Premier League

စည်းမဲ့ကမ်းမဲ့ ကစားတတ်တဲ့ ပေါ့ဂ်ဘာကို အမြန်ဆုံးရောင်းထုတ်ပစ်ဖို့ ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ကာရေဂါ

လီဗာပူးလ်ကစားသမားဟောင်း ဂျေမီ ကာရေဂါက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စျေးကြီးပေးဝယ်ထားရတဲ့ နာမည်ကျော် ကွင်းလယ်တိုက်စစ်ကစားသမား ပေါလ်ပေါ့ဂ်ဘာကို အမြန်ဆုံးရောင်းထုတ်လိုက်ဖို့ တိုက်တွန်းသွားခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ သူ့အနေအထားနဲ့ အသင်းတသင်းကို နောက်တဆင့်ပို့ပေးနိုင်စွမ်း မရှိဘူးလို့ ကာရေဂါက ယူနိုက်တက်အသင်းကို သတိပေးသွားခဲ့တာဖြစ်ပြီး သူဟာ ခံစစ်ကစားပုံအရလည်း စည်းမဲ့ကမ်းမဲ့ ကစားတတ်ကာ အသင်းအပေါ် ဦးဆောင်လွှမ်းမိုးနိုင်စွမ်း နဲ့ အကျိုးပြုနိုင်စွမ်း မရှိတဲ့သူလို့ ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

အသက် ၂၇ နှစ်သားဟာ လွန်ခဲ့တဲ့လပိုင်းတွေ​တုန်းက ကိုရိုနာရောဂါပိုး ကူးစက်ခြင်းခံခဲ့ရသလို ထိုးနှက်လာတဲ့ ဒဏ်ရာပြဿနာပိုင်းတွေနဲ့အတူ ​ခြေစွမ်းထိုးကျသွားခဲ့ပြီး ကွင်းထဲမှာ မိုက်မဲပြီး ကလေးဆန်တဲ့ အမှားတွေပြုလုပ်လာခဲ့တာကြောင့် ဒီနောက်ပိုင်း ယူနိုက်တက်အသင်းမှာ ပွဲထွက်တနေရာရဖို့ ရုန်းကန်နေခဲ့ရကာ ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဥ်နှစ်ပွဲမှာလည်း ပွဲထွက်ခွင့် ပျောက်ဆုံးထားပြီး အရန်ခုံကနေသာ လူစားဝင်ကစားထားခဲ့ရကြောင်း သိရပါတယ်။

ပြင်သစ်လက်ရွေးစင်နည်းပြ ဒေးရွှမ့်ကလည်း လက်ရှိအချိန်မှာ ပေါ့ဂ်ဘာအနေနဲ့ ယူနိုက်တက်မှာ ပျော်ရွှင်နေခြင်းမရှိဘူးလို့ မကြာသေးမီက လူသိရှင်ကြား အတိအလင်းထုတ်ဖော်ပြောဆိုထားပြီး အိုးထရက်ဖို့ဒ်မြေမှာ သူ့အတွက် အခက်အခဲများစွာ ရှိနေကြောင်း အသင်းပြောင်းဖို့ အရိပ်အမြွက်အသိပေးသွားခဲ့တာကိုလည်း တွေ့ထားခဲ့ရပါတယ်။

ကာရေဂါက ” ပေါ့ဂ်ဘာကို ကျွန်တော် အယုံအကြည်မရှိပါဘူး။ နာမည်ကြီးသလောက် အလုပ်မဖြစ်ဘူး။ ကမ္ဘာဖလားယူထားတယ်သာ ပြောကြတာ၊ ချယ်လ်ဆီးမှာ လမ်းပတ်လုပ်ပြခဲ့သလိုမျိုး၊ လီဗာပူးလ်မှာ ဂျရတ် ဦးဆောင်ခဲ့လိုမျိုး၊ ယာယာ တိုရေးက မန်စီးတီးကို ထမ်းတင်ခဲ့သလိုမျိုး သူမလုပ်ပြနိုင်ဘူး။ အသင်းကို ချန်ပီယံဆုဖလားရတဲ့အထိ မောင်းနှင်နိုင်တဲ့ အဆင့်မျိုးမဟုတ်ဘူး။ သူတို့ ၃ ယောက်နဲ့ နှိုင်းစရာတောင် မလိုပါဘူး။ ကျွန်တော်ထင်ပါတယ်။ သူ အမြန်ဆုံး အသင်း​​ပြောင်းရမှာပါ။ ယူနိုက်တက်မှာ ဖာနန်​ဒက်စ်လည်း ရှိနေပြီ။ နှစ်ယောက်စလုံးက ခံစစ်ကစားတဲ့အချိန် စည်းမဲ့ကမ်းမဲ့ကစားတဲ့သူတွေပါ။ သူတို့နှစ်ယောက်အတွဲကို ကွင်းလယ်မှာ ထားဖို့ လုံးဝအဆင်မပြေပါဘူး။ ဖာနန်ဒက်စ်က ပိုခြေစွမ်းကောင်းနေတာမလ်ို့ ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်သင့်ပါပြီ ” လို့ TalkSports ကို ပြောသွားခဲ့ပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ကစားသမားေဟာင္း ေဂ်မီ ကာေရဂါက မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႕ ေစ်းႀကီးေပးဝယ္ထားရတဲ့ နာမည္ေက်ာ္ ကြင္းလယ္တိုက္စစ္ကစားသမား ေပါလ္ေပါ့ဂ္ဘာကို အျမန္ဆုံးေရာင္းထုတ္လိုက္ဖို႔ တိုက္တြန္းသြားခဲ့တယ္လို႔ သိရပါတယ္။

