Premier League

၁၁.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ကိုရိုနာရောဂါပိုးကူးစက်မှုကြောင့် ခက်ခဲတဲ့အခြေအနေတွေထဲက အသင်းကို ပရီးမီးယားလိဂ်ဖလားရဖို့ ဦးဆောင်ပေးနိုင်ခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ဟာ Northwest Football Awards က ချီးမြှင့်တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့။

မာဆေးဆိုက်ဒါဘီပွဲစဥ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် လီဗာပူးလ်အသင်းရဲ့ ပွဲစဥ်တွေကို ဆက်တိုက်လွဲချော်ခဲ့တဲ့ သီယာဂို အယ်လ်ကန်တာရာနဲ့အတူ ဖာဘင်ညိုတို့ဟာ နိုင်ငံတကာပွဲတွေအပြီး လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ပါဝင်လာနိုင်ဖွယ်ရှိနေပြီး နည်းပြကလော့ပ်အတွက် သတင်းကောင်းဖြစ်လာ။

ဗြိတိန်အစိုးရရဲ့ နိုင်ငံသားမဟုတ်သူတွေကို ပြည်ဝင်ခွင့်မပြုဘဲ ခရီးသွားလာမှု ပိတ်ပင်ထားတဲ့ ကိုရိုနာရောဂါ စည်းမျဥ်းသစ်ကြောင့် ဒိန်းမတ်ကိုသွားရောက်ပြီး မစ်ဂျီလန်းအသင်းနဲ့ ကစားရမယ့် လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဥ် ဖျက်သိမ်းရဖွယ်ရှိနေတယ်လို့ Goal သတင်းကဖော်ပြ။

လီဗာပူးလ်အသင်းဟာ ရှော်လ်ကေးအသင်းရဲ့ ဗဟိုခံစစ်မှူး အိုဇန် ကာဘက်ကို ပေါင်သန်း ၂၀ နဲ့ ဇန်နဝါရီမှာ အရခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ဘဏ္ဍာရေးပိုင်း အားနည်းနေတဲ့ ရှော်လ်ကေးအသင်းက အမြန်ဆုံးထုတ်ရောင်းသွားဖို့ စီစဥ်နေကြောင်းသိရ။

ပွဲထွက်လူစာရင်းမှာ ဒဏ်ရာရကစားသမားများပြားနေတဲ့ လီဗာပူးလ်အသင်းရဲ့ ပွဲထွက်တနေရာအတွက် နည်းပြ ကလော့ပ်ရဲ့ အမေ့လျော့ခံ ကစားသမား နာဘီ ကီတာကို ပြန်လည်မြင်တွေ့ရဖွယ် ရှိနေပြီး အရန်ခုံပေါ်မှာ အများဆုံးထိုင်နေခဲ့ရတဲ့ ကွင်းလယ်ကစားသမားဟာ နည်းပြရဲ့ ဝှက်ဖဲတချပ် ဖြစ်လာဖွယ်ရှိနေ။

လူစားလဲခွင့် ၅ ဦး သတ်မှတ်ဖို့ ကလော့ပ် နဲ့ ဂွာဒီယိုလာတို့က ပူး​ပေါင်းဖိအားပေးခဲ့ကြပေမယ့် ပရီးမီးယားလိဂ်ရဲ့ အမှုဆောင်ချုပ် ရစ်ချတ်မာစတာစ်က လက်ရှိအတိုင်း ၃ ဦး လူစားလဲခွင့်ကိုသာ ဆက်လက်ကျင့်သုံးသွားမယ်လို့ ပြောကြားသွားခဲ့ပြီး ဆန္ဒမဲကောက်ခံမှုမှာ မပြောင်းလဲဖို့ ထောက်ခံခဲ့တဲ့ မဲကသာ ပိုများနေကြောင်း သိရ။

လီဗာပူးလ်အသင်းမှာ မိမိရဲ့သမိုင်းဟာ အမေ့လျော့ခံခဲ့ရ​ကြောင်း ကစားသမားဟောင်း အကွီလာနီ ထုတ်ပြောခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ လီဗာပူးလ်အသင်းကို ယူရိုပါလိဂ်ဖိုင်နယ်တက်ရောက်စေခဲ့တဲ့ မိမိရဲ့သွင်းဂိုးကို မေ့လျော့ပစ်ခဲ့ကြကြောင်း စွပ်စွဲပြောဆိုခဲ့။

ပေါ့ဂ်ဘာကို ရောင်းချပစ်ဖို့ ယူနိုက်တက်အသင်းကို ကာရေဂါက အသိပေးသွားခဲ့ပြီး အသင်းရဲ့ကွင်းလယ်မှာ ပေါ့ဂ်ဘာ နဲ့ ဖာနန်ဒက်စ် အတွဲက ဘယ်တော့မှ အလုပ်မဖြစ်နိုင်ကြောင်း သတိပေးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကိုရိုနာေရာဂါပိုးကူးစက္မႈေၾကာင့္ ခက္ခဲတဲ့အေျခအေနေတြထဲက အသင္းကို ပရီးမီးယားလိဂ္ဖလားရဖို႔ ဦးေဆာင္ေပးနိုင္ခဲ့တဲ့ လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ဟာ Northwest Football Awards က ခ်ီးျမႇင့္တဲ့ ၂၀၁၉-၂၀ ေဘာလုံးရာသီရဲ႕ အေကာင္းဆုံးနည္းျပဆုကို ဆြတ္ခူးခဲ့။

