Premier League

၁၀.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

မန်စီးတီးနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး လူစားလဲမှု ပြုလုပ်ခဲ့ရတဲ့ လီဗာပူးလ်ရဲ့ အဓိကကစားသမား အလက်ဇန်းဒါး အာနိုးလ်ဟာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း The Times သတင်းက ဖော်ပြခဲ့ကာ ၄ ပတ်အထိ အနားယူရမယ်လို့ သိရပြီး ဒီဇင်ဘာအစောပိုင်း ပွဲစဥ်တွေအထိ လွဲချော်သွားဖို့ရှိနေ။

မန်စီးတီးနဲ့ပွဲမှာ တွဲဖက်ပွဲထွက်ကစားခဲ့တဲ့ ဗဟိုခံစစ်မှူး ဂိုးမက်ဇ် နဲ့ မာတစ်ပ်တို့အတွဲဟာ လီဗာပူးလ်ကစားသမားဘဝမှာ ပထမဆုံးအကြိမ်တွဲဖက်ပြီး တရားဝင်ပွဲထွက်ခဲ့တာဖြစ်သလို နည်းပြ ကလော့ပ်လက်ထက် ၃၇ တွဲမြောက် ခံစစ်အတွဲဖြစ်လာခဲ့။

ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်တဲ့ ကွင်းလယ်လူ စပိန်သား သီယာဂို အယ်လ်ကန်တာရာကို နိုင်ငံပွဲတွေ ကစားဖို့အတွက် စေလွှတ်လိုခြင်း မရှိတာကြောင့် လီဗာပူးလ် နည်းပြ ကလော့ပ်က ဒဏ်ရာအကြောင်းပြပြီး အရန်လူစာရင်းမှာတောင် မထည့်ခဲ့ကြောင်း သတင်းထွက်ပေါ်နေ။

ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းမှာ အငှားသွားရောက်ကစားနေတဲ့ လီဗာပူးလ်ကစားသမား ဟာဗေး အဲလီးယော့ဟာ ထက်မြက်တဲ့ခြေစွမ်းတွေနဲ့အတူ တောက်ပနေတယ်လို့ သတင်းမွှေး​နေပြီး ကြယ်ပွင့်ကစားသမားတဦးဖြစ်လာမယ်လို့ သတ်မှတ်ခံထားရ။

လူစားလဲမှု ၅ ကြိမ် ပြုလုပ်ခွင့်ပေးဖို့ ဖိအားပေးပြောဆိုထားတဲ့ ယာဂင် ကလော့ပ် နဲ့ ဂွာဒီယိုလာတို့ရဲ့ တောင်းဆိုမှုတွေအတိုင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လိုက်လျောပေးဖို့ မသင့်ဘူးလို့ ဂယ်ရီနဗီးလ် ကန့်ကွက်သွားခဲ့ပြီး အသင်းငယ်တွေက အသင်းကြီးတွေကို အနိုင်ယူနေတာကို ကျေနပ်နေကြောင်း သိရ။

ဗန်ဒိုက် နဲ့ ထရန့် အလက်ဇန်းဒါး အားနိုးလ်တို့နှစ်ဦးစလုံးကို လက်လွှတ်ထားရချိန်မှာ လီဗာပူးလ်အသင်းရဲ့ ကစားဟန်က ခန့်မှန်းရလွယ်ကူသွားတော့မှာ ဖြစ်တယ်လို့ မာတင် ကီယွန်က သုံးသပ်ခဲ့ပြီး Pressing ကို မြန်မြန်ဆန်ဆန် ကစားတဲ့ အသင်းနဲ့တွေ့ရင် ဒုက္ခများသွားနိုင်ကြောင်း ပြောကြားခဲ့။

ပွဲကျပ်လွန်းတာကြောင့် ကစားသမားတွေဟာ စိတ်ပိုင်းရော ရုပ်ပိုင်းရော ချူံးချူံးကျနေပြီလို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ပြောဆိုမှုကို ကလော့ပ်က ထောက်ခံသွားခဲ့ပြီး လတိုင်းကို ဒီဇင်ဘာ ပွဲကျပ်ကာလတခုလို ဖြတ်သန်းနေရကြောင်း ညည်းတွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္စီးတီးနဲ႕ပြဲမွာ ဒဏ္ရာရရွိခဲ့ၿပီး လူစားလဲမႈ ျပဳလုပ္ခဲ့ရတဲ့ လီဗာပူးလ္ရဲ႕ အဓိကကစားသမား အလက္ဇန္းဒါး အာနိုးလ္ဟာ ေျခသလုံးႂကြက္သားဒဏ္ရာ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း The Times သတင္းက ေဖာ္ျပခဲ့ကာ ၄ ပတ္အထိ အနားယူရမယ္လို႔ သိရၿပီး ဒီဇင္ဘာအေစာပိုင္း ပြဲစဥ္ေတြအထိ လြဲေခ်ာ္သြားဖို႔ရွိေန။

