Premier League

၁၁.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

သီယာဂို ဆေးလ်ဗားလို ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတာ မှားယွင်းခဲ့ကြောင်း ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက ဝန်ခံသွားခဲ့ပြီး အသင်းရဲ့ ဘဏ္ဍာရေးပြဿနာပိုင်းကြောင့် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်တယ်လို့ ပြောသွားခဲ့။

တည်ကန်ဘော Set-piece တွေကို ပြီးခဲ့တဲ့ရာသီတည်းက အထူးလေ့ကျင့်ပြင်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ Set-piece ကနေတဆင့် ဂိုးအများဆုံး သွင်းယူထားတဲ့အသင်းဖြစ်လာတဲ့အထိ စံချိန်ကောင်းရရှိထားလို့ လုပ်ဆောင်မှု အသီးအပွင့်တွေအတွက် ကျေနပ်မိကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ်ပြောဆို။

ပရီးမီးယားလိဂ်မှာ အမြင့်ဘောတွေကို ဖြေရှင်းကိုင်တွယ်ရတဲ့အပြင် အရှိန်အဟုန်ပြင်းပြင်း ကစားနိုင်ဖို့ ရုပ်ပိုင်းခွန်အားနဲ့ ကြံ့ခိုင်မှုအပြည့် ဖြစ်နေဖို့ လိုအပ်ချက်မြင့်မားတာကြောင့် ပွဲကစားပြီးတိုင်း ခေါင်းအမြဲကိုက်ရကြောင်း ချယ်လ်ဆီး ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗား ဝန်ခံသွားခဲ့။

ချယ်လ်ဆီးအသင်းမှာ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ တိုက်စစ်မှူးတွေ ရောက်ရှိလာတဲ့နောက် ပွဲထွက်ခွင့်တနေရာအတွက် တိုက်ပွဲဝင်ဖို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိလာခဲ့ပေမယ့် မိမိရဲ့ အခြေအနေအတွက် အနေသာကြီးဖြစ်ကြောင်း ချယ်လ်ဆီး ကွင်းလယ်လူ မေဆန် မောင့်ကထုတ်ဖော်ပြောဆိုပြီး ‘ဆရာ့အိမ်မွေးလေး’ ဆိုတဲ့ ဝေဖန်မှုတွေကို တုံ့ပြန်သွားခဲ့။

မော်ရင်ညိုကိုင်တွယ်နေတဲ့ စပါးအသင်းကသာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုငခဲ့ရင် ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့အတွက် အကောင်းဆုံး သတိပေးချက်တခု ဖြစ်လာမယ်လို့ ဂယ်ရီ နဗီးလ်က သုံးသပ်ခဲ့ပြီး ချန်ပီယံ စိန်ခေါ်မှု ပိုအားကောင်းကာ လှပတဲ့ဇာတ်လမ်းတပုဒ်ဖြစ်လာနိုင်ကြောင်း ​ပြောသွား။

ပူလစ်ဆစ်ရှ် နဲ့ ခိုင်ဟာဗတ်ဇ် အတွဲနဲ့ယှဥ်ရင် ကိုဗာချစ် နဲ့ တန်မီ အေဘရာဟမ်တို့ အတွဲက ချယ်လ်ဆီးအသင်းရဲ့ ဟန်ချက်အညီဆုံးလူစာရင်း ဖြစ်လာစေလိမ့်မယ်လို့ ချယ်လ်ဆီး ခံစစ်မှူးဟောင်း ဖရန့်ခ် လူးဘတ်ဖ်က သုံးသပ်ပြောကြားခဲ့ပြီး အေဘရာဟမ်ကြောင့် ဘယ်အစွန်မှာ ထွက်ကစားရတဲ့ တီမို ဗာနာ ဂိုးပိုသွင်းလာနိုင်ကြောင်း ထောက်ပြခဲ့။

မြက်ခင်းစိမ်းပေါ်က ကစားသမားတွေအချင်းချင်း နားလည်မှုကို တည်ဆောက်ဖို့အတွက် အချိန်ယူခဲ့ရပေမယ့် လက်ရှိမှာ မိမိတို့အသင်း လိုချင်တဲ့ပန်းတိုင်ကို လက်တကမ်းအလို ရောက်နေပြီဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ်က ကြုံးဝါးခဲ့ပြီး လုပ်ဆောင်မှုအဆင့်ဆင့်ကို စိတ်ရှည်ရှည်ထားပြီး လုပ်ဆောင်နေကြောင်း ပရိသတ်ထံ အသိပေးခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

သီယာဂို ေဆးလ္ဗားလို ကစားသမားမ်ိဳးကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္လႊတ္ခဲ့ရတာ မွားယြင္းခဲ့ေၾကာင္း ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစားဒါရိုက္တာ လီယိုနာဒိုက ဝန္ခံသြားခဲ့ၿပီး အသင္းရဲ႕ ဘ႑ာေရးျပႆနာပိုင္းေၾကာင့္ ဆုံးျဖတ္ခဲ့ရျခင္းျဖစ္တယ္လို႔ ေျပာသြားခဲ့။

