Premier League

အာဆင္နယ္မွာ အူဘာမီယန္း ဆက္ကစားႏိုင္ဖို႔ တစ္သင္းလံုး ဝိုင္းဝန္းႀကိဳးစားေန

အသင္းရဲ႕ အဓိကတိုက္စစ္မွဴးလည္းျဖစ္ အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ အူဘာမီယန္းကို စာခ်ဳပ္သစ္ခ်ဳပ္ၿပီး အသင္းမွာ ဆက္ထိန္းႏိုင္မယ္လို႔ ယံုၾကည္ေမွ်ာ္လင့္ထားေၾကာင္း အာဆင္နယ္နည္းျပ မုိက္ကယ္ အာတီတာက မေန႔က အဲဗာတန္အသင္းနဲ႔ အဆုံးအျဖတ္ႏုိင္ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

အူဘာမီယန္းဟာ တနဂၤေႏြေန႔က အဲဗာတန္ကို အာဆင္နယ္အသင္းက သုံးဂိုး-ႏွစ္ဂိုးနဲ အႏုိင္ရရွိခဲ့ရာမွာ အသင္းအတြက္ အဖိုးတန္အႏိုင္ဂိုး(၂)ဂိုးကို သြင္းခဲ့တာလည္းျဖစ္ၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕သြင္းဂိုးက (၁၇)ဂိုးအထိ ရွိလာသလို ပရီးမီးယားလိဂ္ဂိုးသြင္းအမ်ားဆံုး ေရႊဖိနပ္ဆုစာရင္းမွာ လက္စတာစီးတီး တိုက္စစ္မွဴး ေဂ်မီ ဗာဒီနဲ႔အၿပိဳင္ ထိပ္ဆံုးမွာ ရပ္တည္ေနပါတယ္။

ဒီအသက္ ၃၀ အရြယ္ ဂါဘြန္တုိက္စစ္မွဴးကို လာမယ့္ေႏြရာသီက်ရင္ ေခၚယူဖို႔ ခ်န္ပီယံလိဂ္ကစားခြင့္အတြက္ ေသခ်ာေနၾကတဲ့ အသင္းေတြျဖစ္ၾကတဲ့ ဘာစီလိုနာနဲ႔ အင္တာမီလန္တို႔က စိတ္၀င္စားေနၿပီး မက္ေမာေလာက္ဖြယ္လစာနဲ႔ ကမ္းလွမ္းၿပီး အာဆင္နယ္ဆီကေန ဆြဲထုတ္ႏုိင္ဖို႔လည္း ျပင္ဆင္ေနပါတယ္။

“ဒီႏိုင္ပြဲေၾကာင့္တင္ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ကိုယ္တိုင္ကလည္း သူ႔ကို အသင္းမွာ ဆက္ရွိေနေအာင္ အစြမ္းကုန္ႀကိဳးစားေနပါတယ္။ ဒီႀကိဳးစားမႈေတြေၾကာင့္ပဲ အူဘာမီယန္းအေနနဲ႔ ကြင္းထဲမွာ ရွိတဲ့ အခ်ိန္တိုင္းက ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ကစားျပႏိုင္တာပါ။ ကၽြန္ေတာ္ တည္ေဆာက္ခ်င္တဲ့ အသင္းစုစည္းမႈမွာလည္း ဒီအခ်က္က ေတာ္ေတာ္ေလး အေရးပါပါတယ္။ ၿပီးခဲ့တဲ့ လအနည္းငယ္အတြင္း ျဖစ္ပ်က္ခဲ့တာေတြဟာ သူ႔လိုကစားသမားတစ္ေယာက္အတြက္ေတာ့ အရမ္းကို စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက ရည္မွန္းခ်က္ႀကီးတဲ့သူတစ္ေယာက္မို႔လို႔ပါ။ သူ႔လိုထိပ္တန္းကစားသမားကို ကၽြန္ေတာ္တို႔ဘက္က အတတ္ႏိုင္ဆံုး ၀န္းရံေထာက္ပံ့ေပးရပါမယ္”လို႔ အာတီတာက ေျပာပါတယ္။