မန္စီးတီးနဲ႕ပြဲမွာ တြဲဖက္ပြဲထြက္ကစားခဲ့တဲ့ ဗဟိုခံစစ္မႉး ဂိုးမက္ဇ္ နဲ႕ မာတစ္ပ္တို႔အတြဲဟာ လီဗာပူးလ္ကစားသမားဘဝမွာ ပထမဆုံးအႀကိမ္တြဲဖက္ၿပီး တရားဝင္ပြဲထြက္ခဲ့တာျဖစ္သလို နည္းျပ ကေလာ့ပ္လက္ထက္ ၃၇ တြဲေျမာက္ ခံစစ္အတြဲျဖစ္လာခဲ့။

ႀကံ့ခိုင္မႈ ျပည့္ဝေနၿပီျဖစ္တဲ့ ကြင္းလယ္လူ စပိန္သား သီယာဂို အယ္လ္ကန္တာရာကို နိုင္ငံပြဲေတြ ကစားဖို႔အတြက္ ေစလႊတ္လိုျခင္း မရွိတာေၾကာင့္ လီဗာပူးလ္ နည္းျပ ကေလာ့ပ္က ဒဏ္ရာအေၾကာင္းျပၿပီး အရန္လူစာရင္းမွာေတာင္ မထည့္ခဲ့ေၾကာင္း သတင္းထြက္ေပၚေန။

ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းအသင္းမွာ အငွားသြားေရာက္ကစားေနတဲ့ လီဗာပူးလ္ကစားသမား ဟာေဗး အဲလီးေယာ့ဟာ ထက္ျမက္တဲ့ေျခစြမ္းေတြနဲ႕အတူ ေတာက္ပေနတယ္လို႔ သတင္းေမႊး​ေနၿပီး ၾကယ္ပြင့္ကစားသမားတဦးျဖစ္လာမယ္လို႔ သတ္မွတ္ခံထားရ။

လူစားလဲမႈ ၅ ႀကိမ္ ျပဳလုပ္ခြင့္ေပးဖို႔ ဖိအားေပးေျပာဆိုထားတဲ့ ယာဂင္ ကေလာ့ပ္ နဲ႕ ဂြာဒီယိုလာတို႔ရဲ႕ ေတာင္းဆိုမႈေတြအတိုင္း အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႕ လိုက္ေလ်ာေပးဖို႔ မသင့္ဘူးလို႔ ဂယ္ရီနဗီးလ္ ကန့္ကြက္သြားခဲ့ၿပီး အသင္းငယ္ေတြက အသင္းႀကီးေတြကို အနိုင္ယူေနတာကို ေက်နပ္ေနေၾကာင္း သိရ။

ဗန္ဒိုက္ နဲ႕ ထရန့္ အလက္ဇန္းဒါး အားနိုးလ္တို႔ႏွစ္ဦးစလုံးကို လက္လႊတ္ထားရခ်ိန္မွာ လီဗာပူးလ္အသင္းရဲ႕ ကစားဟန္က ခန႔္မွန္းရလြယ္ကူသြားေတာ့မွာ ျဖစ္တယ္လို႔ မာတင္ ကီယြန္က သုံးသပ္ခဲ့ၿပီး Pressing ကို ျမန္ျမန္ဆန္ဆန္ ကစားတဲ့ အသင္းနဲ႕ေတြ႕ရင္ ဒုကၡမ်ားသြားနိုင္ေၾကာင္း ေျပာၾကားခဲ့။

ပြဲက်ပ္လြန္းတာေၾကာင့္ ကစားသမားေတြဟာ စိတ္ပိုင္းေရာ ႐ုပ္ပိုင္းေရာ ခ်ဴံးခ်ဴံးက်ေနၿပီလို႔ ယူနိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕ ေျပာဆိုမႈကို ကေလာ့ပ္က ေထာက္ခံသြားခဲ့ၿပီး လတိုင္းကို ဒီဇင္ဘာ ပြဲက်ပ္ကာလတခုလို ျဖတ္သန္းေနရေၾကာင္း ညည္းတြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.