Premier League

၂၄.၂.၂၀၂၀ အတြက္ တစ္ေန႔တာ ေတာ့တင္ဟမ္ေဟာ့စပါးစ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– သက္ေသအေထာက္အထား ရွာေဖြေတြ႕ရွိခဲ့ျခင္းမရွိေပမယ့္ ခ်ဲလ္ဆီးေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါက သူ႕အေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္ ပရိသတ္ေတြဆီက လူမ်ဳိးေရးခြဲျခားတာကို ခံခဲ့ရၿပီး ဆုံးျဖတ္ခ်က္မွာ သူတုိ႔ေတြက အႏိုင္ရသြားတာျဖစ္တယ္လို႔ ေျပာလုိက္ပါတယ္။

– ဟိုေဆး ေမာ္ရင္ဟိုရဲ႕ စိတ္ဓာတ္၊ ခံယူခ်က္နဲ႔ အသင္းကို ကိုင္တြယ္ပုံေတြဟာ စပါးစ္အသင္းအတြက္ အဆိပ္သင့္ေစမွာျဖစ္တယ္လို႔ ဒီရက္ပိုင္းအတြင္း အဂၤလန္ကစားသမားႏွစ္ဦးျဖစ္တဲ့ အဲရစ္ ဒိုင္ယာနဲ႔ ဒယ္လီ အယ္လီတုိ႔ကို ဆက္ဆံပုံေတြနဲ႔ ပတ္သက္လို႔ ေဒးလီးေမးလ္ ေရးသား။

– ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ကို ဂ်ာမနီႏုိင္ငံမွာ အေဝးကြင္း သြားေရာက္ကစားရမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ အိမ္ရွင္ RB လုိက္ပ္ဇစ္အသင္းရဲ႕ ကြင္းလယ္လူ ခရစၥတိုဖာ အန္ကြန္ကူးရဲ႕ ဖန္တီးမွဳေတြကို သတိထားရင္ဆုိင္ရမယ္လို႔ ကၽြမ္းက်င္သူေတြ သတိေပး။

– လူငယ္တုိက္စစ္မွဴး ထ႐ြဳိင္ ပဲေရာ့တစ္ဦးတည္း အေကာင္းက်န္ေနၿပီး စီနီယာတိုက္စစ္မွဴးကင္းမဲ့ေနတဲ့ စပါးစ္အသင္းရဲ႕ ေရွ႕တန္းမွာ ေတာင္ပံကစားသမား အဲရစ္ လာမယ္လာကို အသုံးျပဳရင္ သြင္းဂိုးေတြအတြက္ အာမခံရွိလာႏုိင္ေၾကာင္း နည္းျပ ေမာ္ရင္ဟိုကို ပရိသတ္ေတြ အႀကံေပး။

– ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ ဒဏ္ရာေၾကာင့္ အနားယူေနရခ်ိိန္မွာ ကြင္းလယ္လူ ဒယ္လီ အယ္လီဟာ အေရးပါေၾကာင္းနဲ႔ အသင္းကို ေရာက္စတုန္းကလိုပဲ ေမာ္ရင္ဟိုအေနနဲ႔ မင္းက အယ္လီလား သူ႕ညီလားဆိုတဲ့ စကားမ်ဳိး ထပ္ေျပာၿပီး ျပန္လည္ေျခစြမ္းျပႏုိင္ေအာင္လုပ္ေဆာင္သင့္ေၾကာင္း Football London ေရးသား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– သက်သေအထောက်အထား ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပေမယ့် ချဲလ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါက သူ့အနေနဲ့ တော့တင်ဟမ်ဟော့စပါးစ် ပရိသတ်တွေဆီက လူမျိုးရေးခွဲခြားတာကို ခံခဲ့ရပြီး ဆုံးဖြတ်ချက်မှာ သူတို့တွေက အနိုင်ရသွားတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

– ဟိုဆေး မော်ရင်ဟိုရဲ့ စိတ်ဓာတ်၊ ခံယူချက်နဲ့ အသင်းကို ကိုင်တွယ်ပုံတွေဟာ စပါးစ်အသင်းအတွက် အဆိပ်သင့်စေမှာဖြစ်တယ်လို့ ဒီရက်ပိုင်းအတွင်း အင်္ဂလန်ကစားသမားနှစ်ဦးဖြစ်တဲ့ အဲရစ် ဒိုင်ယာနဲ့ ဒယ်လီ အယ်လီတို့ကို ဆက်ဆံပုံတွေနဲ့ ပတ်သက်လို့ ဒေးလီးမေးလ် ရေးသား။

– ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ဂျာမနီနိုင်ငံမှာ အဝေးကွင်း သွားရောက်ကစားရမယ့် တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ အိမ်ရှင် RB လိုက်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်လူ ခရစ္စတိုဖာ အန်ကွန်ကူးရဲ့ ဖန်တီးမှုတွေကို သတိထားရင်ဆိုင်ရမယ်လို့ ကျွမ်းကျင်သူတွေ သတိပေး။

– လူငယ်တိုက်စစ်မှူး ထရွိုင် ပဲရော့တစ်ဦးတည်း အကောင်းကျန်နေပြီး စီနီယာတိုက်စစ်မှူးကင်းမဲ့နေတဲ့ စပါးစ်အသင်းရဲ့ ရှေ့တန်းမှာ တောင်ပံကစားသမား အဲရစ် လာမယ်လာကို အသုံးပြုရင် သွင်းဂိုးတွေအတွက် အာမခံရှိလာနိုင်ကြောင်း နည်းပြ မော်ရင်ဟိုကို ပရိသတ်တွေ အကြံပေး။

– ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ကွင်းလယ်လူ ဒယ်လီ အယ်လီဟာ အရေးပါကြောင်းနဲ့ အသင်းကို ရောက်စတုန်းကလိုပဲ မော်ရင်ဟိုအနေနဲ့ မင်းက အယ်လီလား သူ့ညီလားဆိုတဲ့ စကားမျိုး ထပ်ပြောပြီး ပြန်လည်ခြေစွမ်းပြနိုင်အောင်လုပ်ဆောင်သင့်ကြောင်း Football London ရေးသား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.