕ အထင္တႀကီး ပူးေပါင္းခဲ့တယ္။ လင္းလက္ေနတဲ့ အေကာင္းစား ဂ်ာမန္ၾကယ္ပြင့္တပြင့္ျဖစ္တဲ့ ဖန္တီးရွင္ ေဂါ့ဇီကို မက္ဆီတို႔ အင္ေနစတာတို႔လို႔ ခမ္းနားႀကီးက်ယ္လာဖို႔ ေမွ်ာ္လင့္ခ်က္ႀကီးခဲ့ၾကေပမယ့္ ဒဏ္ရာျပႆနာေတြနဲ႕ သုံးရာသီဆက္ ေပ်ာက္ဆုံးခဲ့ရတဲ့ ကစားသမားတဦးသာ ျဖစ္လာခဲ့ၿပီး ေဒါ့မန္အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕သြားခဲ့ရပါတယ္။

ယာယာ တိုေရး
မန္စီးတီးအသင္းရဲ႕ ဂႏၳဝင္လို႔ သတ္မွတ္ရမယ့္ ယာယာ တိုေရး ဘာစီလိုနာအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး မန္စီးတီးအသင္းရဲ႕ တည္ေဆာက္ဆဲကာလမွာ အသင္းကို အဓိကဦးေဆာင္ၿပီး ပခုံးထမ္းတင္ေပးခဲ့သူဆိုရင္ မလြဲပါဘူး။ ဘာစီလိုနာမွာ တိုေရးကို ေခါက္ထားခဲ့တဲ့ ဂြာဒီယိုလာဟာ မန္စီးတီးမွာလည္း သူ႕ကို အရန္ခုံပုံ႕ခဲ့လို႔ ပရိသတ္ေတြ စိတ္က်ဥ္းက်ပ္စရာ ျဖစ္ခဲ့ရၿပီး အသင္းနဲ႕လမ္းခြဲသြားခဲ့ပါတယ္။

ဇလာတန္ အီဘရာဟီမိုဗစ္ခ်္
ဘာစီလိုနာမွာ ဇလာတန္ နဲ႕ ဂြာဒီယိုလာတို႔ရဲ႕ အဖုအထစ္ေတြက အေတာ္ေလးမ်ားခဲ့တယ္။ ၂၀၀၉ မွာ အသင္းကိုေရာက္ရွိလာခဲ့တဲ့ ဆြီဒင္သားဟာ ကစားေနက် တိုက္စစ္ျမႇားဦးေနရာကို မက္ဆီအတြက္ ဖယ္ေပးခဲ့ရတယ္။ နည္းျပရဲ႕ သူ႕အေပၚ ဆက္ဆံပုံေၾကာင့္ တင္းမာမႈေတြရွိလာခဲ့ၿပီး ရာသီကုန္မွာပဲ အကြဲအၿပဲဇာတ္လမ္းနဲ႕ လမ္းခြဲခဲ့ၾကပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.