Premier League Transfer News

၁၁.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသင်းရဲ့ တာဝန်ရှိသူတွေအပါအဝင် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ပါ အဆင်မပြေတဲ့ ဆူပါအေးဂျင့် မီနို ရိုင်ယိုလာကို ယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်က လမ်းခွဲလိုက်ပြီဖြစ်ပြီး သူ့ရဲ့ အနာဂတ်က အီတလီသားနဲ့မဟုတ်ရင် ပိုမိုလှပလာလိမ့်မယ်လို့လည်း ခန့်မှန်းမှုတွေ ရှိလာ။

– လာမယ့်ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့အတွက် အပယ်ခံ နောက်ခံလူ ဖီးလ်ဂျုံးစ်အနေနဲ့ ထပ်မံကြိုးစားသွားဦးမှာဖြစ်ပြီး ထွက်ခွာရာဌာနကတော့ ဘယ်အသင်းဖြစ်မယ်ဆိုတာ မသေချာသေးဘဲ အင်္ဂလန်မှာပဲ ဆက်ရှိမယ်လို့တော့ ထင်ကြေးပေးနေကြ။

– ရှက်ခ်တာဒိုးနက်စ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား တက်တေက မန်ချက်စတာယူနိုက်တက်ဟာ သူကစားချင်တဲ့ အသင်း တစ်သင်းဖြစ်ကြောင်း ပြောကြားလိုက်ပြီး ဖရက်ဒ်လိုပဲ တူညီတဲ့ လမ်းကြောင်းကို လျှောက်လာနိုင်မလား စောင့်ကြည့်ရဖွယ်ရှိနေ။

– ပေါလ် ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အကောင်းဆုံးကွင်းလယ်လူဖြစ်ပေမယ့် သူ့လောက် အဆင့်မရှိတဲ့ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့က ဘရူနို ဖာနန်ဒက်စ်ကို လွတ်လွတ်လပ်လပ်ကစားခွင့်ရအောင် လုပ်ပေးနိုင်တာမို့ ဆိုးလ်ရှားအနေနဲ့ ရွေးချယ်ရ ခက်ခဲမှာဖြစ်ကြောင်း ပြောလိုက်တဲ့ ဂျိုးကိုးလ်ကြောင့် ပရိသတ်တွေ ဝေခွဲမရဖြစ်ခဲ့ရ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နဲ့ ပတ်သက်လို့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့ပြီး အသင်းအတွက် ရလဒ်တွေကို ပြောင်းလဲပေးနိုင်တဲ့ အဆောင်လက်ဖွဲ့တစ်ခုလို ကစားသမားလို့ ဆိုခဲ့။

– အသင်းကနေ ထွက်ခွာသွားဖို့ များနေတဲ့ ပေါ့ဘာရဲ့ နေရာမှာ အစားထိုးဖို့ ဒွန်နီ ဗန်ဒဘိခ်ကို ရည်ရွယ်ခေါ်ယူခဲ့ပြီးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်လိုက်ပြီး ယူနိုက်တက်အနေနဲ့ ပြင်သစ်သားကို ရောင်းချရင် ကွင်းလယ်လူသစ် ထပ်မခေါ်လောက်ဘူးလို့ ခန့်မှန်းနေကြ။

– ပိုချက်တီနိုကို ဆက်သွယ်နေတာဟာ ဆိုးလ်ရှားရဲ့ နည်းပြအဖြစ် ရပ်တည်နေမှုကို မလေးစားတဲ့ လုပ်ရပ်လို့ ရီယို ဖာဒီနန်က ဝေဖန်လိုက်ချိန်မှာ အာဂျင်တီးနားသားကို စပိန်ကလပ် ဘီလ်ဘာအိုကလည်း ဆက်သွယ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းရဲ႕ တာဝန္ရွိသူေတြအပါအဝင္ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားနဲ႔ပါ အဆင္မေျပတဲ့ ဆူပါေအးဂ်င့္ မီႏို ႐ိုင္ယိုလာကို ယူႏုိက္တက္ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္က လမ္းခြဲလုိက္ၿပီျဖစ္ၿပီး သူ႕ရဲ႕ အနာဂတ္က အီတလီသားနဲ႔မဟုတ္ရင္ ပုိမိုလွပလာလိမ့္မယ္လို႔လည္း ခန္႔မွန္းမွဳေတြ ရွိလာ။

