Premier League

၂၄.၂.၂၀၂၀ အတြက္ တစ္ေန႔တာ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္က မိမိတို႔အသင္းကို တီမို ဗာနာက ကမာၻ႕အေကာင္းဆုံးအသင္းလုိ႔ ေျပာလိုက္တာကို နားဝင္ခ်ဳိေပမယ့္ တကယ္တမ္းေတာ့ ဒါဟာ မဟုတ္ေၾကာင္းနဲ႔ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်ၿပီး ႀကဳိးစားေနဖို႔နဲ႔ ပုံစံေကာင္းကို ထိန္းသိမ္းႏုိင္ဖို႔ အေရးႀကီးေၾကာင္း၊ ခ်ီးက်ဴးခံရတာဟာ ကဲ့ရဲ႕ခံရတာထက္ ပုိေကာင္းတာပဲရွိၿပီး ကိုယ့္အလုပ္ကိုယ္ အာ႐ုံစိုက္ထားရမွာျဖစ္ေၾကာင္း ေျပာၾကား။

– ဖလိပီ ေကာ္တင္ဟိုနဲ႔ လူးဝစ္ ဆြာရက္ဇ္တုိ႔ကို အသင္းက ဆုံး႐ွဳံးခဲ့ရသလိုပဲ လက္ရွိအသင္းရဲ႕ အေကာင္းဆုံးကစားသမားႏွစ္ဦးျဖစ္ၾကတဲ့ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတုိ႔ကိုလည္း ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာရန္ကေန ကာကြယ္ဖို႔ ခက္ခဲေၾကာင္း ယာဂန္ ကေလာ့ပ္ ဝန္ခံ။

– ဘယ္ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္ရဲ႕ ေရရွည္အစားထိုးမွဳအျဖစ္ အာဆင္နယ္အသင္းက ဘယ္ေနာက္ခံေနရာမွာ အစြမ္းျပေနတဲ့ ဘူကာယို ဆာကာကို လီဗာပူးလ္ပရိသတ္ေတြ အလိုရွိေနၿပီး မာေနးအတြက္ပါ ရည္ရြယ္ႏုိင္တယ္လို႔ ဆုိေနၾက။

– သူ႕အေနနဲ႔ လီဗာပူးလ္အသင္းအတြက္ အေကာင္းဆုံးအေနအထားကို ေရာက္ရွိေအာင္ အမ်ားႀကီး ႀကဳိးစားရဦးမွာျဖစ္ၿပီး ဂိုးေတြ သြင္းယူ ႏိုင္ေနေပမယ့္ ဒီထက္ပုိေကာင္းၿပီး ဒီထက္ကစားခြင့္ရဖို႔အတြက္ လုပ္ေဆာင္သြားရဦးမွာျဖစ္ေၾကာင္း ကြင္းလယ္လူ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္ဆို။

– ေရာဘတ္တို ဖာမီႏို ရွိေနတာေၾကာင့္ တီမို ဗာနာကို လီဗာပူးလ္အသင္းအေနနဲ႔ မဝယ္ယူေလာက္ဘူးဆုိတာ မဟုတ္ဘဲ ဗာနာကို အေထာင္ထားၿပီး ေနာက္ကေန ဆာလား၊ မာေနးနဲ႔ ဖာမီႏိုတုိ႔ လိုက္ပါကစားမယ့္ ၄ ေယာက္တုိက္စစ္ရဲ႕ အင္အားကို ေတြးၾကည့္ေစခ်င္ေၾကာင္း လီဗာပူးလ္ ပရိသတ္ဝက္ဘ္ဆိုက္တစ္ခုသုံးသပ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က မိမိတို့အသင်းကို တီမို ဗာနာက ကမ္ဘာ့အကောင်းဆုံးအသင်းလို့ ပြောလိုက်တာကို နားဝင်ချိုပေမယ့် တကယ်တမ်းတော့ ဒါဟာ မဟုတ်ကြောင်းနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ကြိုးစားနေဖို့နဲ့ ပုံစံကောင်းကို ထိန်းသိမ်းနိုင်ဖို့ အရေးကြီးကြောင်း၊ ချီးကျူးခံရတာဟာ ကဲ့ရဲ့ခံရတာထက် ပိုကောင်းတာပဲရှိပြီး ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ထားရမှာဖြစ်ကြောင်း ပြောကြား။

– ဖလိပီ ကော်တင်ဟိုနဲ့ လူးဝစ် ဆွာရက်ဇ်တို့ကို အသင်းက ဆုံးရှုံးခဲ့ရသလိုပဲ လက်ရှိအသင်းရဲ့ အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်ကြတဲ့ မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ကိုလည်း ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာရန်ကနေ ကာကွယ်ဖို့ ခက်ခဲကြောင်း ယာဂန် ကလော့ပ် ဝန်ခံ။

– ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ရဲ့ ရေရှည်အစားထိုးမှုအဖြစ် အာဆင်နယ်အသင်းက ဘယ်နောက်ခံနေရာမှာ အစွမ်းပြနေတဲ့ ဘူကာယို ဆာကာကို လီဗာပူးလ်ပရိသတ်တွေ အလိုရှိနေပြီး မာနေးအတွက်ပါ ရည်ရွယ်နိုင်တယ်လို့ ဆိုနေကြ။

– သူ့အနေနဲ့ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးအနေအထားကို ရောက်ရှိအောင် အများကြီး ကြိုးစားရဦးမှာဖြစ်ပြီး ဂိုးတွေ သွင်းယူ နိုင်နေပေမယ့် ဒီထက်ပိုကောင်းပြီး ဒီထက်ကစားခွင့်ရဖို့အတွက် လုပ်ဆောင်သွားရဦးမှာဖြစ်ကြောင်း ကွင်းလယ်လူ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်ဆို။

– ရောဘတ်တို ဖာမီနို ရှိနေတာကြောင့် တီမို ဗာနာကို လီဗာပူးလ်အသင်းအနေနဲ့ မဝယ်ယူလောက်ဘူးဆိုတာ မဟုတ်ဘဲ ဗာနာကို အထောင်ထားပြီး နောက်ကနေ ဆာလား၊ မာနေးနဲ့ ဖာမီနိုတို့ လိုက်ပါကစားမယ့် ၄ ယောက်တိုက်စစ်ရဲ့ အင်အားကို တွေးကြည့်စေချင်ကြောင်း လီဗာပူးလ် ပရိသတ်ဝက်ဘ်ဆိုက်တစ်ခုသုံးသပ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.