Premier League Transfer News

၁၁.၁၁.၂၀၂၀ – နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အသင်းရဲ့ ဖန်တီးမှုနည်းပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိတဲ့ ကွင်းလယ်ကို ပြင်ဆင်ဖို့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေ ဖော်ပြ။

– ဘယ်လာရင်ဟာ ခံစစ်ကစားသမားကောင်းတစ်ဦးမဟုတ်ဘဲ သူ့ကို စိတ်ချယုံကြည်ထားလို့ မရကြောင်းနဲ့ အာဆင်နယ်ခံစစ်ဟာ မလုံလောက်သေးကြောင်းကို ဂရီးလစ်ရှ်က သက်သေ ပြခဲ့တာကို ကျေးဇူးတင်ရမှာဖြစ်ကြောင်း အက်စ်တန်ဗီလာနဲ့ပွဲက အဖြစ်အပျက်အပေါ်မှာ ကီဗင် ကမ်းဘဲလ်သုံးသပ်။

– ဗီလာနဲ့ပွဲက အဖြစ်အပျက်တွေကို ကျော်လွှားဖို့နဲ့ လက်ရှိဗဟိုနောက်ခံလူ အတွဲအဖက်အဖြစ်တဲ့ ရော့ဘ် ဟိုးလ်ဒင်းနဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအတွဲဖြစ်လာစေဖို့ ပိုမိုတိုးတက်အောင် လုပ်ဆောင်ရလိမ့်မယ်လို့ တိုနီ အက်ဒမ်စ် အားပေးသွား။

– အာဆင်နယ် ယူ-၂၁ နဲ့ပွဲမှာ ကစားတဲ့ ဝီလီယမ် ဆာလီဘာကို ပရိသတ်အချို့ စောင့်ကြည့်ခဲ့ကြပြီး ဖန်တီးပေးပို့မှုအတွက် ချီးကျူးခဲ့ကြသလို ဗာဂျီးလ် ဗန်ဒိုက်က ဒဏ်ရာရတယ်ဆိုပြီး ဒီကို ဘယ်လိုရောက်နေတာလဲလို့ဆိုခဲ့ကြ။

– အငြင်းပွားစရာတွေနဲ့ စိတ်မကောင်းစရာတွေ ဖြစ်ခဲ့အပြီး လာဘ်ကောင် ဂန်းနားဆောရပ်စ်ကို ပထမဆုံးအကြိမ် လူရှေ့မှာ ပြန်လည် မြင်တွေ့ခဲ့ရခြင်းအပေါ် ကွင်းလယ်လူ မီဆွတ် အိုဇေးလ်က သက်ဆိုင်တဲ့နေရာမှာ ဆက်လက်ရှိနေပေးလို့ ဝမ်းသာကြောင်းပြောကြား။

– ပေါင်ကြွက်သားဒဏ်ရာကြောင့် အာဆင်နယ်အသင်းက ဗီလာနဲ့ပွဲမှာ ဆက်မကစားစေတဲ့အပြင် လန်ဒန်မှာ ဆက်နေပြီး ကုသစေလိုနေတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို ဂါနာလက်ရွေးစင်အသင်းဘက်က အလိုရှိနေပြီး ကလပ်အသင်းနဲ့ ဆွေးနွေးနေ။

– ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုမှာ ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ၁၅ ဂိုးသွင်းယူထားခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဘရင်းနား ဆူဇာ ဒါဆေးလ်ဗားကို ခေါ်ယူဖို့ အာဆင်နယ်အသင်း စိတ်ဝင်စားနေပြီး လာကာဇက်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ အသင္းရဲ႕ ဖန္တီးမွဳနည္းၿပီး ဂိုးသြင္းယူႏုိင္ျခင္းမရွိတဲ့ ကြင္းလယ္ကို ျပင္ဆင္ဖို႔ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ေဒါမနစ္ ဆုိေဘာ့ဆ္လိုင္းကို ေခၚယူဖို႔အတြက္ ေဆြးေႏြးမွဳေတြ စတင္ေနၿပီလို႔ သတင္းေတြ ေဖာ္ျပ။