မာေဆးဆိုက္ဒါဘီပြဲစဥ္မွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ လီဗာပူးလ္အသင္းရဲ႕ ပြဲစဥ္ေတြကို ဆက္တိုက္လြဲေခ်ာ္ခဲ့တဲ့ သီယာဂို အယ္လ္ကန္တာရာနဲ႕အတူ ဖာဘင္ညိုတို႔ဟာ နိုင္ငံတကာပြဲေတြအၿပီး လက္စတာအသင္းနဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပါဝင္လာနိုင္ဖြယ္ရွိေနၿပီး နည္းျပကေလာ့ပ္အတြက္ သတင္းေကာင္းျဖစ္လာ။

ၿဗိတိန္အစိုးရရဲ႕ နိုင္ငံသားမဟုတ္သူေတြကို ျပည္ဝင္ခြင့္မျပဳဘဲ ခရီးသြားလာမႈ ပိတ္ပင္ထားတဲ့ ကိုရိုနာေရာဂါ စည္းမ်ဥ္းသစ္ေၾကာင့္ ဒိန္းမတ္ကိုသြားေရာက္ၿပီး မစ္ဂ်ီလန္းအသင္းနဲ႕ ကစားရမယ့္ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ ဖ်က္သိမ္းရဖြယ္ရွိေနတယ္လို႔ Goal သတင္းကေဖာ္ျပ။

လီဗာပူးလ္အသင္းဟာ ေရွာ္လ္ေကးအသင္းရဲ႕ ဗဟိုခံစစ္မႉး အိုဇန္ ကာဘက္ကို ေပါင္သန္း ၂၀ နဲ႕ ဇန္နဝါရီမွာ အရေခၚယူနိုင္ဖို႔ နီးစပ္ေနၿပီး ဘ႑ာေရးပိုင္း အားနည္းေနတဲ့ ေရွာ္လ္ေကးအသင္းက အျမန္ဆုံးထုတ္ေရာင္းသြားဖို႔ စီစဥ္ေနေၾကာင္းသိရ။

ပြဲထြက္လူစာရင္းမွာ ဒဏ္ရာရကစားသမားမ်ားျပားေနတဲ့ လီဗာပူးလ္အသင္းရဲ႕ ပြဲထြက္တေနရာအတြက္ နည္းျပ ကေလာ့ပ္ရဲ႕ အေမ့ေလ်ာ့ခံ ကစားသမား နာဘီ ကီတာကို ျပန္လည္ျမင္ေတြ႕ရဖြယ္ ရွိေနၿပီး အရန္ခုံေပၚမွာ အမ်ားဆုံးထိုင္ေနခဲ့ရတဲ့ ကြင္းလယ္ကစားသမားဟာ နည္းျပရဲ႕ ဝွက္ဖဲတခ်ပ္ ျဖစ္လာဖြယ္ရွိေန။

လူစားလဲခြင့္ ၅ ဦး သတ္မွတ္ဖို႔ ကေလာ့ပ္ နဲ႕ ဂြာဒီယိုလာတို႔က ပူး​ေပါင္းဖိအားေပးခဲ့ၾကေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ အမႈေဆာင္ခ်ဳပ္ ရစ္ခ်တ္မာစတာစ္က လက္ရွိအတိုင္း ၃ ဦး လူစားလဲခြင့္ကိုသာ ဆက္လက္က်င့္သုံးသြားမယ္လို႔ ေျပာၾကားသြားခဲ့ၿပီး ဆႏၵမဲေကာက္ခံမႈမွာ မေျပာင္းလဲဖို႔ ေထာက္ခံခဲ့တဲ့ မဲကသာ ပိုမ်ားေနေၾကာင္း သိရ။

လီဗာပူးလ္အသင္းမွာ မိမိရဲ႕သမိုင္းဟာ အေမ့ေလ်ာ့ခံခဲ့ရ​ေၾကာင္း ကစားသမားေဟာင္း အကြီလာနီ ထုတ္ေျပာခဲ့ၿပီး ၂၀၁၀ ခုႏွစ္မွာ လီဗာပူးလ္အသင္းကို ယူရိုပါလိဂ္ဖိုင္နယ္တက္ေရာက္ေစခဲ့တဲ့ မိမိရဲ႕သြင္းဂိုးကို ေမ့ေလ်ာ့ပစ္ခဲ့ၾကေၾကာင္း စြပ္စြဲေျပာဆိုခဲ့။

ေပါ့ဂ္ဘာကို ေရာင္းခ်ပစ္ဖို႔ ယူနိုက္တက္အသင္းကို ကာေရဂါက အသိေပးသြားခဲ့ၿပီး အသင္းရဲ႕ကြင္းလယ္မွာ ေပါ့ဂ္ဘာ နဲ႕ ဖာနန္ဒက္စ္ အတြဲက ဘယ္ေတာ့မွ အလုပ္မျဖစ္နိုင္ေၾကာင္း သတိေပးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.