တည္ကန္ေဘာ Set-piece ေတြကို ၿပီးခဲ့တဲ့ရာသီတည္းက အထူးေလ့က်င့္ျပင္ဆင္ခဲ့တာျဖစ္ၿပီး လက္ရွိ ပရီးမီးယားလိဂ္မွာ Set-piece ကေနတဆင့္ ဂိုးအမ်ားဆုံး သြင္းယူထားတဲ့အသင္းျဖစ္လာတဲ့အထိ စံခ်ိန္ေကာင္းရရွိထားလို႔ လုပ္ေဆာင္မႈ အသီးအပြင့္ေတြအတြက္ ေက်နပ္မိေၾကာင္း ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္ေျပာဆို။

ပရီးမီးယားလိဂ္မွာ အျမင့္ေဘာေတြကို ေျဖရွင္းကိုင္တြယ္ရတဲ့အျပင္ အရွိန္အဟုန္ျပင္းျပင္း ကစားနိုင္ဖို႔ ႐ုပ္ပိုင္းခြန္အားနဲ႕ ႀကံ့ခိုင္မႈအျပည့္ ျဖစ္ေနဖို႔ လိုအပ္ခ်က္ျမင့္မားတာေၾကာင့္ ပြဲကစားၿပီးတိုင္း ေခါင္းအၿမဲကိုက္ရေၾကာင္း ခ်ယ္လ္ဆီး ဗဟိုေနာက္ခံလူ သီယာဂို ေဆးလ္ဗား ဝန္ခံသြားခဲ့။

ခ်ယ္လ္ဆီးအသင္းမွာ ကမၻာ့အဆင့္ ကစားသမားေတြနဲ႕ တိုက္စစ္မႉးေတြ ေရာက္ရွိလာတဲ့ေနာက္ ပြဲထြက္ခြင့္တေနရာအတြက္ တိုက္ပြဲဝင္ဖို႔ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြ ရွိလာခဲ့ေပမယ့္ မိမိရဲ႕ အေျခအေနအတြက္ အေနသာႀကီးျဖစ္ေၾကာင္း ခ်ယ္လ္ဆီး ကြင္းလယ္လူ ေမဆန္ ေမာင့္ကထုတ္ေဖာ္ေျပာဆိုၿပီး ‘ဆရာ့အိမ္ေမြးေလး’ ဆိုတဲ့ ေဝဖန္မႈေတြကို တုံ႕ျပန္သြားခဲ့။

ေမာ္ရင္ညိုကိုင္တြယ္ေနတဲ့ စပါးအသင္းကသာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ရင္ ခ်ယ္လ္ဆီး၊ မန္ခ်က္စတာယူနိုက္တက္နဲ႕ အာဆင္နယ္အသင္းတို႔အတြက္ အေကာင္းဆုံး သတိေပးခ်က္တခု ျဖစ္လာမယ္လို႔ ဂယ္ရီ နဗီးလ္က သုံးသပ္ခဲ့ၿပီး ခ်န္ပီယံ စိန္ေခၚမႈ ပိုအားေကာင္းကာ လွပတဲ့ဇာတ္လမ္းတပုဒ္ျဖစ္လာနိုင္ေၾကာင္း ​ေျပာသြား။

ပူလစ္ဆစ္ရွ္ နဲ႕ ခိုင္ဟာဗတ္ဇ္ အတြဲနဲ႕ယွဥ္ရင္ ကိုဗာခ်စ္ နဲ႕ တန္မီ ေအဘရာဟမ္တို႔ အတြဲက ခ်ယ္လ္ဆီးအသင္းရဲ႕ ဟန္ခ်က္အညီဆုံးလူစာရင္း ျဖစ္လာေစလိမ့္မယ္လို႔ ခ်ယ္လ္ဆီး ခံစစ္မႉးေဟာင္း ဖရန့္ခ္ လူးဘတ္ဖ္က သုံးသပ္ေျပာၾကားခဲ့ၿပီး ေအဘရာဟမ္ေၾကာင့္ ဘယ္အစြန္မွာ ထြက္ကစားရတဲ့ တီမို ဗာနာ ဂိုးပိုသြင္းလာနိုင္ေၾကာင္း ေထာက္ျပခဲ့။

ျမက္ခင္းစိမ္းေပၚက ကစားသမားေတြအခ်င္းခ်င္း နားလည္မႈကို တည္ေဆာက္ဖို႔အတြက္ အခ်ိန္ယူခဲ့ရေပမယ့္ လက္ရွိမွာ မိမိတို႔အသင္း လိုခ်င္တဲ့ပန္းတိုင္ကို လက္တကမ္းအလို ေရာက္ေနၿပီျဖစ္ေၾကာင္း ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္က ႀကဳံးဝါးခဲ့ၿပီး လုပ္ေဆာင္မႈအဆင့္ဆင့္ကို စိတ္ရွည္ရွည္ထားၿပီး လုပ္ေဆာင္ေနေၾကာင္း ပရိသတ္ထံ အသိေပးခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.