အူဘာမီယန္းဟာ ဒီႏွစ္ ပရီးမီးယားလိဂ္ၿပဳိင္ပြဲရဲ႕ ေရႊဖိနပ္ဆုအတြက္ တန္းစီစာရင္းမွာ ထိပ္ဆုံးကို ျပန္လည္ေရာက္ရွိလာႏုိင္ခဲ့တာျဖစ္ၿပီး ႏွစ္ပြဲဆက္တုိက္ ေခါင္းတုိက္ၿပီး ဂိုးသြင္းျပႏုိင္ခဲ့သလို ၿပီးခဲ့တဲ့ႏွစ္က ရယူထားခဲ့တဲ့ ဂိုးသြင္းဘုရင္ဆုကို ထပ္မံရယူႏုိင္ဦးမလား ေစာင့္ၾကည့္သြားရမွာလည္းျဖစ္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: အသင်းရဲ့ အဓိကတိုက်စစ်မှူးလည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ အူဘာမီယန်းကို စာချုပ်သစ်ချုပ်ပြီး အသင်းမှာ ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်မျှော်လင့်ထားကြောင်း အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာက မနေ့က အဲဗာတန်အသင်းနဲ့ အဆုံးအဖြတ်နိုင်ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

အူဘာမီယန်းဟာ တနင်္ဂနွေနေ့က အဲဗာတန်ကို အာဆင်နယ်အသင်းက သုံးဂိုး-နှစ်ဂိုးနဲ အနိုင်ရရှိခဲ့ရာမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုး(၂)ဂိုးကို သွင်းခဲ့တာလည်းဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ သူ့ရဲ့သွင်းဂိုးက (၁၇)ဂိုးအထိ ရှိလာသလို ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုစာရင်းမှာ လက်စတာစီးတီး တိုက်စစ်မှူး ဂျေမီ ဗာဒီနဲ့အပြိုင် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ဒီအသက် ၃၀ အရွယ် ဂါဘွန်တိုက်စစ်မှူးကို လာမယ့်နွေရာသီကျရင် ခေါ်ယူဖို့ ချန်ပီယံလိဂ်ကစားခွင့်အတွက် သေချာနေကြတဲ့ အသင်းတွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ အင်တာမီလန်တို့က စိတ်ဝင်စားနေပြီး မက်မောလောက်ဖွယ်လစာနဲ့ ကမ်းလှမ်းပြီး အာဆင်နယ်ဆီကနေ ဆွဲထုတ်နိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။

“ဒီနိုင်ပွဲကြောင့်တင် မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း သူ့ကို အသင်းမှာ ဆက်ရှိနေအောင် အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒီကြိုးစားမှုတွေကြောင့်ပဲ အူဘာမီယန်းအနေနဲ့ ကွင်းထဲမှာ ရှိတဲ့ အချိန်တိုင်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားပြနိုင်တာပါ။ ကျွန်တော် တည်ဆောက်ချင်တဲ့ အသင်းစုစည်းမှုမှာလည်း ဒီအချက်က တော်တော်လေး အရေးပါပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့တာတွေဟာ သူ့လိုကစားသမားတစ်ယောက်အတွက်တော့ အရမ်းကို စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ရည်မှန်းချက်ကြီးတဲ့သူတစ်ယောက်မို့လို့ပါ။ သူ့လိုထိပ်တန်းကစားသမားကို ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ဝန်းရံထောက်ပံ့ပေးရပါမယ်”လို့ အာတီတာက ပြောပါတယ်။

အူဘာမီယန်းဟာ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုအတွက် တန်းစီစာရင်းမှာ ထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့တာဖြစ်ပြီး နှစ်ပွဲဆက်တိုက် ခေါင်းတိုက်ပြီး ဂိုးသွင်းပြနိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ်က ရယူထားခဲ့တဲ့ ဂိုးသွင်းဘုရင်ဆုကို ထပ်မံရယူနိုင်ဦးမလား စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.