– ဘယ္လာရင္ဟာ ခံစစ္ကစားသမားေကာင္းတစ္ဦးမဟုတ္ဘဲ သူ႕ကို စိတ္ခ်ယုံၾကည္ထားလုိ႔ မရေၾကာင္းနဲ႔ အာဆင္နယ္ခံစစ္ဟာ မလုံေလာက္ေသးေၾကာင္းကို ဂရီးလစ္ရွ္က သက္ေသ ျပခဲ့တာကို ေက်းဇူးတင္ရမွာျဖစ္ေၾကာင္း အက္စ္တန္ဗီလာနဲ႔ပြဲက အျဖစ္အပ်က္အေပၚမွာ ကီဗင္ ကမ္းဘဲလ္သုံးသပ္။

– ဗီလာနဲ႔ပြဲက အျဖစ္အပ်က္ေတြကို ေက်ာ္လႊားဖို႔နဲ႔ လက္ရွိဗဟိုေနာက္ခံလူ အတြဲအဖက္အျဖစ္တဲ့ ေရာ့ဘ္ ဟိုးလ္ဒင္းနဲ႔ ဂါဘရီယယ္လ္ မာဂါလုိင္စ္တုိ႔ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးအတြဲျဖစ္လာေစဖို႔ ပုိမိုတုိးတက္ေအာင္ လုပ္ေဆာင္ရလိမ့္မယ္လို႔ တိုနီ အက္ဒမ္စ္ အားေပးသြား။

– အာဆင္နယ္ ယူ-၂၁ နဲ႔ပြဲမွာ ကစားတဲ့ ဝီလီယမ္ ဆာလီဘာကို ပရိသတ္အခ်ဳိ႕ ေစာင့္ၾကည့္ခဲ့ၾကၿပီး ဖန္တီးေပးပို႔မွဳအတြက္ ခ်ီးက်ဴးခဲ့ၾကသလို ဗာဂ်ီးလ္ ဗန္ဒိုက္က ဒဏ္ရာရတယ္ဆုိၿပီး ဒီကို ဘယ္လိုေရာက္ေနတာလဲလို႔ဆုိခဲ့ၾက။

– အျငင္းပြားစရာေတြနဲ႔ စိတ္မေကာင္းစရာေတြ ျဖစ္ခဲ့အၿပီး လာဘ္ေကာင္ ဂန္းနားေဆာရပ္စ္ကို ပထမဆုံးအႀကိမ္ လူေရွ႕မွာ ျပန္လည္ ျမင္ေတြ႕ခဲ့ရျခင္းအေပၚ ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္က သက္ဆုိင္တဲ့ေနရာမွာ ဆက္လက္ရွိေနေပးလို႔ ဝမ္းသာေၾကာင္းေျပာၾကား။

– ေပါင္ၾကြက္သားဒဏ္ရာေၾကာင့္ အာဆင္နယ္အသင္းက ဗီလာနဲ႔ပြဲမွာ ဆက္မကစားေစတဲ့အျပင္ လန္ဒန္မွာ ဆက္ေနၿပီး ကုသေစလိုေနတဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို ဂါနာလက္ေရြးစင္အသင္းဘက္က အလိုရွိေနၿပီး ကလပ္အသင္းနဲ႔ ေဆြးေႏြးေန။

– ဘရာဇီးလ္ကလပ္ ေဆာ္ေပၚလိုမွာ ေျခစြမ္းျပေနၿပီး ၿပဳိင္ပြဲစုံ ၂၅ ပြဲမွာ ၁၅ ဂိုးသြင္းယူထားခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ဘရင္းနား ဆူဇာ ဒါေဆးလ္ဗားကို ေခၚယူဖို႔ အာဆင္နယ္အသင္း စိတ္ဝင္စားေနၿပီး လာကာဇက္ရဲ႕ ေနရာမွာ အစားထိုးႏုိင္ဖို႔အတြက္ ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.