– လာမယ့္ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာဖို႔အတြက္ အပယ္ခံ ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္အေနနဲ႔ ထပ္မံႀကဳိးစားသြားဦးမွာျဖစ္ၿပီး ထြက္ခြာရာဌာနကေတာ့ ဘယ္အသင္းျဖစ္မယ္ဆုိတာ မေသခ်ာေသးဘဲ အဂၤလန္မွာပဲ ဆက္ရွိမယ္လုိ႔ေတာ့ ထင္ေၾကးေပးေနၾက။

– ရွက္ခ္တာဒုိးနက္စ္အသင္းရဲ႕ ဘရာဇီးလ္ေတာင္ပံကစားသမား တက္ေတက မန္ခ်က္စတာယူႏုိက္တက္ဟာ သူကစားခ်င္တဲ့ အသင္း တစ္သင္းျဖစ္ေၾကာင္း ေျပာၾကားလုိက္ၿပီး ဖရက္ဒ္လိုပဲ တူညီတဲ့ လမ္းေၾကာင္းကို ေလွ်ာက္လာႏုိင္မလား ေစာင့္ၾကည့္ရဖြယ္ရွိေန။

– ေပါလ္ ေပါ့ဘာဟာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အေကာင္းဆုံးကြင္းလယ္လူျဖစ္ေပမယ့္ သူ႕ေလာက္ အဆင့္မရွိတဲ့ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတုိ႔က ဘ႐ူႏို ဖာနန္ဒက္စ္ကို လြတ္လြတ္လပ္လပ္ကစားခြင့္ရေအာင္ လုပ္ေပးႏုိင္တာမို႔ ဆုိးလ္ရွားအေနနဲ႔ ေရြးခ်ယ္ရ ခက္ခဲမွာျဖစ္ေၾကာင္း ေျပာလုိက္တဲ့ ဂ်ဳိးကိုးလ္ေၾကာင့္ ပရိသတ္ေတြ ေဝခြဲမရျဖစ္ခဲ့ရ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ပတ္သက္လုိ႔ သူ႕အျမင္ကို ပြင့္ပြင့္လင္းလင္း ေျပာၾကားသြားခဲ့ၿပီး အသင္းအတြက္ ရလဒ္ေတြကို ေျပာင္းလဲေပးႏုိင္တဲ့ အေဆာင္လက္ဖြဲ႕တစ္ခုလို ကစားသမားလို႔ ဆုိခဲ့။

– အသင္းကေန ထြက္ခြာသြားဖို႔ မ်ားေနတဲ့ ေပါ့ဘာရဲ႕ ေနရာမွာ အစားထိုးဖို႔ ဒြန္နီ ဗန္ဒဘိခ္ကို ရည္ရြယ္ေခၚယူခဲ့ၿပီးျဖစ္တယ္လုိ႔ ကၽြမ္းက်င္သူေတြ သုံးသပ္လုိက္ၿပီး ယူႏုိက္တက္အေနနဲ႔ ျပင္သစ္သားကို ေရာင္းခ်ရင္ ကြင္းလယ္လူသစ္ ထပ္မေခၚေလာက္ဘူးလို႔ ခန္႔မွန္းေနၾက။

– ပိုခ်က္တီႏိုကို ဆက္သြယ္ေနတာဟာ ဆိုးလ္ရွားရဲ႕ နည္းျပအျဖစ္ ရပ္တည္ေနမွဳကို မေလးစားတဲ့ လုပ္ရပ္လုိ႔ ရီယို ဖာဒီနန္က ေဝဖန္လုိက္ခ်ိန္မွာ အာဂ်င္တီးနားသားကို စပိန္ကလပ္ ဘီလ္ဘာအုိကလည္း ဆက္သြယ္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.