ျပင္သစ္အသင္းနဲ႕အတူ ကမၻာ့ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ေပါ့ဂ္ဘာဟာ သူ႕အေနအထားနဲ႕ အသင္းတသင္းကို ေနာက္တဆင့္ပို႔ေပးနိုင္စြမ္း မရွိဘူးလို႔ ကာေရဂါက ယူနိုက္တက္အသင္းကို သတိေပးသြားခဲ့တာျဖစ္ၿပီး သူဟာ ခံစစ္ကစားပုံအရလည္း စည္းမဲ့ကမ္းမဲ့ ကစားတတ္ကာ အသင္းအေပၚ ဦးေဆာင္လႊမ္းမိုးနိုင္စြမ္း နဲ႕ အက်ိဳးျပဳနိုင္စြမ္း မရွိတဲ့သူလို႔ ေဝဖန္ ထိုးႏွက္သြားခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္သားဟာ လြန္ခဲ့တဲ့လပိုင္းေတြ​တုန္းက ကိုရိုနာေရာဂါပိုး ကူးစက္ျခင္းခံခဲ့ရသလို ထိုးႏွက္လာတဲ့ ဒဏ္ရာျပႆနာပိုင္းေတြနဲ႕အတူ ​ေျခစြမ္းထိုးက်သြားခဲ့ၿပီး ကြင္းထဲမွာ မိုက္မဲၿပီး ကေလးဆန္တဲ့ အမွားေတြျပဳလုပ္လာခဲ့တာေၾကာင့္ ဒီေနာက္ပိုင္း ယူနိုက္တက္အသင္းမွာ ပြဲထြက္တေနရာရဖို႔ ႐ုန္းကန္ေနခဲ့ရကာ ယူနိုက္တက္ရဲ႕ ေနာက္ဆုံးပြဲစဥ္ႏွစ္ပြဲမွာလည္း ပြဲထြက္ခြင့္ ေပ်ာက္ဆုံးထားၿပီး အရန္ခုံကေနသာ လူစားဝင္ကစားထားခဲ့ရေၾကာင္း သိရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္နည္းျပ ေဒး႐ႊမ့္ကလည္း လက္ရွိအခ်ိန္မွာ ေပါ့ဂ္ဘာအေနနဲ႕ ယူနိုက္တက္မွာ ေပ်ာ္႐ႊင္ေနျခင္းမရွိဘူးလို႔ မၾကာေသးမီက လူသိရွင္ၾကား အတိအလင္းထုတ္ေဖာ္ေျပာဆိုထားၿပီး အိုးထရက္ဖို႔ဒ္ေျမမွာ သူ႕အတြက္ အခက္အခဲမ်ားစြာ ရွိေနေၾကာင္း အသင္းေျပာင္းဖို႔ အရိပ္အႁမြက္အသိေပးသြားခဲ့တာကိုလည္း ေတြ႕ထားခဲ့ရပါတယ္။

ကာေရဂါက ” ေပါ့ဂ္ဘာကို ကြၽန္ေတာ္ အယုံအၾကည္မရွိပါဘူး။ နာမည္ႀကီးသေလာက္ အလုပ္မျဖစ္ဘူး။ ကမၻာဖလားယူထားတယ္သာ ေျပာၾကတာ၊ ခ်ယ္လ္ဆီးမွာ လမ္းပတ္လုပ္ျပခဲ့သလိုမ်ိဳး၊ လီဗာပူးလ္မွာ ဂ်ရတ္ ဦးေဆာင္ခဲ့လိုမ်ိဳး၊ ယာယာ တိုေရးက မန္စီးတီးကို ထမ္းတင္ခဲ့သလိုမ်ိဳး သူမလုပ္ျပနိုင္ဘူး။ အသင္းကို ခ်န္ပီယံဆုဖလားရတဲ့အထိ ေမာင္းႏွင္နိုင္တဲ့ အဆင့္မ်ိဳးမဟုတ္ဘူး။ သူတို႔ ၃ ေယာက္နဲ႕ ႏွိုင္းစရာေတာင္ မလိုပါဘူး။ ကြၽန္ေတာ္ထင္ပါတယ္။ သူ အျမန္ဆုံး အသင္း​​ေျပာင္းရမွာပါ။ ယူနိုက္တက္မွာ ဖာနန္​ဒက္စ္လည္း ရွိေနၿပီ။ ႏွစ္ေယာက္စလုံးက ခံစစ္ကစားတဲ့အခ်ိန္ စည္းမဲ့ကမ္းမဲ့ကစားတဲ့သူေတြပါ။ သူတို႔ႏွစ္ေယာက္အတြဲကို ကြင္းလယ္မွာ ထားဖို႔ လုံးဝအဆင္မေျပပါဘူး။ ဖာနန္ဒက္စ္က ပိုေျခစြမ္းေကာင္းေနတာမလ္ို႔ ေပါ့ဂ္ဘာကို ေရာင္းထုတ္လိုက္သင့္ပါၿပီ ” လို႔ TalkSports ကို ေျပာသြားခဲ့ပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.